ဆိုဗီယက်ယူနီယံ အမျိုးသား ဘောလုံးအသင်း

ဆိုဗီယက်ယူနီယံ အမျိုးသား ဘောလုံးအသင်း (ရုရှား: сбо́рная СССР по футбо́лу; sbornaya SSSR po futbolu; အင်္ဂလိပ်: Soviet Union national football team) သည်ဆိုဗီယက်ပြည်ထောင်စု၏ အမျိုးသားဘောလုံးအသင်းဖြစ်သည်။

ဆိုဗီယက် ယူနီယံ
to ၁၉၂၂–၁၉၉၁
Shirt badge/Association crest
အမည်ပြောင်အနီရောင် စစ်တပ်
အဖွဲ့ဆိုဗီယက်ဘောလုံးအဖွဲ့ချုပ်
Most capsOleg Blokhin (112)
Top scorerOleg Blokhin (42)
အိမ်ကွင်းများစွာသော ကစားကွင်းများ
ဖီဖာကုဒ်URS
အမြင့်ဆုံး FIFA အဆင့်1 (၁၉၆၀ ဇူလိုင်)
အမြင့်ဆုံး Elo အဆင့်၁ (၁၉၆၃–၆၅, ၁၉၆၆, ၁၉၈၃–၈၄, ၁၉၈၅–၈၆, ၁၉၈၇, ၁၉၈၈)
အိမ်ကွင်း ဝတ်စုံရောင်
အဝေးကွင်း ဝတ်စုံရောင်
ပထမဆုံး နိုင်ငံတကာပွဲ
 ဆိုဗီယက်ယူနီယံ 3–0 တူရကီ 
(Moscow, Soviet Union; 16 November 1924)
အကြီးအကျယ် အနိုင်ရ
 ဆိုဗီယက်ယူနီယံ 11–1 အိန္ဒိယ 
(Moscow, Soviet Union; 16 September 1955)[၁]
 ဖင်လန် 0–10 ဆိုဗီယက်ယူနီယံ 
(Helsinki, Finland; 15 August 1957)
အကြီးအကျယ် ရှုံး
 အင်္ဂလန် 5–0 ဆိုဗီယက်ယူနီယံ 
(London, England; 22 October 1958)
ကမ္ဘာ့ဖလား
မြင်တွေ့ရမှုများ၇ (First in ၁၉၅၈)
အကောင်းဆုံးရလဒ်စတုတ္ထ (၁၉၆၆ ကမ္ဘာ့ဖလား)
ဥရောပဖလား
မြင်တွေ့ရမှုများ၆ (First in ၁၉၆၀)
အကောင်းဆုံးရလဒ်ချန်ပီယံ (၁၉၆၀)

ပြည်ထောင်စုပြိုကွဲပြီးနောက် အသင်းသည် CIS အမျိုးသား ဘောလုံးအသင်းအဖြစ် (ယာယီ) ပြောင်းခဲ့ပြီး ဖီဖာက CIS အသင်း (နောက်ဆုံးတွင် ရုရှားအသင်း) ကို ဆိုဗီယက်၏ ဆက်ခံသူအဖြစ် ယူဆသတ်မှတ်ခဲ့သည်။[၂] ထို့ကြောင့် ယခင်ရရှိဖူးသော စံချိန်မှတ်တမ်းများကို ထိုအသင်းအတွက် ထားရှိပေးအပ်ခဲ့သည်။ (အိုလံပစ် မူဝါဒကြောင့် အိုလံပစ် မှတ်တမ်းများကို ပေါင်းစပ်ပေးခဲ့ခြင်းမရှိပေ) မည်သို့ပင်ဆိုစေ ဆိုဗီယက်အသင်း၏ ယခင်ကစားသမား အများစုသည် ရုရှား SFSR ပြင်ပမှဖြစ်သော ယူကရိန်း SSR မှ အဓိကဖြစ်၍ ဆိုဗီယက်ပြိုကွဲပြီးနောက်ပိုင်း ယခင် ယူကရိန်း SSR မှ ကစားသမား Andrei Kanchelskis တို့အချို့သည် အသစ်ဖြစ်လာသော ရုရှား အမျိုးသား ဘောလုံးအသင်းတွင် ပါဝင်ကစားခဲ့သည်။

ဆိုဗီယက်ယူနီယံအသင်းသည် ၁၉၇၄ နှင့် ၁၉၇၈ တို့တွင် ကမ္ဘာ့ဖလား ခြေစစ်ပွဲမအောင်မြင်ခဲဘဲ စုစုပေါင်း ဖိုင်နယ်ပွဲ (၇) ပွဲ (ကွာတား၊ ဆီမီး) တက်ရောက်နိုင်ခဲ့ပြီး ၁၉၆၆ ပြိုင်ပွဲတွင် စတုတ္ထ ရရှိခဲ့သည်။ ဥရောပဖလားပြိုင်ပွဲမျအတွက် ငါးကြိမ် ခြေစစ်ပွဲအောင်မြင်ခဲ့ကာ ပထမဆုံးကျင်းပသော ဥရောပဖလား - European Nations' Cup (၁၉၆၀) ကို အနိုင်ရရှိခဲ့သည်။

အိုလံပစ်ပြိုင်ပွဲများတွင်လည်း ပါဝင်ခဲ့ပြီး ၁၉၅၆ နှင့် ၁၉၈၈ အိုလံပစ် ဘောလုံးပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရရှိခဲ့သည်။ ၁၉၅၈ တွင် ဖီဖာက အမျိုးသားအသင်းများကို အိုလံပစ်တွင် ပါဝင်စေခြင်းမရှိရစေသော စည်းကမ်းရှိခဲ့သော်လည်း ဆိုဗီယက်က အမျိုးသားအသင်းကို သာ စေလွှတ်ခဲ့သည်။ (အိုလံပစ်ပြိုင်ပွဲတွင် ယင်းကာလက အပျော်တမ်းကစားသမားများသာ ပါဝင်ရန်ဖြစ်ပြီး ဆိုဗီယက်က စစ်တပ်မှ ၎င်းတို့၏ အကောင်းဆုံးကစားသမားများကို ရွေးချယ်စေလွှတ်ခဲ့ကြသည်။)

ကိုးကား ပြင်ဆင်ရန်

  1. Soviet Union 11:1 India။ eu-football.info။ 2016-03-23 တွင် ပြန်စစ်ပြီး။
  2. Member Association - Russia။ 8 September 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 July 2020 တွင် ပြန်စစ်ပြီး။