အင်္ဂလန် အမျိုးသား ဘောလုံးအသင်း
အင်္ဂလန် အမျိုးသား ဘောလုံးအသင်းသည် အင်္ဂလန်နိုင်ငံကိုယ်စားပြု ဘောလုံးအသင်းဖြစ်ပြီး အင်္ဂလန်နိုင်ငံ ဘောလုံးအဖွဲ့ချုပ် (The Football Association; FA) မှ အုပ်ချုပ်ကွပ်ကဲသည်။[၁][၂] အက်ဖ်အေသည် ဥရောပ ဘောလုံးအဖွဲ့ချုပ် (ယူအေးဖာ)၏ အောက်ရှိအဖွဲ့အစည်းတစ်ခုဖြစ်၍ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ၏ စည်းကမ်းဆိုင်ရာ စီရင်မီုအေုက်တွင်ရှိသည်။[၃][၄] အသင်းသည် ဖီဖာ ကမ္ဘာ့ဖလား၊ ယူအေးဖာ ဥရောပဖလား ပြိုင်ပွဲ၊ ယူအေးဖာနိုင်ငံများလိဂ် (UEFA Nations League) စသည့် အဓိကပြိုင်ပွဲကြီး သုံးရပ်၌ ပါဝင်ယှဉ်ပြိုင်သည်။ အင်္ဂလန်အသင်းသည် ကမ္ဘာ့ဖလားဆု ရရှိခဲ့သော နိုင်ငံရှစ်နိုင်ငံထဲက အသင်းတစ်သင်းလည်းဖြစ်၏ ။[၅]
အမည်ပြောင် | The Three Lions | ||
---|---|---|---|
အဖွဲ့ | The Football Association | ||
မဟာမိတ်အဖွဲ့ | UEFA (ဥရောပ) | ||
နည်းပြချုပ် | Gareth Southgate | ||
အသင်းခေါင်းဆောင် | Harry Kane | ||
Most caps | Peter Shilton (၁၂၅) | ||
Top scorer | Wayne Rooney (၅၃) | ||
အိမ်ကွင်း | ဝင်ဘာလီ အားကစားကွင်း | ||
ဖီဖာကုဒ် | ENG | ||
FIFA အဆင့် | ၁၃ (၁၇ မေ ၂၀၁၈) | ||
အမြင့်ဆုံး FIFA အဆင့် | ၃ (ဩဂုတ် ၂၀၁၂) | ||
အနိမ့်ဆုံး FIFA အဆင့် | ၂၇ (ဖေဖော်ဝါရီ ၁၉၉၆) | ||
Elo အဆင့် | ၇ (၁၈ ဧပြီ ၂၀၁၈) | ||
အမြင့်ဆုံး Elo အဆင့် | ၁ (၁၈၇၂–၁၈၇၆ ၁၈၉၂–၁၉၁၁ ၁၉၆၆–၁၉၇၀ ၁၉၈၇–၁၉၈၈) | ||
အနိမ့်ဆုံး Elo အဆင့် | ၁၇ (၁၁ ဇွန် ၁၉၉၅) | ||
| |||
ပထမဆုံး နိုင်ငံတကာပွဲ | |||
စကော့တလန် ၀–၀ အင်္ဂလန် (Partick, စကော့တလန်; ၃၀ နိုဝင်ဘာ ၁၈၇၂) | |||
အကြီးအကျယ် အနိုင်ရ | |||
အင်္ဂလန် ၁၃–၀ အိုင်ယာလန် (Belfast, အိုင်ယာလန်; ၃၁ ဇူလိုင် ၁၈၈၂) | |||
အကြီးအကျယ် ရှုံး | |||
ဟန်ဂေရီ ၇–၁ အင်္ဂလန် (ဘူဒါပတ်မြို့, ဟန်ဂေရီ; ၂၃ မေ ၁၉၅၄) | |||
ကမ္ဘာ့ဖလား | |||
မြင်တွေ့ရမှုများ | ၁၅ (First in ၁၉၅၀) | ||
အကောင်းဆုံးရလဒ် | Champions (၁၉၆၆) | ||
European Championship | |||
မြင်တွေ့ရမှုများ | ၉ (First in ၁၉၆၈) | ||
အကောင်းဆုံးရလဒ် | Third place (၁၉၆၈, ၁၉၉၆) |
