ဆေးပညာမဟာသိပ္ပံဘွဲ့
ဤ ဆောင်းပါး သို့မဟုတ် အပိုင်းသည် ချဲ့ကားရေးသားနေဆဲ သို့မဟုတ် အကြီးစား ပြန်လည်တည်းဖြတ်နေဆဲဖြစ်ပြီး သင်လည်း ပါဝင်ကူညီ ရေးသားနိုင်သည်။ အကယ်၍ ဤဆောင်းပါး သို့မဟုတ် အပိုင်းသည် ရက်အနည်းငယ်ကြာသည်အထိ ပြင်ဆင်ခြင်းမရှိပါက ဤတမ်းပလိတ်ကို ကျေးဇူးပြု၍ ဖယ်ရှားလိုက်ပါ။ အကယ်၍ သင်သည် ဤတမ်းပလိတ်ကို ထည့်သွင်းသူ ဖြစ်ပြီး တည်းဖြတ်နေဆဲဖြစ်ပါက တည်းဖြတ်မှု တစ်ခုနှင့် တစ်ခုအကြားတွင် ကျေးဇူးပြု၍ ဤတမ်းပလိတ်အား {{in use}} ဖြင့် အစားထိုးပါ။
ဤ ဆောင်းပါး အား InternetArchiveBot (ဆွေးနွေး | ပံ့ပိုး) မှ ၂ လ အကြာက နောက်ဆုံးပြင်ဆင်ခဲ့သည်။ (ရှင်းသန့်ရန်) |
ဆေးပညာမဟာသိပ္ပံဘွဲ့သည် ဆေးပညာဘွဲ့ရရှိပြီးသူများ အထူးကု အထူးပြုဘာသာရပ်များကို လေ့လာဆည်းပူးပြီးနောက် ကျွမ်းကျင်တတ်မြောက်သည့်အခါ ဆေးကျောင်းများမှ ပေးအပ်သော မဟာဘွဲ့ (Master's degree) အမျိုးအစားဖြစ်သည်။ မြန်မာနိုင်ငံတွင် အင်္ဂလိပ်ဘာသာဖြင့် Master of Medical Science (MMedSc) ဟု ခေါ်ကြသည်။ ဆေးပညာမဟာသိပ္ပံဘွဲ့ရရှိပြီးနောက် သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများ၏ ကြီးကြပ်မှုအောက်တွင် အနည်းဆုံး၂ နှစ်တာဝန်ထမ်းဆောင်ပြီးကြောင်း အထောက်အထားပြနိုင်သောဆရာဝန်များကို မြန်မာနိုင်ငံဆေးကောင်စီက အထူးဆေးကုသခွင့်လိုင်စင် ထုတ်ပေးသည်။[၁]
သမိုင်းကြောင်း
ပြင်ဆင်ရန်ဆေးတက္ကသိုလ် မန္တလေးတွင် ဇီဝကမ္မဗေဒ ဆေးပညာမဟာသိပ္ပံ ဘွဲ့လွန်သင်တန်းကို ၁၉၆၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ရာ မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များတွင် ပထမဆုံးဖွင့်လှစ်သော ဆေးပညာမဟာသိပ္ပံဘွဲ့လွန်သင်တန်းဖြစ်သည်။[၂]
ဆေးတက္ကသိုလ် (၁) ရန်ကုန်တွင် နှစ်အလိုက် စတင်ဖွင့်လှစ်ခဲ့သော ဆေးပညာမဟာသိပ္ပံသင်တန်းများ[၃]
- ၁၉၇၁ - ခန္ဓာဗေဒ၊ ဆေးပညာ၊ ခွဲစိတ်ကုပညာ၊ သားဖွား မီးယပ်ပညာ
- ၁၉၇၂ - ဇီဝကမ္မဗေဒ၊ အရိုးရောဂါပညာ
- ၁၉၇၄ - ဆေးဝါးဗေဒ
- ၁၉၇၇ - ကလေးကျန်းမာပညာ
- ၁၉၈၀ - မျက်စိရောဂါပညာ
- ၁၉၈၂ - ပြည်သူ့ကျန်းမာရေး
- ၁၉၈၇ - နား၊ နှာခေါင်း၊ လည်ချောင်းရောဂါပညာ
- ၁၉၉၁ - ရောဂါဗေဒ
- ၁၉၉၂ - မေ့ဆေးပညာ၊ အဏုဇီဝဗေဒ၊ ဓာတ်မှန်ပညာ
- ၁၉၉၃ - ဇီဝဓာတုဗေဒ
- ၁၉၉၉ - ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးဆေးပညာ၊ စိတ်ကျန်းမာပညာ
- ၂၀၀၀ - ဥပဒေရေးရာဆေးပညာ
- ၂၀၀၁ - အရေပြားရောဂါပညာ၊ ကင်ဆာရောဂါဆေးပညာ၊ ဆေးရုံအုပ်ချုပ်မှုပညာ
- ၂၀၀၆ - ဓာတ်ရောင်ခြည်ဆေးပညာ
ဆေးတက္ကသိုလ် (၂) ရန်ကုန်တွင် ၁၉၇၃ ခုနှစ်က ခန္ဓာဗေဒ နှင့် ဇီဝကမ္မဗေဒ ဆေးပညာမဟာသိပ္ပံဘွဲ့ သင်တန်းများကို စတင်ဖွင့်လှစ်ခဲ့သည်။[၄]
မြန်မာနိုင်ငံဆေးတက္ကသိုလ်များတွင် ဆေးပညာမဟာသိပ္ပံဘွဲ့ပေးသော အထူးပြုဘာသာရပ်များ
