ပုသိမ်ကြီးမြို့နယ်
ပုသိမ်ကြီးမြို့နယ်သည် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်တွင်းရှိ မြို့နယ်တစ်ခုဖြစ်သည်။
ပုသိမ်ကြီးမြို့နယ် | |
---|---|
အောင်မြေသာစံခရိုင်အတွင်း တည်နေရာ | |
မြန်မာနိုင်ငံတွင်းရှိ တည်နေရာ | |
ကိုဩဒိနိတ်: 21°58′0″N 96°11′0″E / 21.96667°N 96.18333°Eကိုဩဒိနိတ်: 21°58′0″N 96°11′0″E / 21.96667°N 96.18333°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | မန္တလေး |
ခရိုင် | အောင်မြေသာစံခရိုင်[၁] |
မြို့နယ်ရုံးစိုက်ရာမြို့ | ပုသိမ်ကြီးမြို့ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
ဧရိယာကုဒ် | ၂ (မိုလ်ဘိုင်း: ၆၉၊ ၉၀)[၂] |
သမိုင်းကြောင်း
ပြင်ဆင်ရန်ပုသိမ်ကြီးသည် ပုဂံခေတ် အနော်ရထာမင်းလက်ထက်မှ စ၍ အထင်အရှားရှိခဲ့သော ကျေးရွာကြီးများကို အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်းမှုဖြင့် ဖြစ်တည်လာသော မြို့တစ်မြို့ဖြစ်လာခဲ့သည်။ဤမြို့နယ်တွင် အောင်ပင်လယ်ကန်ကို အကြောင်းပြု၍ လယ်ပယ်၃သောင်း၊ နန္ဒါကန်ကို အကြောင်းပြု၍ လယ်ပယ်၂သောင်း စိုက်ပျိုးခဲ့သည်ဖြစ်ရာ ယင်းကန်မြေ၊လယ်မြေ အပိုင်းအခြားရယူသူများ အခြေစိုက်နေထိုင်သည့်အတွက် အေဒီ (၁၂၄၄) ခုနှစ် ပုဂံခေတ် အခေါ်အဝေါ် အရ ပိန်သူကြီး ဟူသော ဝေါဟာရမှ ဆင်းသက်လာသည်။ ထို့နောက် ပုသိမ်ကြီးဟူ၍ ဖြစ်လာခဲ့သည်။၁၂.၆.၁၉၅၉တွင် ပုသိမ်ကြီးမြို့နယ်အဖြစ် ပြည်ထဲရေးဝန်ကြီးဌာနမှ ဖွဲ့စည်းခဲ့သည်။
မင်းရှင်စောသည်မိမိနှင့် အတူလိုက်ပါလာသော စစ်သည်ဗိုလ်ပါ အခြွေအရံများအတွက် စားနပ်ရိက္ခာ ပြည့်စုံစွာရရှိစေရန်အတွက် မြေတိုင်းမင်းမှုထမ်း တစ်ဦးအား လယ်ယာ ဥယျာဉ် စိုက်ပျိုးရန် လယ်ယာမြေများကို အကွက်ချတိုင်းတာစေသည်။ မြေတိုင်းမင်းမှုထမ်းနှင့် အဖွဲ့သည် မြေကွက်လပ်တစ်နေရာ၌ ယာယီတဲဆောက်လုပ်နေထိုင်ကြပြီး လယ်မြေကွက်များကို စနစ်တကျတိုင်း၍ အကွက်ချကြသည်။ ထိုသို့ မြေကွက်များကို တိုင်းသည့် မင်းမှုထမ်းကို "ပိန်သုကြီး" ဟုခေါ်ပါသည်။ ရှေးခေတ်က ပိန်သုကြီးနေထိုင်သည့် နေရာဒေသကို ယခုခေတ်တွင် "ပုသိမ်ကြီး" ဟူ၍ ခေါ်ကြသည်။ [၃]
ပုသိမ်ကြီးမြို့သည် တစ်ချိန်က ထင်ရှားခဲ့သော အောင်ပင်လယ်ကန်ကြီး၏ နယ်နိမိတ်များအပြင် အဆိုပါ အောင်ပင်လယ်ကန်ကြီးကို ပတ်ဝိုင်းထားသော နယ်မြေများကို ပိုင်ဆိုင်သည့် မြို့နယ်နိမိတ်ရှိသည်။ အောင်ပင်လယ်ကန်ကြီးကို အကြောင်းပြု၍ လယ်ပယ် နှစ်သောင်း စိုက်ပျိုးနိုင်ခဲ့သည်။
ပုသိမ်ကြီးမြို့နယ်ကို ၁၉၅၉-ခုနှစ်တွင် မြို့နယ်အဆင့်သို့ တိုးမြှင့်ဖွဲ့စည်းလိုက်သည်။ မြို့နယ်အဖြစ်အဆင့်တိုးမြှင့်သော်လည်း ရွာကြီး သာသာအဆင့်သာ ရှိခဲ့သည်။ ယခုအခါတွင် ရပ်ကွက်(၁)ရပ်ကွက်၊ ကျေးရွာ အုပ်စုပေါင်း ၅၈ အုပ်စု၊ ကျေးရွာပေါင်း ၁၅၈ ရှိသည်။ အိမ်ထောင်စုပေါင်း ၃၆၆၆၉ စုရှိပြီး လူဦးရေ စုစုပေါင်း ၁၈၃၃၅၁ ဦး နေထိုင်သည်။ ပုသိမ်ကြီးမြို့နယ်အတွင် စိုက်ပျိုးမြေဧက စုစုပေါင်း (၂၈၄၈၇) ဧက ရှိသည်။၂၀၁၄တွင် လူဦးရေ ၂၆၃,၇၂၅ရှိသည်။[၁]
