မြိုလူမျိုး (၂) မြိုအကြောင်း ဆွေးနွေးလို ပြင်ဆင်ရန်

၁။ မြိုလူမျိုး (မရူ ၊ မြူ) ..ဤ လူမျိုးသည် ရှေးဟောင်းလူမျိုး ဖြစ်ပြီး ပင်ကိုယ် ဘာသာစကား ၊ ပင်ကိုယ် စာပေ ၊ ပင်ကိုယ် ဘာသာတရား ၊ ပင်ကိုယ်တေးမှုတ်တုရိယာ ၊ ပင်ကိုယ်အမျိုးသားလက်ခဏာ နှင့် ရှိပြီး မိမိ ကိုယ် ကိုယ် ( မရူ၊ မြူ ) ဟု ခေါ်ပသည်။ အဘယ်ကြောင်း မြို ဟု ဖြစ်ပေါ်လာသလဲဆိုလျှင် (မြူ) ဟု အခြားတိုင်းရင်းသားများရခိုင်တို့က အသံမပီသားသောကြောင့် မြို ဟု ခေါ်ဆိုခြင်းဖြစ်ပါသည်။ ကုလားတို့ က မြူဟုမပီသားသောကြောင့် မြုံ ဟု ခေါ်ဆို ကြသည်။ ဗမာတို့က ရခိုင်အခေါ် မြို ဟုခေါ်ဆိုခြင်းကို (မျို) ဟုအသံထွက်ဖြင့် ခေါ်ဆိုသည်။ထို့ကြောင့်ပင် မြို လူမျိုးအပြင် မြုံ ဟူ၍လည်းကောင်း၊ မြူ၊ မရူ ဟူ၍လည်းကောင်း ခေါ်ဆိုကြပါသည်။ ဤ မြို လူမျိုး ကို မိမိအခေါ် ၊ နိစပ်ရာလူမျိုး အခေါ် ၊ နိုင်ငံခြားသားအခေါ်ဟူ၍ ရှိပါသည်။ က။ မြိုလူမျိုးတို့၏ အမည်နာမမူကွဲဟန်စာလုးံပေါင်းအရေးအသားအမျိုးမျိုး ။ ဤနေရာတွင်မြိုလူမျိုးကို (၃) မျိုးဖြင့်ဖော်ပြရှင်းလင်းပါမည်။ မိမိအခေါ် ၊နီးစပ်ရာလူမျိုးအခေါ်၊ နေထိုင်ရာဒေသအခေါ် ၊နှင့် နိုင်ငံခြားသားအခေါ်ဟူ၍ အမျိုးမျိုးရှိရာ - နီးစပ် ရာလူမျိုး ရခိုင် နှင့် ဗမာတို့က မြို(Mro), မျို(Myo)ဟုခေါ်သည်။ နိုင်ငံခြားသားကုလားတို့က မြုံ (Murong)ဟုခေါ်သည်။ မိမိကိုယ် မိမိတို့က မရူ(Mru)ဟုခေါ်ပါသည်။ ဤ မြို(Mro),မြုံ(Murong),မရူ(Mru) အရေးအသားရပ် (၃)ခုမှ မူကွဲဟန်ရှိသော အရေးအသားအမျိုးမျိုး တစ်ခုချင်းစီကိုထုတ်နုတ်ရလျှင်- ၁။ မြို(Mro)ဟူသော ဝေါဟာရအပြင် မြို့ဟူ၍လည်းကောင်း ၊မျိုဟူ၍လည်းကောင်း ၊ မြိုစာဟူ၍လည်းကောင်း၊ မြိုဆာ ဟူ၍လည်းကောင်း ၊ဒတ်ဟူ၍လည်းကောင်း ၊ တောင်မြို ဟူ၍လည်းကောင်း ၊ တောင်မရိုဟူ၍လည်းကောင်း ၊လောင်းဟူ ဟူ၍လည်းကောင်း ၊တောင်မျိုဟူ၍လည်းကောင်း မူကွဲစာလုးံပေါင်းအရေးအသားအမျိုးမျိုးကိုတွေ့နိုင်သည်။ အင်္ဂလိပ်အက္ခရာအလို- Mro are also known as Mroo,Moroo,Mro-cha, Mro-sa, Dak, Kuki(or)langye, Launghu, Taung Mro, Taung Moroo,Taung Myo