အချို့သောသစ်စေ့၊ သစ်မြစ်နှင့် သစ်ခေါက်များသည် ရောဂါဘယကင်း စေသော ဆေးဖက်ဝင်ပစ္စည်းများဖြစ်ကြောင်း ကို ရှေးနှစ်ပေါင်းများစွာကပင် လူတို့သိခဲ့ကြသည်။ တောင် အမေရိကတိုက်ရှိ အမ္မဇုန်မြစ်ဝှမ်း တစ်လျှောက်၌ပေါက်သည့် စင်ကိုးနားခေါ်အပင်တစ်မျိုးမှ သစ်ခေါက်သည် ငှက်ဖျားရောဂါ အတွက် အသုံးဝင်ကြောင်းကို သိခဲကြသဖြင့်၊ ထိုသစ်ခေါက် များကို ဝေးလံစွာ သွားရောက်ရှာဖွေ၍ ခုတ်ယူကြရ၏။ ယခု အခါ ကွီနိုင်ဟု လူသိများသော ငှက်ဖျားဆေးမှာ အဆိုပါစင်ကို နား သစ်ခေါက်မှ ပြုလုပ်ယူခြင်းပင်ဖြစ်သည်။ ထုံဆေးအဖြစ် အသုံးပြုရသော ကိုကင်းခေါ်ဆေးကို တောင်အမေရိကတိုက် မှာပင် ပေါက်သည့် ကိုကာခေါ်အပင်ပုမျိုး၏ အရွက်များမှ ထုတ်ယူရန်ရှိ၏။ ဂမ်းထရက် ဂါကန်ခေါ် ဆေးဖက်ဝင်သည့် သစ်စေးတစ်မျိုးကို အာရေဗျနှင့် ပါးရှားနိုင်ငံရှိ တောင်ကုန်းများ ပေါ်၌ ပေါက်သောအပင်မျိုးမှရ၏။ ဘိန်းသီးမှရသော ဘိန်း သည်လည်း ဆေးဖက်ဝင်သည့်ပစ္စည်းတစ်မျိုးပင်ဖြစ်၏။ သို့ရာ တွင် ဘိန်းရှူခြင်း၊ ဘိန်းစားခြင်း၊ ကိုကင်းပွတ်ခြင်း စသည့် အလေ့ဆိုးများရှိခြင်းကြောင့်၊ အချို့သော ဆေးဖက်ပစ္စည်းများ ပြုလုပ်ရောင်းချရေးကိစ္စကို နိုင်ငံတစ်ရာရှိ အစိုးရအသီးသီးက အထူးကြပ်မဂရုစိုက်ကြရလေသည်။ လေးညင်း၊ သစ်ကြံပိုး၊ ပရုတ်စသည်တို့မှာလည်း ဆေးဖက်ဝင်သည့် ပစ္စည်းများပင် ဖြစ်လေသည်။ အိန္ဒိယနှင့် တရုတ်နိုင်ငံများမှလည်း ဆေးဖက် ပစ္စည်းအမျိုးပေါင်းများစွာကို ရှေးကစ၍ ရှာဖွေရရှိခဲ့ကြလေ သည်။

