Pandanus glaucocephalus
A small Pandanus glaucocephalus specimen in cultivation, showing the slender, pale green leaves.
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Monocots
မျိုးစဉ်: Pandanales
မျိုးရင်း: Pandanaceae
မျိုးစု: Pandanus
မျိုးစိတ်:
P. glaucocephalus
ဒွိနာမ
Pandanus glaucocephalus
Balf.

ဆွမ်းမွှေးသည် Pandanaceaeအုပ်စုဝင် မော်ရီတေးနီးယားနိုင်ငံရှိ အလေ့ကျပေါက် တွေ့ရလေ့ရှိသော အပင်မျိုးစိတ်ဖြစ်သည်။

ဝိသေသလက္ခဏာ ပြင်ဆင်ရန်

 
အမြစ်ထောက်တိုင်ဖြင့် မီးခိုးရောင်ပင်စည် "ဆွမ်းမွှေး"

အနိမ့်ဆုံး (၆-၈)မီတာရှိသော သစ်ခက်ပင်မျိုးဖြစ်သည်။ ၂၀ စင်တီမီတာအကျယ်ရှိသော မီးခိုးရောင်ပင်စည်နှင့် ပင်စည်ခြေနားတွင် အနည်းငယ်မျှသော ထောက်တိုင်အမြစ်များသာ(အားလုံးမဟုတ်) ရှိသည်။ အရွက်သည် သွယ်လျသေးသိမ်ပြီး အစိမ်းဖျော့ဖျော့အရောင်ရှိသည်။ ရွက်နားသည် အလွန်သေးသွယ်ပြီး ညိုဝါရောင်ကျောရိုးဖြင့် အနားသတ်ကြသည်။ ရွက်လယ်ကြောရှိ ကျောရိုးသည် အောက်ခြေနီးပါးမျှရှိသည်။ ဤမျိုးစိတ်အများစု၏ ပုံသဏ္ဌာန်နှင့် ကြီးထွားမှုပုံစံသည် Pandanus barkleyiနှင့် ဆက်နွယ်သွင်တူသည်။

ဤမျိုးစိတ်ကို အလွယ်ဆုံးခွဲခြားကြသည်မှာ ၁၇-၂၀ စင်တီမီတာ globose, glaucous, ညိုပြာရောင် အသီးခေါင်းတို့နှင့်ဖြစ်သည်။ သည်ကြီးထွားမှုသည် တိုတောင်းပြီး၊ ပြည့်ဖြိုးသောပင်စည်ရှည်နှင့် သေးသွယ်ပြီး အရွက်သဏ္ဌာန်ပွင့်ခံရွက်သည် အသီးခေါင်းအထိ ရှည်ထွက်ကြသည်။ သီးခေါင်းတစ်ခုတွင် ဖိသိပ်ထားသော ပုံမမှန်သောထောင့်သဏ္ဌာန် အသားများပြီး အစေ့မာ ၃၅-၄၅အထိ ပါဝင်သည်။ အသားများ အစေ့မာ၏မြင်သာသောအပိုင်းမှာ ထောင်တက်ခြင်းနှင့် ခွဲစုနေသောအစေ့အိတ်နှင့် အက်ကြောင်းဖုံးထားသော ပြားပြီး အဖျားရှုးသောအဝိုင်းထုချွန်ပုံရှိသည်။[၁][၂][၃]

တည်ရာပုံ ပြင်ဆင်ရန်

မော်ရီတေးနီးယားတွင် တွေ့ရသည်မှာ ကုန်းမြင့်များတွင် သီးခြားနေရာအကွက်ဖြင့် သိသာစွာကြီးထွားမှု ရှိကြသည်။ တစ်ခါတစ်ရံ အစေ့အစား အပင်သဘာဝနည်းဖြင့် ပျံ့နှံ့ပေါက်ရောက်ကြသည်။ အရွက်ဖုတ်ဖြင့် ဝေးသောနေရာ၊ ရောက်ရှိသောမြေကြီးပေါ် အမြစ်တွယ် ခွဲထုတ်ပွားများမှုလည်း ဖြစ်စေနိူင်သည်။ ဤနည်းအားဖြင့် ကျယ်ပြန့်ပွားများမှုကို ဦးတည်သွားနိူင်ကြသည်[၄]

ကိုးကား ပြင်ဆင်ရန်

  1. Vaughan RE, Wiehe PO (1953) The genus Pandanus in the Mascarene Islands. Journal of the Linnean Society of London, Botany 55(356): 1-33. doi: 10.1111/j.1095-8339.1953.tb00001.x.
  2. Strahm, W.A. 1993. The conservation and restoration of the flora of Mauritius and Rodrigues. Unpublished Ph.D. Thesis (2 vols.), Reading University, UK.
  3. Vaughan, R.E. and Wiehe, P.O. 1953. Flore des Mascareignes, Genus Pandanus. The Sugar Industry Research Institute, Mauritius, ORSTOM, Paris and RBG, Kew.
  4. Roskov Y., Abucay L., Orrell T., Nicolson D., Bailly N., Kirk P.M., Bourgoin T., DeWalt R.E., Decock W., De Wever A., Nieukerken E. van, Zarucchi J., Penev L., eds. (2018). Species 2000 & ITIS Catalogue of Life, 20 December 2017. Digital resource at www.catalogueoflife.org/col. Species 2000: Naturalis, Leiden, the Netherlands. ISSN 2405-8858.