(၂)သုတ် ရှိပါသည်။

[၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် အညတရနတ်သား၏ မေးလျှောက်ထားချက်အရ ကောဓ(အမျက် ထွက်မှု၊ စိတ်ဆိုးမှုကို ပယ်ဖျောက် ဖျက်ဆီးနိုင်ခြင်းကြောင့် ချမ်းသာစွာ အိပ်စက်နိုင်သည်။ ကောဓကို ဖျက်ဆီးခြင်းကြောင့် စိုးရိမ် ပူပန်မှုမဖြစ်။ သာယာမှု(သုခ)လျှင် အဆုံးရှိသော အဆိပ်ပမာ ဆင်းရဲဒုက္ခ၏ အကြောင်းရင်းကောဓကို ပယ်သတ်ခြင်းကို အရိယာပုဂ္ဂိုလ်တို့ ချီးမွမ်းတော်မူကြပုံ၊ ကောဓကို ပယ်ဖျောက် ဖျက်ဆီး ခြင်းကြောင့် စိုးရိမ်ပူပန်မှု မရှိတော့ပုံကို ဘုရားရှင် ဖြေကြားတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌လည်း သိသင့်သည်များကို ဖွင့်ပြ ထားပါသည်။


[၂] သိကြားမင်း မေးလျှောက်ခြင်းကြောင့် အထက်ပါ သုတ်အတိုင်းပင် ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၃]

ကိုးကား ပြင်ဆင်ရန်

  1. -သံ၊၁၊၃၈။ သံ၊မြန်၊၁၊၃၈။ သံ၊ဋ္ဌ၊၁၊၉၀-၁။ သံ၊ဋီ၊၁၊၁၃၅။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၁-ဒေဝတာသံယုတ္တ၊ ၈-ဆေတွာဝဂ္ဂ၊ ပဌမသုတ်။
  2. -သံ၊၁၊၂၃၉။ သံ၊မြန်၊၁၊၂၂၂။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၁၁-သက္ကသံယုတ္တ၊ တတိယဝဂ္ဂ။ ပဌမသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