ဆယ့်နှစ်ရာသီဖွဲ့ ပေါင်းချုပ်

ဆယ့်နှစ်ရာသီဖွဲ့ ပေါင်းချုပ်သည် ၁၉၆၂ ခုနှစ်တွင် ဟံသာဝတီပုံနှိပ်တိုက်က ထုတ်ဝေသော၊ လှသမိန် စုဆောင်းတည်းဖြတ်သည့် ၁၇၉ မျက်နှာပါ စာအုပ် ဖြစ်သည်။ ခေါင်းစဉ်အပြည့်အစုံမှာ မြန်မာ့စာပေသမိုင်းဝင် ရှေးစာဆိုတော်များ၏ ဆယ့်နှစ်ရာသီဖွဲ့ ပေါင်းချုပ် ဖြစ်သည်။[၁]

အကြောင်းအရာ ပြင်ဆင်ရန်

အက္ခရာဗန္ဓ၊ သဒ္ဒအလင်္ကာတို့၌ ကျွမ်းကျင်လိမ္မာလှသော ကဗျာကဝိတို့က ဩကာသလောက၏ ငေးမောအံ့ဩဖွယ် ကောင်းသော ရာသီအလှအပကို မြန်မာ့လများ ဖြစ်ကြသော တန်ခူးမှစ၊ တပေါင်းထိ ဆယ့်နှစ်လ တစ်လချင်းစီဝယ် စုံစေ့အောင် ဖော်ကျူးထားသည်။ ရှေးခေတ်ကတည်းက ကျော်ကြားထင်ရှား ကဗျာစာဆိုတော်များ၏ လက်ရာများကို မပျောက်ပျက်စေရန် စုစည်းထားခြင်း ဖြစ်သည်။

ဆယ့်နှစ်ရာသီဖွဲ့ စာဆိုရှင်များ ပြင်ဆင်ရန်

  1. နဝဒေး (၈၅၀ ခန့်)နရပတိစည်သူလက်ထက်
  2. ဦးအောင်ကြီး
  3. ဦးယာ
  4. မယ်ခွေ
  5. ဦးကြင်ဥ
  6. ဘိုးသူတော်ဦးမင်း
  7. မဟာအတုလမင်းကြီး
  8. လူဦးမင်း
  9. ဉာဏ်ဝန်ကြီးဦးဖြေ
  10. ဦးပုည
  11. ဖိုးဝဇီရ
  12. ဦးကြော့
  13. ဦးဖက်
  14. ကင်းဝန်မင်းကြီး

ပါဝင်သော ကဗျာအမျိုးအစားများ ပြင်ဆင်ရန်

  1. ပိုဒ်စုံရတု
  2. အဖြည့်ခံရတု
  3. လူးတား
  4. အဲချင်း
  5. လေးချိုး
  6. သဖြန်
  7. လွမ်းချင်း
  8. ခွန်းထောက်
  9. တေးထပ်
  10. ရှစ်ဆယ်ပေါ်တေးထပ်
  11. တေးရိုး
  12. တေးတွဲ့
  13. မှာတမ်း
  14. သံပေါက်
  15. စည်တော်သံ
  16. လေပြေ
  17. ညည်းချင်း
  18. လေးချိုးသဖြန်

ကိုးကား ပြင်ဆင်ရန်

  1. လှသမိန် (၁၉၆၂)။ မြန်မာ့စာပေသမိုင်းဝင် ရှေးစာဆိုတော်များ၏ ဆယ့်နှစ်ရာသီဖွဲ့ ပေါင်းချုပ်။ ဟံသာဝတီပုံနှိပ်တိုက်။ Cite has empty unknown parameter: |1= (အကူအညီ)