GA Review ပြင်ဆင်ရန်

GA Review စတင်လိုက်ပါပြီ။ Review လုပ်ရာတွင် အောက်ပါ Template ကို အသုံးပြုပါမည်။ မကြာမီ ရက်ပိုင်းအတွင်း လုပ်ငန်းစဉ်ပြီးစီးမည်ဟု မျှော်လင့်ပါသည်။ ~ ထနောင်း (🔔📝) ၁၆:၁၉၊ ၂၂ နိုဝင်ဘာ ၂၀၂၁ (UTC)အကြောင်းပြန်ရန်

@Bhone.bm: review လုပ်လို့ပြီးပါပြီ။ ​လိုအပ်ချက်တွေထောက်ပြထားတာ မွမ်းမံဖို့ အချိန်လိုရင် ၇ ရက် ရပါမယ်။ လိုအပ်ချက်အားလုံး ပြေလည်သွားရင် GA pass ဖြစ်ပါမယ်။ (Just in case, also pinging @Dr Lotus Black:) ~ ထနောင်း (🔔📝) ၀၄:၀၇၊ ၂၃ နိုဝင်ဘာ ၂၀၂၁ (UTC)အကြောင်းပြန်ရန်
ဆောင်းပါးကောင်းအဖြစ် ဆန်းစစ်ခြင်း (ဆောင်းပါးကောင်းအင်္ဂါရပ်များကို ဤနေရာတွင်လည်းကောင်း၊ ​ဆောင်းပါးကောင်းအင်္ဂါရပ်များက ဘာမဟုတ်ဘူးလဲကို ဤနေရာတွင်လည်းကောင်း ကြည့်ရှုပါ။)
  1. အတော်အသင့် ​ကောင်းမွန်စွာ ​ရေးသားထားသည်။
    က (စကားပြေ၊ စာလုံးပေါင်းသတ်ပုံ၊ သဒ္ဒါ):  (နိဒါန်းစာပိုဒ်ဆောင်းပါးအပြင်အဆင်သတိထားသုံးရမည့် စကားလုံးများစိတ်ကူးယဉ်ဇာတ်လမ်းများစာရင်းဇယားများအတွက် ရေးသားနည်းလမ်းညွှန်ချက်များ):  
    အင်္ဂလိပ်စာလုံးတွေကို မြန်မာအသံထွက်နဲ့ဖော်ပြတဲ့အခါ ပထမဆုံးအခေါက်မှာ မြန်မာအသံထွက် (အင်္ဂလိပ်စာလုံး) ပုံစံနဲ့ဖော်ပြပေးပါ။ ဥပမာ ဘိုဗီနေး (Bovinae)။ ဒုတိယအခေါက်ကစလို့ မြန်မာအသံထွက် ပုံစံကိုသုံးပေးပါ။ (en:MOS:ITALICS)
    lead section က တစ်ပုဒ်လုံးကို မခြုံငုံမိပါ။ lead က သက်သက် စာကိုယ်က သက်သက် ဖြစ်နေပါတယ်။ en:MOS:LEAD အရ subject (နွား) ရဲ့ ထင်ရှားမှုကို ခြုံငုံဖော်ပြထားဖို့ လိုပါတယ်။ တစ်နည်းအားဖြင့် စာဖတ်သူတစ်ယောက်ဟာ lead ကို ဖတ်ကြည့်ရုံနဲ့ အကြောင်းအရာကို အကြမ်းဖျင်းနားလည်အောင် ရေးထားဖို့လိုပါတယ်။
    copy edit အနည်းငယ်လိုပါတယ်။ လိုအပ်ချက်အားလုံးပြင်ပြီးရင် လုပ်ပေးပါမယ်။
  2. အချက်အလက်အားဖြင့် တိကျမှန်ကန်မှုရှိပြီး စိစစ်အတည်ပြုခံနိုင်သည်။
    က (ရည်ညွှန်းကိုးကားစာရင်း):  (ယုံကြည်ရသောရင်းမြစ်များကို ကိုးကားထားခြင်း):  (ကိုယ်တိုင်ထုတ်ဖော်ထားသော အချက်အလက်များ):  (မူပိုင်ခွင့်ချိုးဖောက်ခြင်းနှင့် စာကူးချခြင်း):  
    iAbidan ကို reliable source လို့ မယူဆနိုင်ပါ။
    citation တွေ ထပ်လိုပါသေးတယ်။ လုံးဝ cite လုပ်မထားတဲ့ section တွေလဲ ပါနေပါတယ်။ ဖြစ်နိုင်ရင် statement တစ်ခုစီတိုင်းအတွက် citation တစ်ခုရှိတာ အကောင်းဆုံးပါ။
    lead section က နက္ခတ္တရောင်ခြည်ထဲကနေ ကူးမထားဖို့ မျှော်လင့်ပါတယ်။ Assuming good faith, pass for copyvio.
  3. အထိုက်အလျောက် ကျယ်ပြန့်သည်။
    က (အဓိကအကြောင်းအရာ):  (ခေါင်းစဉ်နှင့်ဆက်စပ်ရာကိုသာ အာရုံထားခြင်း):  
    enwiki ဘက်မှာ Characteristics စသည် section တွေ စုံပါတယ်။ ဖြစ်နိုင်ရင် အဲဒီဘက်ကဟာတွေကို ဘာသာပြန်ပေးတာ ပိုကောင်းပါမယ်။
  4. ဘက်မလိုက်မူဝါဒကို လိုက်နာသည်။
    ဘက်မလိုက်ဘဲ မျှတ:  
    Pass, no NPOV issues.
  5. တည်ငြိမ်မှုရှိသည်။
    တည်းဖြတ်မှုတိုက်ပွဲ စသည် မရှိ:  
    Stable enough for a GA; pass.
  6. ရုပ်ပုံများ နှင့် အခြားမီဒီယာများကို ဖြစ်နိုင်ပါက တတ်နိုင်သရွေ့ ဝေဝေဆာဆာ ဖော်ပြထားသည်။
    က (ရုပ်ပုံများသည် သက်ဆိုင်ရာ မူပိုင်ခွင့်များကို ဖော်ပြထားပြီး အခမဲ့မဟုတ်သောအကြောင်းအရာများတွင် မျှတစွာသုံးစွဲခွင့် ပါရှိ):  (ခေါင်းစဉ်နှင့် ဆီလျော်ပြီး သင့်လျော်သော ပုံစာများ ပါရှိ):  
    ဓာတ်ပုံက နှစ်ပုံတည်း ဖြစ်နေတယ်။ ဖြစ်နိုင်ရင် နောက်ထပ်သင့်တော်ရာ ထပ်ထည့်ပေးပါ။
    Infobox caption က မြန်မာလိုဖြစ်ဖို့လိုပါတယ်။
  7. အချုပ်အားဖြင့်:
    အောင်/ရှုံး:  

