ဆဲမဲနတ်ကျောင်း
ဆဲမဲနတ်ကျောင်း (晴明神社, Seimei-jinja) သည် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့၊ ခမိဂယောရပ်ကွက်တွင် တည်ရှိသည့် ရှင်းတိုးနတ်ကျောင်းတစ်ခု ဖြစ်သည်။ ဤနတ်ကျောင်းသည် အွန်းမယောဂျိ ဖြစ်သည့် “အဘဲနိုဆဲမဲ” ၏ အမည်ကို အစွဲပြုကာ ခေါ်ဆိုထားခြင်း ဖြစ်သည်။
ဆဲမဲနတ်ကျောင်း 晴明神社 | |
---|---|
Torii gate at entrance to Seimei Shrine | |
အချက်အလက်များ | |
တည်နေရာ | 806 Ichijō-agaru, Horikawa-dōri, Kamigyō-ku, Kyōto-shi, Kyōto-ken 〒 602-8222 |
ကိုဩဒိနိတ် | 35°01′40″N 135°45′04″E / 35.02778°N 135.75111°Eကိုဩဒိနိတ်: 35°01′40″N 135°45′04″E / 35.02778°N 135.75111°E |
ဘာသာရေး နှီးနွယ်မှု | Shinto |
နတ်ဘုရား | Abe no Seimei |
နိုင်ငံ | ဂျပန်နိုင်ငံ |
ဝက်ဘ်ဆိုဒ် | seimeijinja.jp |
ဗိသုကာ | |
တည်ထောင်သူ | Emperor Ichijō |
စတင်သည့်နှစ် | 1007 |
သမိုင်းကြောင်း
ပြင်ဆင်ရန်ဆဲမဲနတ်ကျောင်းကို ဘုရင်အိချိဂျောသည် ခန်းခိုးခေတ်ကာလ (၁၀၀၇ ခုနှစ်) ၏ လေးနှစ်မြောက်နှစ်တွင် တည်ထောင်ခဲ့သည်။ ဘုရင်အိချိဂျောသည် ၁၀၀၅ ခုနှစ် အဘဲနိုဆဲမဲ ဆုံးပါးပြီးနောက်တွင် အမှတ်တရနတ်ကျောင်းတစ်ခုတစ်ဆောက်ရန် အမိန့်ပေးခဲ့သည်။ နတ်ကျောင်းကို အဘဲနိုဆဲမဲ၏ အိမ်တည်ရှိရာနေရာတွင် တည်ဆောက်ခဲ့သည်။ မူလအဆောက်အဦကို ၁၉၂၅ ခုနှစ်တွင် ပြန်လည်ပြုပြင်ခဲ့သည်။
တည်ဆောက်မှု
ပြင်ဆင်ရန်ကျောင်းတော်သို့ ဝင်ရောက်ရန်အတွက် တိုရိအိဂိတ်ပေါက်နှစ်ခု ရှိသည်။ နတ်ကျောင်းတည်ရှိရာမြေပြင်တွင် ထင်ရှားသည့် ရေတွင်းတစ်ခုဖြစ်သည့် “ဆဲမဲ - အိ” တည်ရှိသည်။ ၎င်းရေတွင်းမှ ရေသည် မှော်အစွမ်းတစ်စုံတရာရှိသည်ဟု ယုံကြည်ကြသည်။ လက်ဖက်ရည်အဖျော်ဆရာဖြစ်သည့် ဆန်းနိုရိခယူး သည် ဤရေတွင်းမှရေဖြင့် နှပ်ထားသည့်လက်ဖက်ရည်ကို ပြုလုပ်သည့်အတွက် လူသိများသည်။
မှော်အတတ်ပညာကို ဖော်ပြရာတွင် အသုံးပြုသည့် ထောင့်ငါးခုပါရှိသည့် ကြယ်အမှတ်အသားကို ဒေသခံများက “ဆဲမဲ - ကြယ်” ဟု သိကြသည်။ ၎င်းကို ဤနတ်ကျောင်း၏ နေရာများစွာတွင် အရေးပါသည့်အမှတ်အသားတစ်ခုအဖြစ် မြင်တွေ့နိုင်သည်။
အနီးအနားရှိ တံတားတစ်ခုဖြစ်သည့် “အိချိဂျော မိဒိုရိ - ဘရှိ” သည် နတ်ကျောင်း၏ တောင်ဘက်တွင် တည်ရှိသည်။ ၎င်းသည် လူသားများနှင့် ဝိညဉ်လောကအကြားရှိ ဂိတ်ပေါက်တစ်ခု ဖြစ်သည်။
ပွဲတော်များ
ပြင်ဆင်ရန်ဆဲမဲပွဲတော် (晴明祭) ကို နှစ်တစ်နှစ်၏ September equinoxဖြစ်စဉ် ဖြစ်ပွားသည့်နေ့တွင်တွင် ကျင်းပကြသည်။
ရုပ်ပုံများ
ပြင်ဆင်ရန်-
ကြယ်အမှတ်အသားပါဝင်သည့် "တိုရိအိ"
-
ကျောက်သားဖြင့် ပြုလုပ်ထားသည့် ခြင်္သေ့
-
ကျောက်ဖြင့်ပြုလုပ်ထားသည့် "ခိုမအိနု"
-
ကျောင်းတော်၏ မျက်နှာစာ
-
Peach bust
-
ရှားပါးသည့်သစ်ပင်ဖြစ်သည့် "ခုဆုနော့ခိ"
-
Stone tablet for Sen no Rikyū
ပြင်ပလင့်များ
ပြင်ဆင်ရန်- Official Site (Japanese)