ဆေးပေါ့လိပ်
ဆေးပေါ့လိပ်ဆိုသည်မှာ မြန်မာပြည်တွင် သောက်သုံးနေသော ဆေးလိပ် အမျိုးအစား တစ်မျိုးဖြစ်ပြီး သနပ်ဖက်ထဲတွင် ဆေးရွက်ကြီးအမှုန့်ကို ထည့်သွင်း၍ လိပ်ထားခြင်းပင် ဖြစ်သည်။
မြန့်မာ့သမိုင်း
ပြင်ဆင်ရန်ကုန်းဘောင်ခေတ်နှောင်းတွင် သီပေါမင်းသည် သူ့၏အစ်မ တစ်ဝမ်းကွဲတော်သူ ကနောင်မင်း၏ သမီးတော် ဒုတိယ ရန်အောင်မြေထိပ်ခေါင်တင် လိပ်သည့် ဆေးပေါ့လိပ်ကိုမှ သောက်သည်ဟု အဆိုရှိခဲ့သည်။ အလားတူပင် ပါတော်မူသောအချိန်၌ ဘီရိုလှည်းပေါ်မှ စုဖုရားလတ်သည် ဆေးလိပ်သောက်ချင်သည့်အတွက် ဘေး၌ရှိသော ဂေါ်ရာစစ်သားများကို မီးခြစ်လှမ်းတောင်းသည်ဆိုသော မှတ်တမ်းမှတ်ရာများလည်း ရှိခဲ့သည်။ H. Fielding Hall ရေးသော Thibaw's Queen စာအုပ်တွင်လည်း အဝေးရောက် မိုးကောင်းမြို့ဝန်သမီး (၉)နှစ်မျှရှိသော မယ်မြသည် စီးကရက်လိပ်သည့် ရွှေသေတ္တာကို ပိုက်ပြီး အမြဲလိုက်နေရသည်ဟု ပါရှိလေသည်ကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံတွင် ဆေးပေါ့လိပ်သောက်ခြင်းသည် အလေ့အထတစ်ခုအဖြစ် ရှိနေပြီး ဖြစ်သည်။
ဆေးစပ်နည်း
ပြင်ဆင်ရန်ဆေးပေါ့လိပ်ကို ဆေးစပ်ရာတွင် ကုန်းဆေး နှင့် ကျွန်းဆေးဟု ခေါ်သော ဆေးနှစ်မျိုးကို ရောစပ်၍ အသုံးပြုလေ့ ရှိကြသည်။ ကုန်းဆေး ရာခိုင်နှုန်းများပါက ဆေးစပ်ပြင်းပြီး ကျွန်းဆေး ရာခိုင်နှုန်းများပါက ဆေးစပ်ပျော့သည်။ ဆေးလိပ်ခုံများသည် ရာသီဥတု အပေါ်တွင် မူတည်၍ ဆေးစပ်ကို ပြောင်းလဲလေ့ ရှိကြသည်။ ဥပမာ အားဖြင့် ဆောင်းရာသီတွင် ဆေးစပ်ကို အပြင်းစား စပ်လေ့ ရှိကြပြီး နွေရာသီတွင် ဆေးကို အပျော့စား စပ်လေ့ ရှိကြသည်။ သို့ရာတွင် ဆေးရွက်ကြီး သက်သက်ဖြင့် ဆေးစပ်ပါက ဆေးပေါ့လိပ်ကို ကြာရှည်စွာ မီးမစွဲနိုင်ပေ။ ထို့အတွက်ကြောင့် အရက်ကို ဆေးထဲတွင် ထည့်သွင်း ရောစပ်ခြင်းအားဖြင့် ဆေးပေါ့လိပ်ကို ကြာရှည်မီးစွဲအောင် ပြုလုပ်လေ့ ရှိကြသည်။ အရက်သည် ဆေးပေါ့လိပ် မီးစွဲခြင်းကို အထောက်အကူ ပေးသော်လည်း ဆေးသားထဲတွင် အရက်ပါဝင်သောကြောင့် ဆေးပေါ့လိပ် မီးလောင်သော အခါတွင် သောက်သုံးသူများ အနေနှင့် မွှန်ထူသော အနံ့မျိုးကို့ ရလေ့ ရှိတတ်သည်။ ထိုအနံ့ကို ပယ်ဖျောက်ရန် အတွက် ဆေးစပ်ရာတွင် ကန့်ကို ထည့်သွင်း အသုံးပြုလေ့ ရှိကြသည်။
ဤ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |