ဆွေးနွေးချက်:တော်ဝိရွာသစ်

Latest comment: ပြီးခဲ့သည့် ၆ နှစ် by Bhone.bm in topic r

မြို့/ရွာ ပြင်ဆင်ရန်

ကိုးကားစာအုပ်က ၂၀၁၃ ဒီဇင်ဘာလထုတ်ဆိုပေမယ့် MIMU ရဲ့ ၂၀၁၇ ဒေတာမှာတော့ တော်ဝိကို ရွာအနေနဲ့ပဲ ထည့်ထားတာ တွေ့ရပါတယ်။ လက်ရှိအခြေအရ ရွာလား မြို့လားဆိုတာ အတည်ပြုပေးကြပါဦး။ ရွာပဲဆိုရင် နာမည်ပြောင်းဖို့လိုပါလိမ့်မယ်။ (source: Village List Bago East (ဇန်နဝါရီ ၂၀၁၇), Nyaunglebin Village list (မေ ၂၀၁၆)) NinjaStrikers «» ၀၆:၁၈၊ ၃၁ မေ ၂၀၁၇ (UTC)အကြောင်းပြန်ရန်

ဟုတ်ကဲ့၊ စာအုပ်ထဲ ပါတဲ့အတိုင်း ကိုးကားတာ ဆိုတော့ ကျနော်လည်း မရောက်ဖူးလို့ မသိပါဘူး ဒေသခံ တယောက်ယောက်ရဲ့ အာဘော် ယူကြည့်တာပေါ့နော် မှားရင်လည်း အမှန်လေး ပြင်ပေးပါ ခင်ဗျ--ဆန်လုံးတီး (ဆွေးနွေး) ၀၈:၃၅၊ ၃၁ မေ ၂၀၁၇ (UTC)အကြောင်းပြန်ရန်
ပဲခူးတိုင်းအရှေ့ ကျေးရွာမြေပုံ (ဇန်နဝါရီ ၂၀၁၇) နဲ့ ပဲခူးတိုင်းဒေသကြီး PCode (စက်တင်ဘာ ၂၀၁၇) အရ ရွာအမည်ပြောင်းလိုက်ပါတယ်။ NinjaStrikers «» ၀၆:၅၃၊ ၉ ဇန်နဝါရီ ၂၀၁၈ (UTC)အကြောင်းပြန်ရန်

အဲ့ဒိနားကဖြတ်သွားလို့ တွေ့မိတဲ့ အဝင်ဆိုင်းဘုတ်ကတော့ တော်ဝိမြို့ လို့ရေးထားတာ တွေ့ပါတယ်။ ခင်မောင်မောင်လွင် (ဆွေးနွေး) ၁၄:၀၅၊ ၉ ဇန်နဝါရီ ၂၀၁၈ (UTC)အကြောင်းပြန်ရန်

