ဆိုင်မွန်ကော်မစ်ရှင်
ဆိုင်မွန် ကော်မရှင်ဟုလည်းသိကြသော အိန္ဒိယဥပဒေရေးရာကော်မရှင်သည် ဥက္ကဋ္ဌအဖြစ် ဆာ ဂျွန် ဆိုင်မွန်(Sir John Simon)ဦးစီး၍ ပါလီမန်အမတ် ခုနစ်ဦးပါဝင်သော အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ ဆိုင်မွန်ကော်မရှင်သည် ဗြိတိန်နိုင်ငံ၏ အကြီးဆုံးနှင့် အရေးအပါဆုံး ပိုင်ဆိုင်မှုတစ်ခုဖြစ်သည့် အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲမှုကို [၁] လေ့လာရန် ၁၉၂၈ ခုနှစ်တွင် အိန္ဒိယနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ ၎င်းအဖွဲ့ဝင်များအနက် တစ်ဦးမှာ အိန္ဒိယနိုင်ငံအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိစေရန် ကတိပြုခဲ့သည့် အနာဂတ်အလုပ်သမားပါတီခေါင်းဆောင်
ကလီးမန့် အက်တလီပင်ဖြစ်သည်။
၁၉၁၉ ခုနှစ်၌ မွန်တဂူ-ခမ်းစ်ဖော့ဒ် ပြုပြင်ပြောင်းလဲရေး ကို စတင်မိတ်ဆက်ချိန်တွင်၊ ဗြိတိသျှအစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၏ အကျိုးသက်ရောက်မှုနှင့် လုပ်ဆောင်မှုများကို ဆန်းစစ်ရန်နှင့် အိန္ဒိယ အတွက် ပြုပြင်ပြောင်းလဲမှုအသစ်များကို အကြံပြုပေးရန် ဆယ်နှစ်အကြာတွင် ကော်မစ်ရှင်တစ်ရပ်ကို အိန္ဒိယသို့ စေလွှတ်မည်ဟု ကြေညာခဲ့သည်။ [၂]
၁၉၂၇ ခုနှစ်၊ နိုဝင်ဘာလတွင် ဗြိတိသျှအစိုးရသည် ကတိပြုထားသည့်အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို မိတ်ဆက်ရန်အတွက်နှင့် အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တိုးတက်မှုများကို အစီရင်ခံရန် ဆိုင်မွန်ကော်မစ်ရှင်ကို သတ်မှတ်ထားသည့် အချိန်ဇယားထက် ၂နှစ်စော၍ ခန့်အပ်ခဲ့သည်။
၎င်းကော်မစ်ရှင်ကို အိန္ဒိယလူမျိုးများမှ ပြင်းထန်စွာ ကန့်ကွက်ခဲ့ကြသည်။ နေရူး ၊ ဂန္ဒီ ၊ ဂျင်နာ ၊ မွတ်ဆလင်အဖွဲ့ချုပ် နှင့် အိန္ဒိယအမျိုးသားကွန်ဂရက် တို့အပါအဝင် အိန္ဒိယလူမျိုးများမပါဝင်သည့် ဗြိတိသျှပါလီမန် ကပါ ၎င်းကို ဆန့်ကျင်ခဲ့သည်။ သို့သော်လည်း ၎င်းကို ဒေါက်တာ ဘင်ရောင်း ရမ်ဂျီ အမ်ဘီကယ် ၊ ပီရီယာ အီဗွီ ရာမစာမီ နှင့် ချောင်ဒရီ ချိုတူး ရမ် တို့မှ ပံ့ပိုးပေးခဲ့ပါသည်။ [၃]
ထင်ရှားသည့် အိန္ဒိယအမျိုးသားရေးဝါဒီစာရေးဆရာလာလာ လာ့ခ်ျပတ် ရိုင်း သည် လာဟိုးမြို့ ၌ ဆန္ဒပြပွဲတစ်ခုကို ဦးဆောင်ခဲ့သည်။ သူသည် ဆန္ဒပြပွဲတွင် ရဲတပ်ဖွဲ့ဝင်များ၏ ရိုက်နှက်ထိုးကြိတ်မှုကို ခံခဲ့ရပြီး ၎င်းမှဒဏ်ရာများဖြင့် ၁၉၂၈ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် သေဆုံးသွားခဲ့သည်။