ဆောင်းဦးရာသီ(အင်္ဂလိပ်ဘာသာတွင် Autumn ဟုသုံးနှုန်း၍ အမေရိကန်နှင့် ကနေဒီယန်အင်္ဂလိပ်စာတွင် fall ဟုသုံးသည်။[၁]) သည် သမပိုင်း ရာသီ လေးခုတွင် ပါဝင်ပြီး နွေရာသီမှ ဆောင်းရာသီအကြားတွင် တည်ရှိသည်။ မြောက်ကမ္ဘာခြမ်းတွင် စက်တင်ဘာလမှ စတင်ပြီး တောင်ကမ္ဘာခြမ်းတွင် မတ်လမှ စတင်သည်။ ဆောင်းဦးဝင်လာသည်နှင့် နေ့အလင်းရောင်ရရှိမှုသည် သိသိသာသာ တိုတောင်းသွားပြီး အအေးဓာတ်သည်လည်း တဖြည်းဖြည်း ပို၍လာကာ ရွက်ပြတ်ပင်တို့မှ ကြွေကျလာသော ရွက်ကြွေတို့သည် ရာသီ၏ သွင်ပြင်ကို လှစ်ဟနေသကဲ့သို့ ရှိသည်။

သဘာဝပတ်ဝန်းကျင်ကဏ္ဍမှ အပိုင်းတစ်ခုဖြစ်သည့်

ရာသီ
 
ဥတုလေးပါး ပြက္ခဒိန်
နွေဦး နွေဥတု

ဆောင်းဦး ဆောင်းဥတု

ခြောက်သွေ့ ရာသီ စိုစွတ် ရာသီ

မုန်တိုင်းများ

ထစ်ချုန်း လေနီကြမ်း Supercell
စိုက်ဆင်းလေပြင်း မိုးကြိုးပစ်ခြင်း
လေဆင်နှာမောင်း ရေဆင်နှာမောင်း
ဒေသတွင်း ဆိုင်ကလုန်း(ဟာရီကိန်း)
ဒေသပြင်ပ ဆိုင်ကလုန်း
ဆောင်းရာသီ မုန်တိုင်း နှင်းမုန်တိုင်းရေခဲမုန်တိုင်း

သဲမုန်တိုင်း%;"| မိုးရွာ၊ ဆီးနှင်းကျခြင်း

မိုးဖွဲရွာခြင်း မိုးရွာခြင်း နှင်းကျခြင်း နှင်းသီးကြွေခြင်း
မိုးရွာရေခဲခြင်း ရေခဲစေ့ ရွာခြင်း မိုးသီးကြွေခြင်း

ခေါင်းစဉ်များ

မိုးလေဝသ၊ ရာသီဥတုလေ့လာခြင်းအတတ် ရာသီဥတု
မိုးလေဝသ ခန့်မှန်းချက်
အပူလှိုင်း လေထုညစ်ညမ်းမှု

ရာသီ ပေါ်တယ်လ်

ရှည်လျားပူပြင်းသော ရာသီမှလွန်လာကာ ဆောင်းဦးရာသီစဝင်လာနှင့် ဆောင်းဦးအလယ်ကဲ့သို့ အချို့သော ယဉ်ကျေးမှုတို့သည် ဆောင်းဦးကာလ နေ့ညညီချိန်တို့နှင့် ဆက်နွယ်နေသည်။[၂] မိုးလေဝသပညာရှင်များ (အထူးသဖြင့် တောင်ကမ္ဘာခြမ်းရှိ အပူပိုင်းနိုင်ငံအများစုတွင်)[၃] ဆောင်ဦးကာလကို မြောက်ကမ္ဘာခြမ်းတွင် စက်တင်ဘာ၊ အောက်တိုဘာနှင့် နိုဝင်ဘာလများ၊ တောင်ကမ္ဘာခြမ်းတွင် မတ်၊ ဧပြီနှင့် မေလများအဖြစ် ဂရီဂေါရီးယန်းပြက္ခဒိန်မှ လများကို အခြေခံ၍ သတ်မှတ်ထားသည်။[၄]

မြောက်အမေရိကတွင် ဆောင်းဦးကာလကို စက်တင်ဘာ နေ့ညညီချိန်(၂၁ - ၂၄ စက်တင်ဘာ)[၅]တွင် စတင်ပြီး ဒီဇင်ဘာလ၏ ယဉ်စွန်းချိန်(၂၁- ၂၂ ဒီဇင်ဘာ)[၆]တွင် ပြီးဆုံးသည်ဟု မှတ်ယူကြသည်။ မြောက်အမေရိက၏ အလုပ်သမားနေ့သည် စက်တင်ဘာလ၏ ပထမဆုံး တနင်္လာနေ့ဖြစ်ရာ နွေရာသီကုန်ဆုံးပြီး ဆောင်းဦးကာလစတင်ပြီမို့ အဖြူရောင်အင်္ကျီများဝတ်ဆင်ခြင်းကဲ့သို့ နွေကာလတုန်းက စောင့်စည်းပြုမှုဖွယ် အမူကိစ္စအားလုံးမှ လွတ်မြောက်နိုင်ပြီ ဖြစ်သည်။[၇] နေ့ခင်းနှင့် ညခင်းအပူချိန်တို့လည်း လျော့ကျလာကာ ရော်ရွက်တို့လည်း ကြွေကျလာကြပြီ ဖြစ်သည်။[၈] အရှေ့အာရှရိုးရာပြက္ခဒိန် (solar term)များတွင် ဆောင်းဦး သည် ဩဂုတ်လ ၈ ရက် သို့မဟုတ် ထိုရက်တဝိုက်တွင် စတင်ပြီး နိုဝင်ဘာ ၇ ရက်နှင့် ထိုရက်ပတ်လည်တွင် ကုန်ဆုံးသည်ဟု ဆိုကြသည်။ အိုင်ယာလန်နိုင်ငံတွင် အမျိုးသား မိုးလေဝသဌာန ( Met Éireann) အရ ဆောင်းဦးလများမှာ စက်တင်ဘာ၊ အောက်တိုဘာနှင့် နိုဝင်ဘာလများ ဖြစ်သည်။[၉] ဩစတေးလျနိုင်ငံနှင့် နယူးဇီလန်နိုင်ငံများတွင် မတ်လ ၁ ရက်နေ့မှ မေလ ၃၁ ရက်နေ့သည် တရားဝင် ဆောင်းဦးရာသီကာလ ဖြစ်သည်။[၁၀]

