ဆန်တီယားဂိုမြို့ (အင်္ဂလိပ်: Santiago; /ˌsæntiˈɑːɡ/, US also /ˌsɑːn-/; စပိန်ဘာသာစကား: [sanˈtjaɣo])သည် တောင်အမေရိကတိုက်ရှိ ချီလီနိုင်ငံ၏ မြို့တော်ဖြစ်သည်။ အန်းဒီးတောင်တန်းအနောက်ဘက် သွယ်လျားသော ချီလီနိုင်ငံ၏ အလယ်ပိုင်းတွင်ရှိသည်။ အကျယ်အဝန်းမှာ စတုရန်းမိုင် ၈ မိုင်မျှရှိ၍ လူဦးရေ ၆,၂၆၉,၃၈၄ ဦး (၂၀၁၇ သန်းခေါင်စာရင်း)ရှိ၏။ မြို့တည်နေပုံမှာ အန်းဒီး တောင်စဉ်တန်းနှင့် ပစိဖိတ်ကမ်းခြေ တောင်တန်းတို့အကြားရှိ သာယာလှပသောတောင်ကြားတွင် ပင်လယ်ရေပြင်ထက် ၁၇ဝ၆ ပေမျှမြင့်သော ကုန်းထက်၌ တည်နေသည်။ ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သော ဗယ်လပရိုက်ဇိုမြို့ အရှေ့တောင်ဘက် ၁၁၆ မိုင် အကွာတွင်ရှိသည်။

Santiago
မြို့တော်
ဝဲမှ ယာသို့၊ အထက်မှ အောက်သို့. ပထမတန်း: ဆန်တီယာဂိုမြို့ မြင်ကွင်းကျယ်ပုံ။ ဒုတိယတန်း: Statue of the Immaculate Conception and Santiago's financial district. တတိယတန်း: Santa Lucía Hill and National Library of Chile. စတုတ္ထတန်း: University of Chile and Pontifical Catholic University of Chile. ပဉ္စမတန်း: La Moneda Palace.
ဝဲမှ ယာသို့၊ အထက်မှ အောက်သို့.
ပထမတန်း: ဆန်တီယာဂိုမြို့ မြင်ကွင်းကျယ်ပုံ။ ဒုတိယတန်း: Statue of the Immaculate Conception and Santiago's financial district. တတိယတန်း: Santa Lucía Hill and National Library of Chile. စတုတ္ထတန်း: University of Chile and Pontifical Catholic University of Chile. ပဉ္စမတန်း: La Moneda Palace.
Flag of Santiago
အလံတော်
Santiago၏ တံဆိပ်အမှတ်အသား
တံဆိပ်အမှတ်အသား
Lua error in မော်ဂျူး:Location_map at line 522: တည်နေရာပြမြေပုံ သတ်မှတ်ချက်အား မတွေ့ရှိပါ: "Module:Location map/data/Chile" သည် မတည်ရှိနေပါ.ချီလီနိုင်ငံအတွင်း တည်နေရာ
နာမည်ပြောင်(များ): "The City of the Island Hills"
ကိုဩဒိနိတ်: 33°27′S 70°40′W / 33.450°S 70.667°W / -33.450; -70.667
နိုင်ငံ ချီလီ
တိုင်းဒေသဆန်တီယာဂို မဟာမြို့ပြဒေသ
ပြည်နယ်ဆန်တီယာဂို ပြည်နယ်
တည်ထောင်ခြင်း၁၂ ဖေဖော်ဝါရီ ၁၅၄၁
တည်ထောင်သူPedro de Valdivia
အမည်ပေးSaint James
ဧရိယာ
 • မြို့တော်၆၄၁ စတုရန်းကီလိုမီတာ (၂၄၇.၆ စတုရန်းမိုင်)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၅၇၀ မီတာ (၁၈၇၀ ပေ)
လူဦးရေ (2017)
 • မြို့တော်၆,၂၆၉,၃၈၄
 • သိပ်သည်းမှု၉,၈၂၁/km (၂၅,၄၃၆/sq mi)
 • မြို့ပြကြီး၆,၉၀၃,၄၇၉
Demonym(s)Santiaguinos (-as)
အချိန်ဇုန်CLT (UTC−4)
 • နွေရာသီ (DST)CLST (UTC−3)
စာပို့သင်္ကေတ8320000
ဧရိယာကုဒ်(များ)+56 2
HDI (၂၀၁၉)0.883[၁]အလွန်မြင့်
ဝက်ဘ်ဆိုဒ်တရားဝင် ဝက်ဘ်ဆိုဒ်