ဟုတ်ကဲ့ ကျေးဇူးပါဗျ။ မြေပြင်အခြေအနေမှာ မြို့ လို့ဖော်ပြထားပေမယ့် MIMU မှာတော့ ဘာ့ကြောင့်ရယ်မသိ ရွာစာရင်းထဲမှာပဲ ထည့်ထားတာ ဒီမြို့အပါအဝင် နှစ်ခုသုံးခုလောက်ရှိတယ်ဗျ။ MIMU က စာရင်းဇယား၊ မြေပုံတွေဟာ မြန်မာနိုင်ငံ မြို့ရွာအချက်အလက်တွေအတွက် အပြည့်စုံဆုံးလို့ ယူဆနိုင်တဲ့အတွက် အဲဒီကဟာကိုပဲ ယူလိုက်တာပါ။ NinjaStrikers «» ၁၆:၀၃၊ ၉ ဇန်နဝါရီ ၂၀၁၈ (UTC)အကြောင်းပြန်ရန်
ဟုတ်လား၊ ကြည့်ရတာ MIMU က မြေပြင်လောက် အပ်ဒိတ် မဖြစ်တာများ ဖြစ်နေမလား။ --ဘဝကလှပတယ်၊အချစ်ကစားမရတယ် (ဆွေးနွေး) ၀၁:၄၈၊ ၁၀ ဇန်နဝါရီ ၂၀၁၈ (UTC)အကြောင်းပြန်ရန်
update မဖြစ်တာတော့ မဟုတ်လောက်ဘူးဗျ။ ဟဲဟိုးမြို့ ဆိုရင် ၁၉၂၀ လောက်ကတည်းက ရွာကနေ မြို့အဖြစ်ပြောင်းခဲ့တယ်လို့ ဆိုထားပေမယ့် MIMU မှာ ကျေးရွာအုပ်စုတစ်ခုအနေနဲ့ပဲ ဖော်ပြထားတယ်။ သူ့ရဲ့ Source မှာ GAD March 2015 တဲ့။ မြို့ဆိုပေမယ့် မြို့အင်္ဂါရပ်မပြည့်စုံသေးလို့ စာရင်းမထည့်ဘဲ တိုက်နယ်ပုံစံမျိုးပဲ ထားသလားဘာလားမသိ။ NinjaStrikers «» ၀၃:၂၈၊ ၁၂ ဇန်နဝါရီ ၂၀၁၈ (UTC)အကြောင်းပြန်ရန်
အဲဒါပဲဗျ။ ဟဲဟိုးကို ရွာအဖြစ် သတ်မှတ်ထားတုန်းဆိုတာ ပမာဒလေခ ဖြစ်ရင် ဖြစ်မယ်၊ ဘာလို့လဲ၊ ရွာမှာ လေဆိပ်ရှိလို့ ရလား။ ဟဲဟိုးဟာ မြို့ဆိုတာ ကျောင်းသင်ခန်းစာမှာလည်း သင်နေကြရတာပဲ။ ရွာအဖြစ် သတ်မှတ်ထားတုန်းဆိုတာ MIMU ကိုလည်း ကွန်ပလိန်း တက်သင့်ပါတယ်။ ပြင်ဖို့ ကျန်နေတာ ဖြစ်ရမယ်။ တော်ဝိအကြောင်းလည်း မေးသင့်တယ်။ သို့လော သို့လော ဖြစ်နေရတာ မကောင်းဘူးပေါ့ဗျ။ --ဘဝကလှပတယ်၊အချစ်ကစားမရတယ် (ဆွေးနွေး) ၀၅:၅၂၊ ၁၂ ဇန်နဝါရီ ၂၀၁၈ (UTC)အကြောင်းပြန်ရန်
လဝက ရဲ့ မြို့နယ်အလိုက် သန်းခေါင်စာရင်း အစီရင်ခံစာ (မေလ ၂၀၁၇) မှာ ဟဲဟိုးကို ကျေးရွာအုပ်စုအနေနဲ့ ကလောမြို့နယ်အောက်မှာပဲထည့်ထားသလို တော်ဝိကိုလည်း ကျေးရွာအုပ်စုအနေနဲ့ ညောင်လေးပင်မြို့နယ်အောက်မှာ ထည့်ထားတာ တွေ့ရပါတယ်။ ပြင်ဖို့ကျန်နေတာ၊ update မဖြစ်တာမျိုးတော့ မဟုတ်နိုင်ဘူးလားလို့။ မြို့အဖြစ် တရားဝင် ကြေညာချက် မရှိသေးတာများလားပဲ။ ၂၀၁၆ မှာ ရွာကနေ မြို့အဖြစ် တရားဝင်ကြေညာချက်နဲ့ ပြောင်းသွားတာတွေကို MIUI Pcode စာရင်းမှာ မှတ်ချက်အနေနဲ့ ကြေညာချက်အမှတ်ကို ထည့်ပေးထားတာ တွေ့ရပါတယ်။ (ဥပမာ New Town, GAD Feb 2016 (order no. 299/2016)) NinjaStrikers «» ၀၆:၅၂၊ ၁၂ ဇန်နဝါရီ ၂၀၁၈ (UTC)အကြောင်းပြန်ရန်