written by differently the Mro(Mru) reffer to the tribe. ၂။ မြုံ(Murong) ဟူသော ဝေါဟာရအပြင် မြုန် ဟူ၍လည်းကောင်း၊ မြုမ်ဟူ၍လည်းကောင်း ၊ မရောင်ဟူ၍လည်းကောင်း ၊ မြုံဂျာဟူ၍လည်းကောင်း မူကွဲဟန်စာလုးံပေါင်းအရေးအသား အမျိုးမျိုးကိုတွေ့နိုင်သည်။ အင်္ဂလိပ်အက္ခရာအလို - Murong are also known as Murung, Moorang, Morung written by differently the Mro(Mru) reffer to the tribe. ၃။မရူ(Mru) ဟူသော ဝေါဟာရအပြင် မြူဟူ၍လည်းကောင်း၊ မြူစာ ဟူ၍လည်းကောင်း ၊ မရူစာဟူ၍လည်းကောင်း ၊ မြူဆာဟူ၍လည်းကောင်း ၊ မရူဆာ ဟူ၍လည်းကောင်း ၊ တောင်မြူ ဟူ၍လည်းကောင်း ၊ တောင်မရူဟူ၍လည်းကောင်း မူကွဲဟန်စာလုးံပေါင်းအရေးအသားအမျိုးမျိုးတွေ့နိုင်သော်လည်း မြို(မရူ) လူမျိုးကိုပင် ရည်ညွန်းဖော်ပြသည်။ အင်္ဂလိပ်အက္ခရာအလို - Mru are also known as Maru, Mru-cha, Maru-cha, Mru-sa, Maru-sa. Taung Mru, Taung Maru written by differently the Mro(Mru) reffer to the tribes. ေ ဖာ်ပြပါမူကွဲစာလုးံပေါင်းအရေးအသားအမျိုးမျိုးသည် မြိုလူမျိုး တစ်မျိုးကိုသာ ရည်ညွန်းဖော်ပြကြောင့် မိမိတို့အချင်းချင်းခေါ်ဆိုမှု မူလည်းကောင်း ၊ ရခိုင့်ရာဇဝင်သမိုင်း၊ မြန်မာ့ရာဇဝင်သမိုင်း ၊သုတေသနပြုစာတမ်းကြီးများ အခြားစာအုပ်မျာစွာက ထောက်ခံလျှက်ရှိပါသည်။ ၎င်း မူကွဲဟန် စာလုးံပေါင်း အရေးအသားအမျိုးမျိုးများသည် ခမီလူမျိုး / မြို (ခေါ်)ခမိ (သို့မဟုတ်)မြိုခမိ(ယခုအခါတွင် မြိုဟုခံယူ)တို့နှင့် ပါဝင်ပတ်သက်မှုရှိသည်ကို မတွေ့ရှိပေ။

မြိုလူမျိုးသည် ပြင်ဆင်ရန်

ဤလူမျိုးကို ရခိုင်တို့က ခမွီးဟု ခေါ်သည် ၊ အၐ်လိပ်သုတေသနစာတမ်းများတွင်မူ Awa khami ( အဝခမီ). Khami-ခမီ ဟုသုံးနှုန်းရေးသားထားပါသည်။ဤ လူမျိုးသည် ရှေးဟောင်း လူမျိုး မဟုတ်ပေ ၂၀၁၄ မြန်မာ နိုင်လုံး သန်းခေါင်စာရင်း ကောက်ယူပြီးသည့်နောက်မှ သူတို့ကိုယ် သူတို့ ရှိရင်းစွဲ မြို လူမျိုးနေရာကို လုယူနေခြင်းဖြစ်သည်ကို အချိန်အနည်းငယ်ပေးပြီးလေ့လာလျှင်ပင် ခြွဲခားနိုင်ပါသည်။ ၄င်းတို့သည် ပ.ဆ.