ပြင်ဆင်ရန်- ခန္ဓာဗေဒ
- ဇီဝကမ္မဗေဒ
- ဇီဝဓာတုဗေဒ
- ဆေးဝါးဗေဒ
- အဏုဇီဝဗေဒ
- ရောဂါဗေဒ
- ကာကွယ်ရေးနှင့် အပူပိုင်းဆေးပညာ
- ဥပဒေရေးရာဆေးပညာ
- နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်ကုပညာ
- မေ့ဆေးပညာ
- ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးဆေးပညာ
- အရေပြားရောဂါပညာ
- မျက်စိရောဂါပညာ
- စိတ်ကျန်းမာပညာ
- အရေးပေါ်ကုသမှုဆေးပညာ
- ဆေးပညာ
- ခွဲစိတ်ကုပညာ
- သားဖွား မီးယပ်ပညာ
- ကလေးကျန်းမာပညာ
- ရင်ခေါင်းခွဲစိတ်ကုပညာ
- ကလေးခွဲစိတ်ကုပညာ
- ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုပညာ
- ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းခွဲစိတ်ကုပညာ
- နှလုံးနှင့်သွေးကြောခွဲစိတ်ကုပညာ
- အရိုးရောဂါပညာ
- ဓာတ်မှန်ပညာ
- ပြည်သူ့ကျန်းမာရေး
- ဆေးရုံအုပ်ချုပ်မှုနှင့် ကျန်းမာရေးစီမံခန့်ခွဲမှုပညာ
- ကင်ဆာရောဂါဆေးပညာ
- ဓာတ်ရောင်ခြည်ဆေးပညာ
ဘွဲ့ရပြီးသူ အရေအတွက်
ပြင်ဆင်ရန်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတစ်ခုလုံးတွင် ၁၉၆၄ မှ ၂၀၁၉ အထိ ဆေးပညာမဟာသိပ္ပံဘွဲ့ရသူပေါင်း ၉၉၄၁ မွေးထုတ်ခဲ့သည်။[၈] တပ်မတော်ဆေးတက္ကသိုလ်တွင် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပသော ၂၁ ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားအထိ ဆေးပညာမဟာသိပ္ပံဘွဲ့ရသူပေါင်း ၂၁၃၆ ဦး ရှိသည်။[၉]
ကိုးကား
ပြင်ဆင်ရန်- ↑ မြန်မာဆရာဝန်များအတွက် အထူးဆေးကုသခွင့်လိုင်စင် စတင်ထုတ်ပေးမည်၊ 7Day News[လင့်ခ်သေ]
- ↑ ဆေးတက္ကသိုလ် (မန္တလေး)
- ↑ Facts and Figures, University of Medicine 1 Yangon။ 23 January 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 December 2020 တွင် ပြန်စစ်ပြီး။
- ↑ History of University
- ↑ (၂၀၁၉) ပညာသင်နှစ် ဘွဲ့လွန်ဆေးပညာသင်တန်းများအတွက် လျှောက်လွှာခေါ်ယူခြင်း[လင့်ခ်သေ] ဆေးတက္ကသိုလ် (၂) ရန်ကုန်။ ၆ စက်တင်ဘာ ၂၀၁၈
- ↑ ကြေညာချက် ၂၀၂၀ ပညာသင်နှစ် ဆေးတက္ကသိုလ် မန္တလေးတွင် ဖွင့်လှစ်မည့် ဘွဲ့လွန်သင်တန်းများသို့ တက်ရောက်ခွင့်ရသူများ[လင့်ခ်သေ] ဆေးတက္ကသိုလ် မန္တလေး။ ၅ နိုဝင်ဘာ ၂၀၁၉
- ↑ ၂၀၁၇ ပညာသင်နှစ် ဘွဲ့လွန်ဆေးပညာသင်တန်းများအတွက် လျှောက်လွှာခေါ်ယူခြင်း ဆေးတက္ကသိုလ် မကွေး။ ၂၉ ဇွန် ၂၀၁၆
- ↑ ဘွဲ့လွန်သင်တန်းများဝင်ခွင့် ရွေးချယ်ရေးနှီးနှောဖလှယ်ပွဲ ကျင်းပ၊ ပြန်ကြားရေးဝန်ကြီးဌာန ၂၆ ဖေဖော်ဝါရီ ၂၀၂၀
- ↑ တပ်မတော်ဆေးတက္ကသိုလ်(၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ။ 16 August 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 December 2020 တွင် ပြန်စစ်ပြီး။