ဆေးပြင်းလိပ်ဖြတ်တံ

ဆေးလိပ်တံဖြတ်သောကိရိယာ

ဆေးပြင်းလိပ်ဖြတ်တံသည် ဆေးရွက်ကြီးဖြင့် လိပ်ထားသော ဆေးပြင်းလိပ် တစ်လိပ်ကို သောက်ရန် သင့်လျော်သည့် အနေအထားသို့ ရောက်အောင် အနားတဖက်ကို ဖြတ်ရန် တီထွင်ထားသော ဖြတ်တံ ကိရိယာ ဖြစ်သည်။

Illustration of a nineteenth century cigar cutter, published in 1859.[၁]

ဆေးပြင်းလိပ် အချို့မှာ အဖျား နှစ်ဖက်စလုံး ဖြတ်ထားပေးခြင်း၊ ညှစ်ချိုးပေးထားခြင်း ရှိသော်လည်း၊ အများစုမှာ အတည့်ဖြတ်က တဖက်၊ နောက်တဖက်မှာ သောက်ခါနီးမှ ဖြတ်ရန်ဟူ၍ ထိပ်ခေါင်း (cap) အတိုင်း ထားထားပြီး လာလေ့ရှိသည်။ ဆိုလိုသည်မှာ ဆေးပြင်းလိပ်တွင် အစီခံ မပါချေ။ အရည်အသွေး ကောင်း လက်ဖြစ် ဆေးပြင်းလိပ် အများစုသည် ပုံသဏ္ဌာန် မည်သို့ရှိပစေ၊ ထိပ်ခေါင်း တဖက်ကို ဂျုံကော်နှင့် စေးပိတ်ထားလေ့ ရှိသည်။ ဆေးပြင်းလိပ်၏ ထိပ်ခေါင်းပိုင်းသည် ဆေးရွက်ကြီး အသားများ ပေါ်ထွက် မနေဘဲ လုံးဝန်းနေသည် အဖျား ဖြစ်၍၊ သောက်မည့်သူသည် အမြဲတမ်း ဖြတ်ပစ်ပေးရမည့် အဖျား ဖြစ်လေသည်။

ဓားဖြင့် ဖြတ်သည် ဖြစ်စေ၊ ပါးစပ်ဖြင့် ကိုက်သည် ဖြစ်စေ၊ သေချာမှု တခုကမူ ညီညီညာညာ မရှိဘဲလျက်၊ လိမ်ဖယ် ရွဲ့စောင်းကာ နေလိမ့်မည်။ ထိုအခါ ဆေးလိပ်ကို မီးညှိလျှင် အညီအမျှ စွဲလောင်ခြင်း မရှိ၊ မီးညီညာစွာ မစွဲလျှင်၊ သောက်၍ ရသော ဆေးရွက်လည်း ဖွာလန်ကြဲကာ၊ ဆုံးရှုံးရလေသည်။

အမျိုးအစားများ ပြင်ဆင်ရန်

 
A semi-airtight cigar storage tube and a double guillotine-style cutter

ဖြတ်ရာဝယ် အခြေခံ အမျိုးအစား သုံးမျိုး ရှိသည်။

  • ဖြတ်တံ(တည့်ဖြတ်)
  • ဖောက်တံ
  • ဗွီဖြတ် (ဖြတ်ခွာ၊ ကြောင်မျက်လုံး၊ အဖျားဖြတ်၊ အင်္ဂလိပ်ဖြတ်)

ဒဲ့ဖြတ် ပြင်ဆင်ရန်

အတည့်ဖြတ်သည် အသုံးများသော ဖြတ်ပုံ ဖြစ်ကာ၊ အများအားဖြင့် စတီးကွင်းနှင့် အသုံးပြုသည်။ ဤသို့ဖြတ်လိုက်လျှင်၊ အဖျားနှစ်ဖက်စလုံး အသားများ အမြန် ပေါ်လာစေသည်။ ဓားသွား တစ်စုံ ပါ ဖြတ်တံကို ဓားသွားတဖက်တည်းပါထက် အပျော်တမ်းသမားများက ပိုကြိုက်သည်မှာ၊ ဖြတ်ရာ၌ ပိုမို ညီညာသပ်ရပ်သောကြောင့် ဖြစ်သည်။ ဆေးလိပ်ဖြတ်ကတ်ကြေးများကိုလည်း အတည့်ဖြတ်ရန် အသုံးပြုပြီး၊ ယင်းသည် ဆေးပြင်းလိပ်များကို တိတိကျကျ ဖြတ်ရန်အတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်နိုင်သည်။ သို့ငြားလည်း၊ ခေါင်းဖြတ်စက် အသေးစားနှင့် တူလှစွာသော ၎င်းဖြတ်တံ (guillotines) သည် အဖိုးနည်း ဝန်အပါဆုံး ဖြစ်ကာ၊ သွားလိုရာသို့ အင်္ကျီ၊ ဘောင်းဘီ အိတ်ကပ်ထဲ လွယ်လင့်တကူ ထည့်ပြီး၊ လုံခြုံစွာ သယ်ဆောင်သွားနိုင်သည်။ အများစုက ဤဖြတ်နည်းကို ကြိုက်သည်။ အဘယ်ကြောင့်ဆိုသော်၊ ထိပ်ခေါင်း တခုလုံး ပေါ်နေသည် ဖြစ်ရာ၊ မီးခိုးများ လွတ်လပ်စွာ ထွက်၍ အနားစွန်းတွင် ဆေးချေး(ဆေးကတ္တရာ) များ စုပုံလာခြင်း မရှိသောကြောင့် ဖြစ်သည်။