ဆန်တီယားဂိုမြို့တော်သည် တောင်အမေရိကတိုက်တွင် အလှဆုံးသော မြို့ဖြစ်၏။ တောင်အမေရိကတိုက်တွင် စတုတ္ထမြို့ကြီးတစ်မြို့လည်း ဖြစ်သည်။ မြို့ထဲတွင် ကြီးကျယ်လှပသော ဥယျာဉ်ပန်းခြံကြီးများရှိရာ၊ မြို့၏သာယာခြင်းကို ပိုမိုတင့်တယ်စေသကဲ့သို့ရှိသည်။ မိုးရွာနည်းပါးသောဒေသဖြစ်၍၊ ထိုဥယျာဉ်၊ ပန်းခြံများကို ဆည်မြောင်းစနစ်ဖြင့် ရေသွင်းပေးရလေသည်။ မြို့တော်တွင် ဘုရားရှိခိုးကျောင်းကြီးများ၊ ၁၈၄၂ ခုနှစ်တွင် တည်ထောင်သော ချီလီတက္ကသိုလ်၊ သမ္မတ အိမ်တော်၊ နိုင်ငံတော်ဥပဒေပြုအဖွဲ့ တည်ရာဌာန၊ နိုင်ငံတော်ပြတိုက်၊ နိုင်ငံတော်စာကြည့်တိုက်နှင့် အခြားအဆောက်အအုံကြီးများ ရှိ၏။ အကျယ်အဝန်းဖြောင့်တန်းသော လမ်းကျယ်ကြီးများလည်းရှိရာ၊ ထိုအထဲတွင် အလာမေဒါလမ်းမကြီးကား အကျော်ကြားဆုံးဖြစ်လေသည်။ ထိုလမ်းမကြီးမှာ အရှေ့နှင့် အနောက်ဖြတ်သန်းလျက်ရှိရာ၊ လမ်းဘေးတွင် သစ်ပင်ကြီးများစိုက်ထား၍၊ ရေတစ်သွင်သွင် စီးဆင်းနေသော တူးမြောင်းကလေး များလည်း ရှိ၏။ ရေပန်းများ၊ ရုပ်လုံး ရုပ်တုများလည်းရှိသေးသည်။ မြို့လယ်ခေါင်တွင် ဆန်တာလူရှာ တောင်ကုန်းရှိ၍၊ အရှေ့ဘက်နှင့် အနောက်ဘက်တို့တွင်လည်း တောင်ကြီးများရှိသဖြင့် နေဝင်ချိန်တွင် အခြားမည်သည့်မြို့တွင်မျှ မမြင်မတွေ့နိုင်သော ကြည်နူးသာယာလှသည့် ရှုမျှော်ခင်းကို ဆန်တိယားဂိုမြို့၌ တွေ့မြင်နိုင်ပေသည်။

ယင်းဆန်တိယားဂိုမြို့ကို တောင်အမေရိကတိုက်ရှိ အခြား နာမည်တူ မြို့များနှင့်ကွဲပြားစေရန်၊ ဆန်တိယားဂို သေချီလေ (ဝါ) ချီလီရှိ ဆန်တိယားဂိုမြို့ဟူ၍လည်း ခေါ်ဝေါ်ကြသည်။[၂]

ကိုးကား ပြင်ဆင်ရန်

  1. Sub-national HDI။ Area Database - Global Data Lab (in en)။ 15 October 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 October 2021 တွင် ပြန်စစ်ပြီး။
  2. မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း (၁၉၆၀)။ "ဆန်တီယာဂိုမြို့"။ in စွယ်စုံကျမ်းစာတည်းအဖွဲ့ (ed.)။ မြန်မာ့စွယ်စုံကျမ်း (ပထမအကြိမ် ed.)။ ဟေဇယ်၊ ဝပ်ဆင်နှင့် ဗိုင်းနေး ပုံနှိပ်လုပ်ငန်းအင်္ဂလန်။: စာပေဗိမာန်