ဆွေးနွေးချက်:ဆိုင်းဆရာများ

မခွဲစေချင် ပြင်ဆင်ရန်

အခုလို တစုတစည်းတည်း ခေတ်အလိုက် မျိုးဆက်အလိုက် ဖတ်ရတာ ပိုပြီး အရသာရှိပါတယ်။ ဆိုင်းဆရာ တဦးချင်း အတွက် သီးသန့် ဆောင်းပါးတွေလည်း ရှိသင့်ပါတယ်။ အဲ့ဒီအတွက် အခုထက် ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ‌ေးထားထဲ့ ဆိုင်းဆရာတဦးချင်း အကြောင်း ‌ောင်းပါး‌ေေ လိုပါတယ်။ လက်ရှိဆောင်းပါးက လွတ်လပ်ပြီး‌ေတ် လောက်မှာတင် အဆက်ပြတ်သွားလို့ ၂၁ ရာစုအထိ ဆိုင်းဆရာတွေ အ‌ကြောင်း ထပ်ဖြည့်ဖို့ လိုပါတယ်။ Nyi2ag (ဆွေးနွေး) ၀၃:၅၉၊ ၂၆ ဇွန် ၂၀၂၃ (UTC)အကြောင်းပြန်ရန်

@Nyi2ag ခေါင်းစဉ်အလိုအရ ဆောင်းပါးရဲ့သဘောတရားက ဆိုင်းတီးတဲ့သူနဲ့ ဆိုင်းဝိုင်းတူရိယာအကြား ဆက်စပ်ပုံကို ရေးသားတာမျိုး ဖြစ်သင့်တာပါ။ ထင်ရှားတဲ့ ဆိုင်းပညာရှင် အနည်းငယ်လောက်ကိုပဲ အနှစ်ချုပ်ဖော်ပြသင့်ပြီး ကျန်တာကို စာရင်းပုံစံမျိုးနဲ့ ချိတ်ဆက်ဖော်ပြတာမျိုးပေါ့။ ဥပမာ enwiki ဖက်က en:Guitarist လိုမျိုး။ ခေါင်းစဉ်ကလည်း တကယ်တော့ အများပုံစံ "များ" ကိုဖြုတ်ပြီး အနည်းပုံစံ "ဆိုင်းဆရာ" ဒါမှမဟုတ် "ဆိုင်းပညာရှင်" ဆိုတာမျိုး ပြောင်းရမှာပါ။ စကားမစပ် ဆောင်းပါးတွေထဲမှာ စာလုံးအထူ ကို ဖောဖောသီသီ မသုံးသင့်ပါဘူးဗျ။ ယေဘုယျအနေနဲ့ နိဒါန်းစာပိုဒ်မှာ ဆောင်းပါးခေါင်းစဉ်/စာစု ကို ပထမဆုံးအကြိမ် ဖော်ပြတဲ့နေရာမှာပဲ သုံးလေ့ရှိပါတယ်။ အသေးစိတ်ကိုတော့ MOS:BOLD မှာ ဖတ်ကြည့်လို့ရပါတယ်။ NinjaStrikers «» ၁၆:၃၀၊ ၂၆ ဇွန် ၂၀၂၃ (UTC)အကြောင်းပြန်ရန်
စာမျက်နှာ "ဆိုင်းဆရာများ" သို့ ပြန်သွားရန်။