အခု ဆိုလိုတာ သဘောမပေါက်ပါဘူးဗျ၊ မျက်မြင်က တော်ဝိမြို့လို့ ပြောမယ်၊ ဒါပေမယ့် စာအုပ်ထဲမှာက မပြောင်းရသေးလို့ တော်ဝိကို ရွာအဖြစ်ပဲ သတ်မှတ်မယ် အဲလိုလား။ တော်ဝိနဲ့ အနီးပတ်ဝန်းကျင်က လူတွေကများ ဝီကီသုံးရင် တော်ဝိရွာသစ်ဆိုတော့ သူတို့ မြို့ကို ပြောတာလို့ ထင်မှာ မဟုတ်ဘူး၊ အခြား နာမည်တူ ရွာသစ်လို့ ထင်မှာပဲနော်။ ဘာလို့ဆိုတော့ အဲနေရာက အုပ်ချုပ်ရေးမှူး တွေကိုယ်တိုင်က တော်ဝိမြို့လို့ သုံးမယ်ဗျာ။ အုပ်ချုပ်ရေးယန္တရားတွေက ရွာကနေ မြို့အမည် ပြောင်းထားတာ ဆိုတော့၊ စာရင်းဇယားတွေက နောက်က လိုက်ပါ မပြောင်းလဲနိုင်သေးတာလို့ ယူဆချင်ပါတယ်။ အသံတွေ ကျယ်လာမှ ပြောင်းမှာ လား မသိဘူး။ ဆွေးနွေးတာပါ။ --ဘဝကလှပတယ်၊အချစ်ကစားမရတယ် (ဆွေးနွေး) ၁၁:၁၁၊ ၁၃ ဇန်နဝါရီ ၂၀၁၈ (UTC)အကြောင်းပြန်ရန်
ပဲခူးတိုင်းအစိုးရအဖွဲ့ရဲ့ ညောင်လေးပင်မြို့နယ် ဒေသဆိုင်ရာအချက်အလက် စာအုပ်မှာ ညောင်လေးပင်မြို့နယ်မှာ ညောင်လေးပင်၊ ပိန်းဇလုပ်၊ မဒေါက်၊ ပြွန်တန်ဆာ ဆိုတဲ့ ၄ မြို့ပဲ စာရင်းထွက်ပါတယ်။ တော်ဝိမြို့ လို့ မပါသေးပါဘူး။ စာအုပ်နိဒါန်းမှာ "ဤစာအုပ်သည် ညောင်လေးပင်မြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ (၂၀၁၇ ခုနှစ်၊ ဧပြီလမှ အောက်တိုဘာလကုန်အထိ အခြေအနေ)ကို သက်ဆိုင်ရာဌာနအသီးသီးမှ ပေးပို့သော ကိန်းဂဏန်းများနှင့်အညီ ပြုစုတင်ပြထားခြင်း ဖြစ်ပါသည်။" လို့ ရေးထားပါတယ်။ ညောင်လေးပင်မြို့နယ်မြေပုံ မှာလဲ ကြည့်နိုင်ပါတယ်။ ၂၀၁၇ အောက်တိုဘာ ဆိုတော့ မကြာသေးပါဘူး။ တိုင်းဒေသကြီးအစိုးရရဲ့ စာရင်းတွေမှာ လက်ရှိအချိန်အထိ တော်ဝိမြို့ လို့ မဖော်ပြထားဘဲ ရွာအဆင့် သတ်မှတ်ထားဆဲပါ။ အခုပြထားတဲ့ source တွေ အကုန်လုံးဟာ Reliable sources တွေချည်းပါပဲ။ ဒါကြောင့် မြို့အဆင့် မသတ်မှတ်ထားသေးတဲ့အတွက် WP:VERIFY နဲ့ကိုက်ညီအောင် အမည်ပြောင်းလိုက်တာပါ။ မြို့ရွာမထည့်ဘဲ ရှာဖွေကြည့်ရှုနိုင်ဖို့ တော်ဝိ လို့ ထပ်မံအမည်ပြောင်းလိုက်ပါ့မယ်။ NinjaStrikers «» ၁၂:၁၈၊ ၁၃ ဇန်နဝါရီ ၂၀၁၈ (UTC)အကြောင်းပြန်ရန်

r ပြင်ဆင်ရန်

အထောက်အထား ရှိရင် အဆင်ပြေပါတယ်။ တော်ဝိလို့လည်း ထပ်ခွဲစရာမလိုပါ။ နောက်လည်း အချိန်မရွေး ပြန်ပြင်လို့ ရတယ်မလား။ မှန်ကန်အောင် ပြင်ဖို့ပဲ လိုတာပါ။ မြေပြင်တခုပဲ မမှန်တာပေါ့နော်။ စာအုပ်နှင့် စာရင်းဇယားတွေပဲ မှန်ရင် ရပြီပေါ့နော်။ --ဘဝကလှပတယ်၊အချစ်ကစားမရတယ် (ဆွေးနွေး) ၁၀:၅၈၊ ၁၄ ဇန်နဝါရီ ၂၀၁၈ (UTC)အကြောင်းပြန်ရန်

စာမျက်နှာ "တော်ဝိရွာသစ်" သို့ ပြန်သွားရန်။