ဆယ့်နှစ်ရာသီပင်
ဆယ့်နှစ်ရာသီပင်ကို ရုက္ခဗေဒ အလိုအားဖြင့် 'သီဗက်ရှာ ပီရူးဗီအားနာ'(Thevetia peruviana; ယခုအခါတွင် Cascabela thevetia[၁]) ဟု ခေါ်သည်။ မျိုးရင်းမှာ 'အဲ့ပေါ့ဆီနေစီအီး'(Apocynaceae) ဖြစ် သည်။ ထိုအပင်ကို မြန်မာနိုင်ငံအောက်ပိုင်းအရပ်ဒေသများတွင် စိုက်ပျိုးကြသည်။ ဆယ့်နှစ်ရာသီပင်သည် လှပသော ချုံပင်ကြီးမျိုး ဖြစ်သည်။ အရွက်သည် သေးသွယ်ရှည်လျား၏။ အပွင့်သည် ဖယောင်းကဲ့သို့ ချောမွှတ်၍ အဝါရောင်ရှိသည်။ အနံ့သင်း သည်။ အကိုင်းအရွက်ပင်စည်တို့ကို ချိုးဖဲ့ကြည့်လျှင် အဖြူစေး ထွက်သည်။ အသီး၌ အစေ့များပါရှိသည်။ ထိုအစေ့များမှ မီးလောင်သော အဆီတစ်မျိုးကိုရသည်။ ထိုအဆီသည် ဆေးဖက်ဝင်သည်။ ဆယ့်နှစ်ရာသီပင်အခေါက်မှ 'သက်ဗီတင်'(thevetin) ခေါ် ပြင်းသော အဆိပ်တစ်မျိုးကိုရသည်။ ယင်းကို အစွမ်းထက်သော အဖျားဖြတ်ဆေးဖော်ရာတွင် အသုံးပြုသည်။
ဆယ့်နှစ်ရာသီပင် | |
---|---|
Yellow Oleander flowers and leaves | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | |
(unranked): | |
(unranked): | |
(unranked): | |
မျိုးစဉ်: | |
မျိုးရင်း: | |
မျိုးစု: | |
မျိုးစိတ်: | C. thevetia
|
ဒွိနာမ | |
Cascabela thevetia (L.) Lippold
| |
Synonyms | |
Thevetia peruviana (Pers.) K. Schum. |
မြန်မာ့အစဉ်အလာပွဲတော်များ ဆယ့်နှစ်လ ဆယ့်နှစ်ရာသီအတွက် မြန်မာ့ပွဲတော် ဆယ့်နှစ်မျိုးရှိသည်။ ဆယ့်နှစ်ရာသီပွဲတော်ကို ရှေးခေတ်မှစ၍ မင်းမိဘုရားနှစ်ပါးအမှူးပြုလျက် အစဉ်တစိုက် ကျင်းပလာခဲ့ရာ၊ အချို့ပွဲတော်များသည် ယခုအခါတိုင်အောင် ခေတ်စားဆဲပင်ဖြစ်၏။ အချို့မှာမူကား တိမ်ကောပပျောက်ကြ လေပြီ။[၂]
ပုံသဏ္ဌာန် : အပင် ပင်လတ်မျိုး ဖြစ်၏ ။ ပေ ၂၀ ခန့် ထိမြင့်၏ ။ အခေါက်ထူသည်။ ကိုင်းဖြာသည်။ အခေါက်အညိုရောင် ပေါ်တွင် အဖြူကွက်များရှိ၏ ။
အရွက် အကိုင်းထိပ်ဘက်တွင် စုပြုံ၍ ရွက်လွှဲထွက်သည်။ ရွက်ပြား ကျဉ်း ၍ သေးသွယ်ပြီး ကြိုးပြား သေး ပုံရှိသည်။ ထိပ်နှင့် အရင်းပိုင်း ချွန်သည်။ ရွက်ညှာ အလွန်တိုသည်။ ရွက်ပြား ပြောင်ချောပြီး ရွက်လယ်ကြော ထင်ရှား၍ ရွက်နားညီသည်။
အပွင့် အဝါရောင်ရှိ၍ ခေါင်းလောင်းပုံ ဖြစ်သည်။ ဝတ်ဆံ များ ပွင့်ချပ်များတွင် ကပ်နေ၏ ။ အမွေးနု ကလေးများလည်း ရှိ၏ ။ ပွင့်ဖတ်ပြွန်ပိုင်း စိမ်းဝါရောင် ရှိ၏။
အသီး အချင်း ၁၁/၂ လက်မခန့် ရှိ၏ ။ အတွဲလိုက် သီး၏ ။ ပြောင်ချော ၍ တောက်ပပြီး အစိမ်းရောင် ရှိသည်။ အလယ်တွင် လုံးဝိုင်း ၍ ထိပ်နှစ်ဖက်သို့ ချွန်သွယ် သွားသည်။
အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အပွင့် ၊ အရွက် ၊ အမြစ် ၊ အခေါက် ။
မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။
ပေါက်ရောက်ပုံ သဘာ၀အလျောက် ပေါက်ရောက်သည်။
အသုံးဝင်ပုံ : အာနိသင် မြန်မာဆေးကျမ်းများ အလိုအရ ဖန် ၊ စပ် ၊ ခါး သောအရသာ ရှိ၏ ။ ပူသောသတ္တိ ရှိ၏ ။ လေကိုနိုင်၏ ။ ယားနာ ၊ အရေပြားနာ ၊ အနာပေါက်ခြင်းတို့ကို ပျောက်စေသည်။ မျက်စိကို အကျိုးပြု၏ ။ အဖျားရောဂါ ၊ နူနာ ၊ မြင်းသရိုက်နာတို့ကို နိုင်၏။ ၎င်းချည်း သက်သက် စားသုံးလျှင် အဆိပ်ဖြစ်စေ၏။
အသုံးပြုပုံ- အပွင့် နှင့် အရွက် ၁ ။ အပွင့် သို့မဟုတ် အရွက်ကို ရေနှင့် နယ်ပြီး ၎င်းရေကို သံလွင်ဆီနှင့် ဆီသက်သက် ကျန်အောင် ချက်၍ ယားနာ ၊ အရေပြားနာများကို လိမ်းပေးက ပျောက်ကင်း၏ ။
၂ ။ အရွက်ကို ပြုတ်၍ ကြိတ်ပြီး ဆီနှင့် ရောလိမ်းပါက အဆစ် အမျက် ကိုက်ခဲခြင်း ပျောက်၏ ။
အမြစ် ၁ ။ အမြစ်ကို သွေး၍ မုန်ညင်းဆီနှင့် ရောချက်လိမ်းလျှင် အရေပြားနာ ပျောက်စေ၏ ။
၂ ။ အမြစ်ကို ရေနှင့် သွေးလိမ်းလျှင် ပွေးနာပျောက်၏ ။
အခေါက် ၁ ။ အဖျားကျဆေးအဖြစ် လည်းကောင်း ၊ အပူလောင်ခြင်းနှင့် ပွေး ၊ ယားနာများအတွက် လည်းကောင်း သုံး၏ ။[၃]
ကိုးကား
ပြင်ဆင်ရန်- ↑ Govaerts, R., Goyder, D. & Leeuwenberg, A. (2019). World Checklist of Apocynaceae. Facilitated by the Royal Botanic Gardens, Kew. Published on the Internet; http://wcsp.science.kew.org/ Retrieved 20 December 2019
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
- ↑ http://arogyamonline.com/commodity/materials/?raw=49[လင့်ခ်သေ]
[[]]