ပထဝီဝင်အနေအထား
ပြင်ဆင်ရန်မြောက်လတ္တီတွဒ် ၂၁ဒီဂရီ ၅၁မိနစ်နှင့် ၂၂ဒီဂရီ ၀၉မိနစ်အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၆ဒီဂရီ ၀၁မိနစ် နှင့် ၉၆ဒီဂရီ ၂၂မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ ၂၀မိုင်၊ တောင်မှမြောက်သို့ ၂၄မိုင်ရှိပြီး ၂၃၁.၅၅စတုရန်းမိုင် ကျယ်ဝန်းသည်။
နယ်နိမိတ်
ပြင်ဆင်ရန်ပုသိမ်ကြီးမြို့နယ်၏ အရှေ့ဘက်တွင် ပြင်ဦးလွင်မြို့နယ်၊တောင်ဘက်တွင် အမရပူရမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်၊အနောက်ဘက်တွင် အောင်မြေသာစံမြို့နယ်၊ချမ်းအေးသာစံမြို့နယ်၊မဟာအောင်မြေမြို့နယ်၊ချမ်းမြသာစည်မြို့နယ်၊ပြည်ကြီးတံခွန်မြို့နယ်၊ဧရာဝတီမြစ်ခြားကာ စစ်ကိုင်းမြို့နယ်၊ မြောက်ဘက်တွင် မတ္တရာမြို့နယ်တို့နှင့်ထိစပ်နေသည်။
မြေမျက်နှာသွင်ပြင်
ပြင်ဆင်ရန်ပုသိမ်ကြီးမြို့နယ်သည် တောင်ကုန်း၊တောင်တန်း ပေါများသည်။ ရှမ်းရိုးမ၏ အစဖြစ်ကာ မြောင်မှတောင်သို့ သွယ်တန်းနေသည်။ဧရာဝတီမြစ်မှာ မြောက်မှတောင်သို့စီးဆင်းနေပြီး ဒုဌဝတီမြစ်သည် ထူးဆန်းစွာဖြင့် အရှေ့မှ အနောက်သို့ စီးဆင်းနေသည်။ ပျမ်းမျှအမြင့်ပေ ၂၅၀ပေတွင် တည်ရှိသည်။ အမြင့်ဆုံးတောင်မှာ နွားလဘို့တောင်ဖြစ်ပြီး ပေပေါင်း ၃၁၈၈ပေမြင့်ကာ အနိမ့်ဆုံးမှာ ဧရာဝတီမြစ်အတွင်းရှိ ကျွန်းများဖြစ်သည်။
လူဦးရေ
ပြင်ဆင်ရန်ပုသိမ်ကြီးမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ရှမ်း၊ကရင်၊ကချင်၊ရခိုင်၊ချင်း၊မွန် လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်၊ခရစ်ယာန်၊ဟိန္ဒူနှင့် အခြားကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။ မြို့နယ်လူဦးရေ၏ ၀.၁၁၀%မှာ အခြားသော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် တရုတ်၊အိန္ဒိယ၊ပါကစ္စတန် စသည့်လူမျိုးများဖြစ်သည်။
စီးပွားရေး
ပြင်ဆင်ရန်ပုသိမ်ကြီးမြို့နယ်သည် စီးပွားရေးနှေးကွေးသော မြို့နယ်တစ်ခုဖြစ်သည်။ဒေသခံများသည် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြသည်။ မြို့နယ်၏ အဓိကထွက်ကုန်မှာ စပါးဖြစ်သည်။ စပါး၊မြေပဲ၊နှမ်း၊နေကြာ၊ပဲအမျိုးမျိုး၊ဝါ၊ကြံ၊ပြောင်းများ စိုက်ပျိုးကြသည်။ နှစ်ရှည်သီးနှံအဖြစ် သရက်ကိုလည်း စိုက်ပျိုးကြသည်။ နိုင်ငံပိုင် မျိုးစေ့သန့်စင်စက်ရုံ၊ ဝါမျိုးစေ့သန့်စင်စက်ရုံ၊ ရွှေသန့်စင်စက်ရုံများ တည်ရှိသည်။ ပုဂ္ဂလိကစက်ရုံ ၂၇ရုံ၊ အလုပ်ရုံ ၁၂ရုံ အိမ်တွင်းစက်မှုလုပ်ငန်း ၂၀၀ကျော်ရှိသည်။ဖယောင်းတောင်မှ ရွှေထွက်ရှိသည်။[၁]
ဈေးများ
ပြင်ဆင်ရန်- ပုသိမ်ကြီးမြို့မဈေး
- နန်းဦးလွင်ဈေး
- အုန်ချော ရန်ကင်းဈေး
ပို့ဆောင်ဆက်သွယ်ရေး