ခရီးသွားလုပ်ငန်း ပြင်ဆင်ရန်

ရွက်ပြတ်ပင်ရှိရာဒေသများလိုပင် ဆောင်းဦး၌ အရွက်များ အရောင်ပြောင်းလဲသွားခြင်းကို တွေ့ရသော်လည်း အထူးသဖြင့် မြောက်အမေရိကရှိ ဒေသအများအပြား၊ အရှေ့အာရှ(တရုတ်ကိုရီးယားနှင့် ဂျပန်တို့ပါဝင်)၊ ဥရောပ၊ ပန်တာဂိုးနီးယားဒေသရှိ သစ်တောများ၊ ဩစတေးလျအရှေ့ပိုင်းနှင့် နယူးဇီလန် တောင်ပိုင်းကျွန်းတို့တွင် ဆောင်ဦးသစ်ရွက်ရောင်များကို ကြည့်ရှုနိုင်သည်။

ကနေဒါအရှေ့ပိုင်းနှင့် နယူးအင်္ဂလန်တို့၏ ဆောင်းဦးအရွက်ရောင်များသည် ထင်ရှားလှပြီး[၁၁][၁၂] ခရီးသွားများကို အဓိက ဆွဲဆောင်မှုဖြစ်ခဲ့ရာ ဒေသအတွက် ထိုလုပ်ငန်းမှ အမေရိကန်ဒေါ်လာအများအပြားကို ရှာဖွေပေးနိုင်ခဲ့သည်။[၁၃][၁၄]


ကိုးကား ပြင်ဆင်ရန်

  1. Oxford Dictionary on the North American usage of Fall။ 30 March 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 February 2018 တွင် ပြန်စစ်ပြီး။
  2. NOAA's National Weather Service - Glossary။ Crh.noaa.gov။ 2010-08-06 တွင် ပြန်စစ်ပြီး။
  3. New Zealand Weather and Climate, New Zealand Weather, Temperatures and Climate in New Zealand။ Tourism.net.nz။ 2010-08-06 တွင် ပြန်စစ်ပြီး။
  4. Weather Centre - Features - Understanding Weather - Autumn Forecasting။ BBC။ 4 September 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-08-06 တွင် ပြန်စစ်ပြီး။
  5. Kanalley၊ Craig။ "First Day Of Fall 2010: Autumn Equinox Photos"၊ The Huffington Post၊ 22 September 2010။ 2010-09-22 တွင် ပြန်စစ်ပြီး။ Archived from the original on 24 September 2010။ 
  6. Winter Solstice 2017: The First Day of Winter | Facts, Folklore, and More | The Old Farmer's Almanac
  7. Laura FitzPatrick။ "Why We Can't Wear White After Labor Day"၊ Time၊ September 8, 2009။ February 25, 2011 တွင် ပြန်စစ်ပြီး။ Archived from the original on 3 March 2011။ 
  8. Arnold၊ Kathy (11 October 2010)။ Travel။ 15 October 2015 တွင် ပြန်စစ်ပြီး။
  9. The Weather of Autumn 2007 (September, October & November summary) (PDF)။ Met Éireann - The Irish Meteorological Service Online (3 December 2007)။ 30 December 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 October 2012 တွင် ပြန်စစ်ပြီး။
  10. You must specify archiveurl = and archivedate = when using {{cite web}}.So when do we actually start the seasons?။ Museumvictoria.com.au။ 2010-09-03 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-08-06 တွင် ပြန်စစ်ပြီး။
  11. Nova Scotia Capitalizes on Fall Tourism | Government of Nova Scotia။ Gov.ns.ca (21 September 1999)။ ၂၀၁၈-၀၂-၂၆ တွင် ပြန်စစ်ပြီး။
  12. Ross၊ Ben။ "The Complete Guide to Leaf-Peeping & Advice, Travel"၊ The Independent၊ 14 September 2002။ ၂၀၁၈-၀၂-၂၆ တွင် ပြန်စစ်ပြီး။ Archived from the original on 25 September 2015။ 
  13. Shir Haberman။ Leaf peepers storm N.H., Maine။ SeacoastOnline.com။ 14 September 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀၁၈-၀၂-၂၆ တွင် ပြန်စစ်ပြီး။
  14. "Record New England Rains Make Foliage `a Dud,' Hurt Tourism"၊ Bloomberg L.P.၊ 4 November 2005။ ၂၀၁၈-၀၂-၂၆ တွင် ပြန်စစ်ပြီး