ဆေးဖက်ပစ္စည်းများကို အပင်များမှသာမက တွင်းထွက် ပစ္စည်းနှင့် တိရစ္ဆာန်လောကမှလည်း ရနိုင်ပေသည်။ ယခုခေတ် ဆေးဆရာများ အသုံးပြုလျက်ရှိသော ဆေးဖက်ပစ္စည်းပေါင်းမှာ တစ်သိန်းမကရှိရာ၊ အကျိုးသက်ရောက်ပုံကိုလိုက်၍ ဝမ်းသွား ဆေး၊ ကိုယ်ပူကျဆေး၊ အပုပ်နိုင်ဆေး၊ ပိုးမျိုးဖျက်ဆေး၊ အချုပ် သတ္တိ၊ မေ့ဆေး၊ ထုံဆေး စသည်ဖြင့် အမျိုးအစားအမျိုးမျိုးခွဲ ခြားထားသည်။ နာကျင်ခြင်းကို သက်သာစေ၍၊ ခေါင်းကိုက် ဆေးအဖြစ် ကျော်ကြားသည့်အက်စပီရင်ဆေးမှာ အနာသက်သာ ဆေးစာရင်းတွင်ပါဝင်၍၊ အဖျားတားဆေးအဖြစ်နှင့်လည်း အသုံးပြုကြ၏။ ကိုကင်းမှာ ထိုင်းဆေးမျိုးတွင်ပါဝင်၍၊ ကလိုရို ဖောင်းမှာ မေ့ဆေး ထုံဆေးမျိုးတွင်ပါဝင်၍၊ ကလိုရိုဖောင်းမှာ မေ့ဆေး ထုံဆေးစသည်ဖြင့် အမျိုးအစား အမျိုးမျိုးခွဲခြားထား သည်။ နာကျင်ခြင်းကို သက်သာစေ၍၊ ခေါင်းကိုက်ဆေးအဖြစ် ကျော်ကြားသည့် အက်စပီရင်ဆေးမှာ အနာသက်သာဆေးစာရင်း တွင်ပါဝင်၍၊ အဖျားတားဆေးအဖြစ်နှင့်လည်း အသုံးပြုကြ၏။ ကိုကင်းမှာ ထိုင်းဆေးမျိုးတွင် ကလိုရိုဖောင်းမှာ မေ့ဆေး ထုံဆေးမျိုးဖြစ်၏။ အရက်နှင် စတြစ်ကနင်းခေါ် ဆေးတို့မှာ အားကြွဆေးမျိုးတွင်ပါဝင်၏။ အက်ဒရီနယ်လင်ခေါ် ဆေးမှာ အလွန်ကောင်းသော သွေးတိတ်ဆေးတစ်မျိုး ဖြစ်၍၊ ထိုဆေးကို နွား၏ကျောက်ကပ် အထက်ဖက်ရှိ အကျိတ်အိတ်မှ ထုတ်ယူရရှိ လေသည်။

သိပ္ပံပညာ ထွန်းကားလာသောအခါ၊ သိပ္ပံပညာရှင်များ သည် ကျောက်မီးသွေးကတ္တရာမှ ဆေးဖက်ဝင်သော ပစ္စည်း အများကို ဖော်ထုတ်နိုင်လာကြသည်။


ရောဂါပိုးသတ်ဆေးအဖြစ် အသုံးပြုကြသော ကာဗောလစ်အက်ဆစ်မှာ ကျောက်မီးသွေးမှ ရရှိခြင်းဖြစ်၍၊ ယခုအခါ အများသုံးလျက်ရှိသော ကာဗောလစ်ဆပ်ပြာသည် ထိုအက်ဆစ်ဖြင့် ချက်လုပ်ထားခြင်းပင်ဖြစ်သည်။


ဖီနောသဲလင်း အက်ဆစ်တန်နီလိုက်နှင့် တကွ အခြားဆေးဖက်ပေါင်းများစွာကိုလည်း ကျောက်မီးသွေး ကတ္တရာမှ ရနိုင်ပေသေးသည်။

ယခုအခါ ခေတ်မီလျင်မြန်သော လမ်းပန်းခရီးအဆက် အသွယ်များ ရှိနေပြီဖြစ်၍၊ ဆေးဖက်ပစ္စည်းများကို ရှာဖွေဝယ် ယူရသည့်အလုပ်မှာ မခက်ခဲတော့ချေ။ ရှေးကမူ သွားရေးလာ ရေး ခက်ခဲမှုကြောင့်တစ်ကြောင်း၊ ဆေးဖက်ပစ္စည်းများ ရောင်း ချသောဌာနများ ရှားပါးမှုကြောင့်တစ်ကြောင်း ဆေးဆရာနှင့် တကွ ဘယဆေး လုပ်ငန်းသမားတို့သည် တောတောင်အထပ် ထပ်နှင့် ရေမြေရပ်ခြားဒေသများသို့ တစ်ပင်တပန်းသွားလာ၍ ဆေးဖက်ဝင်သည့် သစ်မြစ်သစ်ဖုသစ်ဥသစ်ခေါက်တို့ကို ရှာဖွေ ကြရလေသည်။ ဓာတုဗေဒနည်းဖြင့် အရေးကြီးသော ဆေးဖက်ပစ္စည်းသစ် များကို အတော်အတန်ရှာဖွေတွေ့ရှိခဲ့သည့်အနက် အထူးသဖြင့် ဆာလဖိုနမိုက်ခေါ် ဆာလဖာဆေးစုကို တွေ့ရှိရခြင်းမှာ အရေး အကြီးဆုံးဖြစ်၏။

