ဆေးကျော်ကြီး
Plantago major | |
---|---|
မျိုးရိုးခွဲခြားခြင်း | |
လောက: | Plantae |
Clade: | Angiosperms |
Clade: | Eudicots |
Clade: | Asterids |
မျိုးစဉ်: | Lamiales |
မျိုးရင်း: | Plantaginaceae |
မျိုးဇာတ်: | Plantagineae |
မျိုးစု: | Plantago |
မျိုးစိတ်: | P. major
|
ဒွိနာမ | |
Plantago major |
အလွန်အေး၍ မြင့်မားသော တောင်ပေါ် အရပ် ဒေသ၌သာ ပေါက်ရောက်သည်။ ပြင်ဦးလွင်နှင့် အနီးတစ်ဝိုက် ဒေသများတွင် တွေ့ရှိရသည်။ သဘာဝ အလျောက် ပေါက်ရောက်၏။
ပုံသဏ္ဌာန်
ပြင်ဆင်ရန်အပင်
ပြင်ဆင်ရန်မြေ၌ ကပ်ပေါက်သည့် မိုးသက်ပင်ငယ်မျိုးဖြစ်သည်။
အရွက်
ပြင်ဆင်ရန်အရွက်များ ရွက်ထိပ်ဝိုင်း သို့မဟုတ် အနည်းငယ် ချွန်ပြီး ရွက်ရင်း သွယ်သည်။ ရွက်ညှာရှည်သည်။ ရွက်နား ခွေးသွားစိပ်ယောင်ယောင် ရှိ၍ လှိုင်းတွန့် အနည်းငယ်ရှိသည်။ အရွက်ရိုးတံ အရွက်ရင်းကို ချိုး၍ ဆွဲကြည့်သော် ကြက်ပေါင်းစေးကဲ့သို့ လည်းကောင်း ၊ ချည်မျှင်ကလေးများ ကဲ့သို့ လည်းကောင်း သေးငယ်၍ ဖြူသော အမျှင် ကလေးများ ဖြစ်ပေါ် လာသည်။
အပွင့်
ပြင်ဆင်ရန်ပွင့်ညှာတံ လုံးပြီး အုန်းလက်တံ ခန့် ရှိသည်။ အလျား ၇-၈ လက်မထိ ရှည်သည်။ ပွင့်ညှာတံ ၏ ၃ ပုံ ၂ ပုံ ခန့် ထိ သေးငယ်သော အပွင့်များ စီတန်း လျက် ပွင့်သည်။ ပွင့်တံကိုင်း ၄-၇ ထိ ထွက်၏။
အသီး
ပြင်ဆင်ရန်အစေ့များ အလွန်သေးငယ် ပြီး ချွဲကပ်စေးထန်၏။
အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ
ပြင်ဆင်ရန်- အရွက်၊
- ပဉ္စငါးပါး ၊
- အမြစ်။
မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ
ပြင်ဆင်ရန်အလွန်အေး၍ မြင့်မား သော တောင်ပေါ် အရပ် ဒေသ၌သာ ပေါက်ရောက်သည်။ ပြင်ဦးလွင် နှင့် အနီး တစ်ဝိုက် ဒေသများတွင် တွေ့ရှိရသည်။ သဘာ၀ အလျောက် ပေါက်ရောက်၏ ။
အသုံးဝင်ပုံ
ပြင်ဆင်ရန်မြန်မာ ဆေးကျမ်းများ အလိုအရ အရွက်သည် အေး၏ ၊ ဆီးရွှင်စေ၏ ၊ အပင်သည် အဆစ်အဆက် ရောင်ရမ်း ကိုက်ခဲခြင်း ၊ ဝမ်းတွင်း၌ ရစ်ခြင်း ၊ နာကျင်ကိုက်ခဲခြင်း တို့ကို ပျောက်ရန် အတွင်းဆေး ၊ အပြင်ဆေး အဖြစ် သုံးနိုင်သည်။ အားတိုးဆေး အဖြစ်လည်း များစွာ အသုံးပြုရ၏။
အသုံးပြုပုံ
ပြင်ဆင်ရန်အရွက်