အင်္ဂလိပ်အသံထွက် ဖော်ပြပုံ နည်းကို မှတ်သားရပါတယ်။ ခေါင်းစီးပိုင်းက ကိုယ့်ဘာသာ ရေးထားတာ ဖြစ်ပြီး ပြီးမှ အချို့အချက်အလက်ကို enwiki မှ ပြန်ယူထည့်ထားပါတယ်။ တိုက်ကြည့်ပါ။ ဒီဖက်က ရေးတာ မခြုံငုံဘူးထင်ရင် လိုအပ်ချက် ရှိနေမှာမို့ ဘယ်လို ရေးရင် ခြုံငုံမလဲ နမူနာ ရေးပြစေလိုပါတယ်။ iAbidan မှာ ပါတဲ့ တည်ပုဒ်တွေ ဘာသာပြန်ချက်တွေဟာ မြန်မာစာအဖွဲ့က ထုတ်တဲ့ English-Myanmar dictionary app နဲ့ တိုက်ကြည့်တဲ့အခါ တူပါတယ်။ r s မယူဆရင် ယူဆတာ ညွှန်ပြပါ။ enwik ဘက်က ကျန်တာ ဘာသာပြန်ဖို့ အချိန်မရသေးလို့ပါ။ cite မရှိတဲ့ စာကြောင်းက နက္ခတ္တကပါပဲ။ ဆိုရိုးစကား ပိုင်းကတော့ mywiki ကပဲ ယူထားတာမို့ link ကို နှိပ်ရင် တွေ့မှာမို့ cite မထည့်တာပါ။ ဓာတ်ပုံက ဖုန်းနဲ့ လုပ်တာမို့ လက်ဝင်ပြီး အချိန်မရလို့ နှစ်ပုံပဲ ထည့်ဖြစ်။ infobox ကတော့ တယောက်ယောက်ပဲ ပြန်ပေးပါ။ သို့မဟုတ် ပြန်ပေးအောင် ထားထားတာပါ။ ဝီကီက ဆောင်းပါးတပုဒ်ကို ဝိုင်းပြင်တဲ့ မူမဟုတ်လား။ ကျန်တဲ့လူပါ ပြင်လို့ရအောင် ထားတာလည်းပါ။

အချုပ်ပြောချင်တာက Pass or fail ကိစ္စမရှိပါဘူး။ အမည်စာရင်းတင်သွင်းတာ၊ ရီဗျူး ဝေဖန်ရေး လုပ်တာ လုပ်ငန်းစဉ်ကို ဘယ်လိုလုပ်လဲ သိဖို့ စမ်းကြည့်တဲ့ သဘောပါပဲ။ Thanks for your review. Bhone d(^o^)b¸¸♬·¯·♩¸¸♪·¯·♫¸BM «» ၀၅:၂၄၊ ၂၄ နိုဝင်ဘာ ၂၀၂၁ (UTC)အကြောင်းပြန်ရန်

ပုံမှန်ဆိုရင် ဝီကီက ​ဆောင်းပါးကို ဝိုင်းပြင်တဲ့မူပေမဲ့ GA nomination မှာတော့ လိုအပ်ချက်တွေကို မွမ်းမံပေးဖို့က nominator ရဲ့ တာဝန်သာဖြစ်ပါတယ်။ GA nominate လုပ်တယ်ဆိုတာက မိမိဖန်တီးထားတဲ့ ဒါမှမဟုတ် သိသိသာသာ မွမ်းမံထားတဲ့ ဆောင်းပါးကို ဆောင်းပါးကောင်းအနေနဲ့ သတ်မှတ်ပေးဖို့ အဆိုပြုတဲ့သဘောဖြစ်တဲ့အတွက် သူများတွေထက် ဆောင်းပါးအကြောင်း အကျွမ်းတဝင်ပိုရှိတဲ့ nominator ကိုယ်တိုင်ကသာ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ~ ထနောင်း (🔔📝) ၀၆:၀၀၊ ၂၄ နိုဝင်ဘာ ၂၀၂၁ (UTC)အကြောင်းပြန်ရန်
စာမျက်နှာ "နွား" သို့ ပြန်သွားရန်။