ဆေးခြောက်ပင်
ဆေးခြောက်ပင် | |
---|---|
Common hemp | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Plantae |
Clade: | Angiosperms |
Clade: | Eudicots |
Clade: | Rosids |
မျိုးစဉ်: | Rosales |
မျိုးရင်း: | Cannabaceae |
မျိုးစု: | Cannabis L. |
မျိုးစိတ် | |
|
ဆေးခြောက်ပင်ကို ရုက္ခဗေဒ အလိုအားဖြင့် 'ကန္နာဗစ် ဆာတီဗား'ဟု ခေါ်သည်။ အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် ဆေးခြောက်ပင်ကို လျှော်အတွက်သာမက အရွက်နှင့်အပွင့်များ အတွက်လည်း စိုက်ပျိုးကြသည်။ ဆေးခြောက်ပင်၏ အရွက်နှင့် အခက်နုကလေးများကို အခြောက်လှန်းသောအခါ၊ ဘင်းခေါ် မူးယစ်စေတတ်သည့် ပစ္စည်း တစ်မျိုးကိုရသည်။ ဆေးခြောက်ပင်၏ ပန်းပွင့်ရှိရာအခက်အလက်များကို လက်နှင့်ပွတ်၍ ချေသောအခါ အစေးတမျိုးထွက်လာသည်။ ထိုအစေးကို ဆေးတံသောက်ဆေးနှင့်လည်းကောင်း၊ တမာကူးနှင့်လည်းကောင်း ရော၍ ရှူကြသည်။ ဆေးခြောက်ပင်၏အပွင့်ခြောက် သို့မဟုတ် ပန်းခြောက်ကို မုန့်၊ ဝေါ်ကိ၊ ရှော်ကပ်၊ အီစိုင်၊ ဒိန်း စသဖြင့် ခေါ်ဝေါ်သတ်မှတ်ကာ ဆေးလိပ်ကဲ့သို့ သောက်ခြင်း၊ ဟင်းနဲ့ရောချက်ခြင်း နှင့် သရေစာမုန့် လုပ်စားခြင်းဖြင့် အသုံးပြုကြသည်။ ဝေါ်ကိ ကို ယနေ့အချိန်တွင် အနောက်နိုင်ငံများ၌ အပန်းဖြေခြင်းနှင့် ဆေးဘက်ဆိုင်ရာ အသုံးပြုခြင်းများအတွက် ခွင့်ပြုခဲ့ကြပြီဖြစ်သော်လည်း ဖွံ့ဖြိုးဆဲ အာရှနိုင်ငံများတွင်မူ ဆေးဘက်ဆိုင်ရာ သုံးစွဲရန်အတွက်ပင် ကြိုးပမ်းနေကြရဆဲ ဖြစ်သည်။
အပင်ပေါက်ရာဒေသကိုစွဲ၍ ဆေးခြောက်ပင်အမည် အမျိုးမျိုးရှိသည်။ ထင်ရှားသောဆေးခြောက်ပင် သုံးမျိုးမှာ
- အိန္ဒိယဆေးခြောက်
- အမေရိကန် ဆေးခြောက်
- အာဖရိက ဆေးခြောက်တို့ဖြစ်သည်။
အိန္ဒိယဆေးခြောက်ကို ဗင်္ဂလားဂံဂျာနှင့် ဘုံဘိုင်ဂံဂျာဟူ၍ နှစ်မျိုးခွဲထားသည်။ ဗင်္ဂလား
ဂံဂျာကို အိန္ဒိယနိုင်ငံနှင့် အနောက်အိန္ဒိယကျွန်းစုတွင် များစွာ အသုံးပြုကြသည်။ ယင်းကို အများအားဖြင့် ကာလကတ္တားမြို့
မြောက်ပိုင်းနှင့် ဘုံဘိုင်မြို့အရှေ့ပိုင်းတွင် စိုက်ပျိုးသည်။ အမေရိကန် ဆေးခြောက်သည် အိန္ဒိယဆေးခြောက်ကဲ့သို့ အစေးမများလှ
ချေ။ ယင်းကို တောင်ပိုင်းနှင့်မြောက်ပိုင်း ကယ်ရိုလီးနား၊ အီလီနွိုင်၊ အင်ဒီယားနား၊ နယူးယော့၊ ဝစ္စကွန်းဆင်း၊ ကင်တပ်ကီး၊ တက်ဆက်နှင့် မိဘူးရီပြည်နယ်တို့မှ တင်ပို့သည်။
အာဖရိကတိုက် အရှေ့ဘက်ကမ်းခြေနှင့် အနောက်ဘက်ကမ်းခြေ
အနီးတို့တွင်ပေါက်သော ဆေးခြောက်ပင်မှ အရွက်နှင့် အပွင့်များကို အများအားဖြင့် ဇန်ဇိဗာမြို့မှတင်ပို့သည်။ ကွန်ဂိုမြစ်နှင့်
ဇမ်ဗီဇီမြစ်မှ ရေသွင်းယူရသော အာဖရိကတိုက် အလယ်ပိုင်းဒေသတွင် ပေါက်သည့် ဆေးခြောက်ပင်မှ အရွက်နှင့် အပွင့်များကိုလည်း ဇန်ဇိဗာမှ တင်ပို့သည်။
ဆေးခြောက်ပင်မှ ဘင်းကို အပူပိုင်းနိုင်ငံများ၌သာ ရနိုင်သည်။ အအေးပိုင်းနိုင်ငံများရှိ ဆေးခြောက်ပင်မှ ဘင်းကို မရနိုင်ခြင်းမှာ ထူးခြားသည်။ အိန္ဒိယနိုင်ငံလုံးတွင် ထိုဘင်းကိုပင် ဘိန်းအစားအသုံးပြုကြသည်။ သို့ရာတွင် အစိုးရထံမှ လိုင်စင်ရမှသာ ထိုအပင်ကို စိုက်ပျိုးနိုင်သည်။ [၁]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)