အပေါက်ဖြတ် ပြင်ဆင်ရန်

ဆေးပြင်းလိပ် အပေါက်ဖြတ်ရာဝယ်၊ အခြေခံ အမျိုးအစား ၃ မျိုး ရှိသည်။ ၎င်းတို့မှာ ကျည်ဆန်ဖောက်၊ ဟာဗာနာဖောက် နှင့် အစုံဖောက် တို့ ဖြစ်သည်။ ကျည်ဆန်ဖောက်သည် သော့တွဲတွင် ချိတ်ရသော ကျည်ဆန်သဏ္ဌာန် ကိရိယာငယ် ဖြစ်သည်။ ဖောက်တံကို လှည့်လိုက်ပါက ဆေးပြင်းလိပ်ခေါင်းကို အပေါက်ဖောက်ရာ၌ သုံးသော ဘလိတ်ဓားဝိုင်း ပေါ်လာသည်။ ဤဖြတ်နည်းကို အချို့က ကြိုက်ကြသည်မှာ၊ အတွင်းသား အဆာများ သိပ်မထွက်ခြင်း၊ ပါးစပ်ထဲဝယ် ဆေးရွက် ဝင်ရောက်ခြင်းကို လျှော့ချပေးခြင်းကြောင့် ဖြစ်သည်။ အားနည်းချက်မှာ၊ ဖြတ်ထားသော အပေါက်သည် ငယ်နေရာ၊ ဆေးလိပ်မီးခိုး များစွာ မထွက်သည့်အတွက် အပေါက်သည် မကြာခဏဆိုသလို တံတွေးများ၊ ကတ္တရာချေးများဖြင့် ပိတ်ဆို့သွားလေ့ ရှိသောကြောင့် ဖြစ်သည်။ အဆင်ပြေ အသုံးတည့် အဖိုးနည်း ဝန်ပါသော ယင်းကိရိယာလေးမှာ ပြဿနာ ရှိသည်။ လှည့်ဖွင့်မရသော အထိုင်သည် ပျောက်တတ်ခြင်း၊ ပြန်မပိတ်မိဘဲ အိတ်ကပ်ထဲတွင် ဓားသွား ဟောင်းလောင်းနှင့် အန္တရာယ် ရှိခြင်းတို့ ဖြစ်သည်။

ဟာဗာနာဖောက်တံသည် အဆင်ပြေရာတွင် တူသော်လည်း၊ ပိုမို အန္တရာယ်ကင်းသည်။ ပျောက်လွယ်သော အထိုင်ထက်၊ ခလုတ်ကို တွန်းဖိလိုက်လျှင် ဓားသွားသည် စပရိန်ကဲ့သို့ လည်ထွက်လာပြီး၊ ဆေးပြင်းလိပ်ဖင်ကို အပေါက်ဖောက်သွားသည်။ ခလုတ်ကို ပြန်ကြွလိုက်လျှင်၊ အလိုလို ပြန်ဝင်သွားသည်။

အစုံဖောက်တံသည် အရွယ်အစား အမျိုးမျိုး ရှိသော ဆေးပြင်းလိပ် ကို အပေါက်ဆိုက်စုံ ဖောက်ပေးသည်။ ဆေးပြင်းလိပ်ဖြတ်တံဟုသာ ခေါ်ဝေါ်နေရသောလည်း၊ အမှန်မှာ အပေါက်ဖောက်ခြင်းသာတည်း။

ဗွီဖြတ် ပြင်ဆင်ရန်

 
A rosewood sided dual ended cigar cutter by J.A. Henckels capable of making both straight cuts and V-cuts

အသုံးများဆုံး ထဲမှ နောက်ဆုံးတခုမှာ ဗွီဖြတ်တံ ဖြစ်သည်။ ပုံပန်းမှာ ဒဲ့ဖြတ်တံနှင့် တူသော်လည်း၊ ဆေးပြင်းလိပ်ဖင်ကို လုံးလုံးလျားလျား ဖြတ်ထုတ်ခြင်းထက် ဗွီပုံသဏ္ဌာန်သာ ရအောင် ဖြတ်ထုတ်လိုက်ခြင်းသာ ဖြစ်သည်။ ပိုကြည့်ကောင်းသည်ဟု ယူဆသည်။ ဗွီဖြတ်တံများသည် မူလက ပိရမစ်ပုံစံ ဒီဇိုင်း ဆင်ထားသည်။ ဤ ဖြတ်တံမျိုးသည် ဆေးလိပ်သောက်သူ ဖြတ်ချင်သလောက် နက်အောင် ဖြတ်ပေးနိုင်သည်။ ကောင်းမွန်သော ဗွီဖြတ်တံများသည် ဒဲ့ဖြတ်တံများထက် အတွင်းသားထဲသို့ နက်အောင် ထိုးဖောက်နိုင်စွမ်း ရှိသည်။ ကော်ပိတ်ထားသော ထိပ်ခေါင်းသည် ထူပါက ဤဖြတ်တံကို သုံးရန် အချို့က ပိုကြိုက်နှစ်သက်သည်။ သို့ငြားလည်း၊ ဈေးပေါသော ဗွီဖြတ်တံများနှင့် မညီမညာ ဖြတ်မိပါက၊ မီးသည် ညီမျှစွာ စွဲလောင်မည် မဟုတ်ချေ။

အခြား ပြင်ဆင်ရန်

လက်သည်းညှပ်

ကိုးကား ပြင်ဆင်ရန်

  1. Frederick William Fairholt, Tobacco: Its History and Associations (1859), p. 224.