ပြင်ဆင်ရန်ပုသိမ်ကြီးမြို့နယ်မှာ များသောအားဖြင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည်။ မြို့နယ်အတွင်း အမျိုးသားအဝေးပြေးလမ်းမ (၃)ဖြတ်သန်းသွားသည်။
ပညာရေး
ပြင်ဆင်ရန်အဆင့်မြင့်ပညာ
ပြင်ဆင်ရန်ပုသိမ်ကြီးမြို့နယ်တွင် မန္တလေးမြို့၏ တက္ကသိုလ်များစွာ တည်ရှိသည်။
- မန္တလေးနည်းပညာတက္ကသိုလ်
- နည်းပညာတက္ကသိုလ် (မန္တလေး)
- မန္တလေးကွန်ပျူတာတက္ကသိုလ်
- အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)
- ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(မန္တလေး)
- ဆေးဝါးတက္ကသိုလ်(မန္တလေး)
- တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)
- ကမ္ဘာ့ငြိမ်းချမ်းရေးတက္ကသိုလ် (University of Global Peace)
- သမဝါယမကောလိပ်
- စိုက်ပျိုးရေးသိပ္ပံကျောင်း
အခြေခံပညာ
ပြင်ဆင်ရန်အထက
ပြင်ဆင်ရန်အထက်တန်းကျောင်း ၃ကျောင်းရှိသည်။
- အထက ပုသိမ်ကြီး
- အထက ကျောက်မီး
- အထက အုန်းချော
အထက(ခွဲ)/အလက
ပြင်ဆင်ရန်- အလက (ထ(ခွဲ)) ဆင်ရွာကြီး
- အလက (ထ(ခွဲ)) မင်းကန်[၄]
- အလက (ထ(ခွဲ)) ကျွဲနဖား
- အလက ညောင်ပင်သာ
- အလက ထုံးဘို
- အလက မြကန်သာ
- အလက လက်ကောင်း
- အလက ဒဟတ္တော
- အလက ရေကြည်
အမက
ပြင်ဆင်ရန်မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၁၀၃ကျောင်းရှိသည်။
ကျန်းမာရေး
ပြင်ဆင်ရန်ဆေးရုံများ
ပြင်ဆင်ရန်- အဆုတ်ဆေးရုံ (အထက်မြန်မာပြည်)
- ပုသိမ်ကြီးမြို့နယ်ဆေးရုံ
- ကျောက်မီးတိုက်နယ်ဆေးရုံ
- တက္ကသိုလ်ဆေးရုံ (နည်းပညာ-MTU)
- တက္ကသိုလ်ဆေးရုံ (ကွန်ပျူတာ)
ထင်ရှားသော နေရာများ
ပြင်ဆင်ရန်ဘာသာရေး
ပြင်ဆင်ရန်- မြကျောက်စေတီတော်
- ရွှေစာရံဘုရား
တောင်များ
ပြင်ဆင်ရန်- ရန်ကင်းတောင်
- ရေတံခွန်တောင်
- စိန်ခနောက်တောင်
- မြခနောက်တောင်
- သခင်မတောင်
- ဖယောင်းတောင်
ဘုန်းကြီးကျောင်းများ
ပြင်ဆင်ရန်- မုံလယ်တောရ
- သစ္စဝေဒဂူ ကျောင်းတော်
- မဟာဗောဓိ ငါးထောင်
- ဥယျာဉ်စာသင်တိုက်
အခြား
ပြင်ဆင်ရန်- အိမ်ရှေ့မင်းထန်းတော
- နန်းတော်ရှေ့ဆရာတင်ရေးသားသော ရွှေမင်းဂံသီချင်းထဲက မင်းဂံရွာနှင့် ဘုတ်ရွာ
- ဆည်တော်ကြီးဆည်
- အောင်ပင်လယ်ကန် အစရှိသည့် နေရာများဖြစ်သည်။
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ ၁.၂ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်အမည်များ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်း။ 3 October 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 22 July 2022 တွင် ပြန်စစ်ပြီး။
- ↑ Myanmar Area Codes။ 1 December 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 February 2017 တွင် ပြန်စစ်ပြီး။
- ↑ နဂါးဗိုလ် မောင်မောင်သက် ရေး သမိုင်းပုံရိပ်၊ ၁၃၁-စာ၊ ၂၀၁၆-ခုနှစ်
- ↑ မင်းဂံဘုတ်ရွာ
- ↑ အတွဲ (၁၈) အမှတ် (၄၂) Mandalay နေ့စဉ် သတင်းစာ (၁၀/ ၁/ ၂၀၁၅)