ပြင်ဆင်ရန်- ပျား ၊ ပဆုပ် ပနီ ၊နဂျီ စသည့် အဆိပ်ရှိ သည့် သတ္တဝါ များ တုပ်ခြင်း ကိုက်ခြင်း နှင့် အခြား အဆိပ်သင့်သော ရောဂါ များ အတွက် အရွက် အစိမ်းကို ညက်ညက် ကြိတ်၍ ကိုက်သော ဒဏ်ရာ များ ၌ လိမ်းပေးခြင်း ၊ အုံကပ်ပေးခြင်းဖြင့် အဆိပ်များ မြန်စွာ ပြေပျောက်၏ ။ အနာများမှ လည်းကောင်း ၊ ထိခိုက်ရှနာ သော ဒဏ်ရာများ မှလည်းကောင်း ၊ သွေးစိမ်းများ ယိုသောအခါ ၌ အထက်ပါ အတိုင်း ပြုလုပ်ပေး ခြင်းဖြင့် သွေးယိုစီးခြင်း ကို ရပ်တန့်စေ၏။
- အရွက်ပြုတ်၍ ဖန်ရည်ဆေးပေးပါက အနာများ ပြည်ပုပ် သွေးပုပ် စင်ကြယ်၍ အသားနု တက်လွယ်စေ၏။
- ခံတွင်း၌ ပူလောင်ပေါက်ကွဲ ခြင်း၊ အပူဖုအပူ အိတ် များ ပေါက်ခြင်း ၊ လျှာကွဲလျှာနာ ဖြစ်ခြင်း ၊ သွားကိုက်သွားနာ ၊ သွားဖုံးရောင်ခြင်း၊ သွားရင်းမှ ပြည်သွေးများ ယိုစီးခြင်း ၊ ရေစီး ကမ်းပြိုဖြစ်ခြင်းများ အတွက် အရွက်ပြုတ်ရည် ကို ခပ်နွေးနွေး ငုံပေးသော် ပျောက်၏။
- အရွက်ကြိတ်ညှစ်ရည်ကို နားတွင်းသို့ တစ်နေ့ ၂ ကြိမ် ၃ ကြိမ် မျှ ခပ်ပေးသော် နားကိုက်နားပြည် ယို ရောဂါ ပျောက်၏။
- ၎င်း ကြိတ်ညှစ်ရည်ကို ရက်ရှည်စွဲ သောက်သော် ငှက်ဖျား ရောဂါ အမြစ်ပြတ်၏။
- အရွက်ကို ကျက်ကျက် ပြုတ်၍ တစ်နေ့ ၂ ကြိမ် မျှ ၎င်း ပြုတ်ရည် အခိုး အငွေ့ မှိုင်းခံ ခြင်း ဖြင့် မိန်းမများ မီးယပ်ဖြူ ဆင်းခြင်း ၊ ကျားမ မရွေး ညောင်းကျခြင်း ၊ လိပ်ခေါင်း ရောဂါ ဖြစ်ခြင်းနှင့် ဖောရောင်ခြင်း ပျောက်၏။
- အရွက် ကို မီးကင်၍ တစ်နေ့ ၂ ကြိမ်မျှ ကပ်ပေးသော် စူးနေသော ဆူးများ အလိုအလျောက် ကျွတ်ထွက် ၏ ။ မကျက်နိုင်သော အနာ များလည်း အမြန်ကျက်၍ ပျောက်လွယ်၏။
- အရွက်ပြုတ်ရည် ကို သကြားသင့်ရုံ ထည့်သောက်ပါက ဆီးပူခြင်း၊ နီခြင်း ၊ ဆီးနည်းခြင်း ၊ မိတ်ထွက်ခြင်း ၊ အနာမီး အနာလျှံ အနာစက် များ ပေါက်ခြင်းနှင့် ဝမ်းတွင်း၌ အပူအားကြီး ခြင်းများ ပျောက်၏။
ပဉ္စငါးပါး
ပြင်ဆင်ရန်- ပဉ္စငါးပါးကို ရေနှင့် ကျို၍ မှန်မှန် သောက်သော် ဆီးချို ရောဂါ ပျောက်၏။
- အဆုတ်ရောဂါ အတွက် ပဉ္စငါးပါး ကြိတ်ညှစ် ရည်ကို နံနက် မှန်မှန် သောက်သော် ပျောက်၏။
အမြစ်
ပြင်ဆင်ရန်နာတာရှည် အဖျား ၊ ရက်ခြား ဖျား ရောဂါများအတွက် အရွက် နှင့်အမြစ်ကို ပြုတ်သောက်သော် အဖျားပျောက်၏။ [၂]