ဒုတိယကမ္ဘာစစ် ကြီးအတွင်းက ကွီနိုင်ကို လိုသလောက်မရနိုင်ခဲ့သဖြင့် ဓာတု ဗေဒနည်းဖြင့် ဆေးတစ်မျိုးကို အစားထိုးဖော်စပ်ရန် ကြိုးစား ခဲ့ရာမှ မက်ပါကရင်ခေါ်ဆေးတမျိုးပေါ်ပေါက်လာခဲ့ပေသည်။ ဤဆေးကို ၁၉၄၂ ခုနှစ်တွင် ဗြိတိသျှသိပ္ပံပါရဂူများက စတင် တွေ့ရှိအသုံးချခဲ့ကြ၏။ မက်ပါကရင်သည် ငှက်ဖျားရောဂါကို ကာကွယ်ရာ၌ ကွီနိုင်ထက်ပင် သုံးဆခန့်ပို၍အာနိသင်ရှိသည်။ မက်ပါကရင်နှင့်အတူပေါ်သော အလွန်ကောင်းသည့်ပိုးသတ်ဆေး တစ်မျိုးမှာ ဒီ၊ ဒီ၊ တီ (ဒိုင်ကလိုရို ဒိုင်ဖိနိုင် ထရိုင် ကလိုရို အက်သိန်း)ခေါ် ဆေးဖြစ်၏။ ငှက်ဖျားရောဂါအတွက် ကွီနိုင်နှင့် မက်ပါကရင်တို့ထက် သာလွန်ကောင်းမွန်သော ဆေးကို ရှာကြံ ပြန်ရာ၊ ဒေါက်တာကတ်၊ ဒေါက်တာဒေဗီနှင့် မစ္စတာရို့တို့သည် ၁၉၄၃ ခုနှစ်တွင် ပယ်လျူဒရင်ကိုတွေ့ရှိကြပြန်သည်။


လူသိများသော အခြားဆေးတစ်မျိုးမှာ အမ်၊ ဘီဆေးများ ဖြစ်၍၊ အမ်၊ ဘီ ဟူသော စကားမှာ မေယာနှင့် ဗေကာဟူ သောအမည်ကို အတိုကောက်ခေါ်ထားခြင်းဖြစ်သည်။ ဆာလဖို နမိုက်ဆေးမျိုးတွင် ကမ္ဘာကျော် အမ်၊ ဘီ ၆၉၃ မှာတန်ခိုးအာနိ သင် အထူးကဲဆုံးနှင့် လူသုံးအများဆုံးဖြစ်၏။ ဤဆေးမှာ သာမန်အဖျား ရောဂါမှစ၍ တိုက်ဖွိုက်အူရောင်ဖျားရောဂါ အထိ ရေလဲအမျိုးမျိုးနှင့် အသုံးပြုနိုင်သည်။ အမ်၊ ဘီ ၇၆ဝ မှာ အနာစိမ်းများ မယဉ်းစေရန်နှင့် အဆိပ်အတောက်မဖြစ်စေရန် ကာကွယ်ရာ၌ အသုံးဝင်သည်။ ဂိုနိုညောင်းကျ ခေါ် ညောင်းကျ ရောဂါ၊ နျူမိုးနီးယားခေါ် အဆုတ်ရောင်နာရောဂါ စသည်တို့ အတွက် အခြား အမ်၊ ဘီ ဆေးစွမ်းကောင်းများလည်း ရှိသေး သည်။ သိပ္ပံပညာတိုးတက်လာသည်နှင့်အမျှ အမျိုးမျိုးသော ရောဂါတို့အတွက် ထူးကဲသောဆေးနှင့် ဆေးဖက်ပစ္စည်းများကို တစ်ဖြည်းဖြည်း ထပ်မံရှာဖွေ တွေ့ရှိနိုင်စရာအကြောင်း ရှိပေ သည်။[]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)