အင်္ဂလန်အမျိုးသားအသင်းသည် ကမ္ဘာပေါ်၌ သက်တမ်းအကြာဆုံး ပူးတွဲအသင်းတစ်ခုဖြစ်၍ ၁၈၇၂ တွင် စကော့တလန် အမျိုးသားဘောလုံးအသင်းကို ပထမဆုံးနိုင်ငံတကာပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့သည်။ အသင်း၏ အိမ်ကွင်းမှာ ဝင်ဘာလီ အားကစားကွင်း (Wembley Stadium; /ဝမ်းဘလီ/) ဖြစ်၍ လန်ဒန်တွင် တည်ရှိပြီး လေ့ကျင့်ရေးဌာနချုပ်များသည် စိန့် ဂျော့ဂျ်ပါ့ခ်၊ ဘာတန်နပေါန်ထရန့်တ်မြို့ (Burton upon Trent) တို့၌ ရှိသည်။ လက်ရှိအသင်း၏ မန်နေဂျာ (နည်းပြ)မှာ ဂရက် ဆောက်ဂိတ် ဖြစ်၏ ။
အင်္ဂလန်အသင်းသည် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲကို (၁၅) ကြိမ်အထိ အရည်အချင်းစစ်အောင်မြင်ခဲ့ပြီး အင်္ဂလန်အသင်းအိမ်ရှင်အဖြစ် လက်ခံကျင်းပသောနှစ် ၁၉၆၆ ၌ ကမ္ဘာ့ဖလားဆုကို ရရှိခဲ့သည်။ ထို့အပြင် ၁၉၉၀၊ ၂၀၁၈ ပြိုင်ပွဲများတွင်လည်း စတုတ္ထနေရာ၌ ရပ်တည်နိုင်ခဲ့လေသည်။ သို့သော် အင်္ဂလန်အသင်းသည် ဥရောပဖလားပြိုင်ပွဲတွင် အနိုင်ရရှိဖူးခြင်းမရှိသေးဘဲ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့သည်မှာ ၂၀၀၀ ပြည့်နှစ် ဥရောပဖလားပွဲတွင် ဗိုလ်လုပွဲအထိရောက်ရှိခဲ့သည်။ ယူနိုက်တက်ကင်းဒမ်းနိုင်ငံ၏ ဖွဲ့စည်းပါဝင်နိုင်ငံဖြစ်သည့် အင်္ဂလန်အနေဖြင့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီအဖွဲ့ဝင်မဟုတ်သောကြောင့် အိုလံပစ်အားကစားပြိုင်ပွဲများတွင် ယှဉ်ပြိုင်ခြင်း မရှိပေ။
ကိုးကား
ပြင်ဆင်ရန်- ↑ FA Handbook 2013–14 (pdf)။ TheFA.com။ ၂၄ မေ ၂၀၁၈ တွင် ပြန်စစ်ပြီး။
- ↑ Written evidence submitted by Lord Triesman။ Parliament.uk (May 2009)။ 14 June 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၄ မေ ၂၀၁၈ တွင် ပြန်စစ်ပြီး။
- ↑ FA Handbook 2013–14 (pdf)။ TheFA.com။ 2 February 2014 တွင် ပြန်စစ်ပြီး။
- ↑ Written evidence submitted by Lord Triesman။ Parliament.uk (May 2009)။ 14 June 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 May 2018 တွင် ပြန်စစ်ပြီး။
- ↑ England win the world cup။ 27 January 2021 တွင် ပြန်စစ်ပြီး။