ဆည်တော်သခင်မနတ်ပွဲသည် ပုသိမ်ကြီးမြို့နယ်ဆည်တော်လေးကျေးရွာတွင် နှစ်စဉ်နှစ်တိုင်း ဝါခေါင်လဆန်း (၄)ရက်မှ (၁၁)ရက်အထိ ကျင်းပသည်။ ထိုနတ်ပွဲသည် မန္တလေးခရိုင်အတွင်း အစောဆုံးကျင်းပသော နတ်ပွဲဖြစ်ပြီး ဆည်တော်လေးဆည် ဘေးတွင်ကျင်းပလေ့ရှိသည်။ ဆည်တော်လေးဆည်ရေ သောက်သုံးသူများ၏ မိရိုးဖလာရိုးရာပွဲဖြစ်ကာ နှစ်ပေါင်း တစ်ရာကျော်ပြီ ဖြစ်သည်။ ရောဂါဘယကင်းဝေးပါစေ၊ ပိုးမွှားတိရစ္ဆာန်ကင်းဝေးပါစေ၊ ဆန်ရေစပါး ပေါများပါစေ ဟုဆုတောင်းပြီး ဆည်ရေသောက်သူ မှန်သမျှ ကန်တော့ပွဲဆက်သည့် ဆည်တော်သခင်မနတ်ပွဲ ဖြစ်သည်။

ဆည်အောင်မြင်ပြီးနောက် မင်းရှင်စောသည် ဆည်တော်သခင်မအတွက် နတ်နန်းနေရာပေးကာ ရွှေဘုံသာမြတ်စွာဘုရားပွဲနှင့် အတူ တပြိုင်တည်း ကျင်းပသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မန္တလေးနေ့စဉ်၊ (၂၂.၆.၂၀၁၈) စာ-၅