လ ဟုခေါ်သော မြိန်မာနိုင်ငံ လွတ်လပ်ရေး ရပြီး ၁၉၅၉-၆၀ ခုနှစ်ကနေ မိမိခမီလူမျိုးကို ပယ်၍ မြို လူမျိုး ခံယူလာကြသည်။ မိမိခမီလူမျိုးကို ပယ်ရသည့်အကြောင်းတရားသည် ပလက်ဝ က ဦးထက်လှိုင်သည် ခမီနာမည်ဖြင့် ရွေးကောက်ပွဲ ဝင်၍ မဲအဖြတ် နိုင်၍ ရခိုင်တောင်တန်းကနေ ခမိလူမျိုးခံပြီး ရွေးကောက်ပွဲ ဝင်လို့မရသောကြောင့် မြိုလူမျိုး နှင့် ခမီ လူမျိုး လူမျိုးနှစ်မျိုး လူဦးရေအင်အားကို ယူ၍ ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သည် ရွေးကောက်ပွဲအနိုင်ရ၍ တရားဝင် ပါတီ တည်ထောင်နိုင်ခဲ့သည်။၄င်းပါတီအမည်သည် မြိုခေါ်ခမိ အမျိုးသားညီညွတ်ရေးပါတီ ဖြစ်သည်။ ယင်းအချိန်တွင် မြိုခေါ်ခမိ တိုင်းရင်းသားဟု ခံယူနေကြသည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူပြီးနောက် ၂၀၁၅ ရွေးကောက်ပွဲ တွင် မြိုအမျိုးသား ဒီမိုကရေစီပါတီ နှင့် မြိုတိုင်းရင်းသား ဖွံ့ဖြိုရေးပါတီ ဟူ၍ ပါတီ နှစ်ခု ဖြင့် ရွေးကောက်ပွဲ ဝင်ပြိုင်ချိန်မှစ၍ မြိလူမျိုးဟု ရှိရင်းစွဲ မြိုလူမျိုးနေရာတွင် နေရာယူလာကြခြင်းဖြစ်သည်။ ၄င်းတို့မှာလည်း ဘာသာစကား ၊ စာပေ ရော အက်ခရာဖြင့် တီထွင်ထားတာရှိသည်။ ဝတ်စားဆင်ယင်မှု သီးခြားရှိပါသည်။ ယခုအချိန်မှာ မြိုလူမျိုးခံယူထား၍ မြိုလူမျိုးသမိုင်းကိုအခြေခံကာ မြိုလူမျိုးဟု ခံယူကြခြင်းဖြစ်ပါသည်။ သီးခြားမှုပိုမို သိသာစေ၍ရန် မိမိအခေါ် ၊ နိစပ်ရာလူမျိုးအခေါ် နှင့် နိုင်ခြားသား အခေါ်အဝေါ် အမျိုးမျိုးရှိကြသည် ပါသည်။ ဤအချက်ဖြင့် ၄င်းတို့သည် မြိုလူမျိုး ဟုတ်၏ မဟုတ်၏ ကို လေ့လာကြည့်သော်-ခမီလူမျိုးတို့၏အမည်နာမ စာလုးံပေါင်းအရေးအသား မူကွဲဟန်အမျိုးမျိုးကို ဖော်ပြရာတွင် ခမီ (၃)အုပ်စု ဖြင့် ဖော်ပြမှသာလျှင် ပြည့်စုံပေမည်။

၁။ အရိုင်းခမီ(ခူမီး) ၂။ အဝခမီ (ခမီ) ၃။ မြို(ခေါ်)ခမိ (သို့မဟုတ်)မြိုခမိ (ယခုအခါ မြိုဟုခံယူ) တို့၏ မိမိအခေါ် ၊နီးစပ်ရာလူမျိုးအခေါ် ၊နေထိုင်ရာဒေသအခေါ် နှင့် နိုင်ငံခြားသား အခေါ်ဟူ၍ အမျိုးမျိုးတွေ့နိုင်သည်။ ယင်း (၃)အုပ်စုတို့၏ လူမျိုးအမည်နာမ မူကွဲဟန်စာလုးံပေါင်း အရေးအသားအမျိုးမျိုးတို့မှာ ထပ်တူရှိကြောင့် တွေ့ရပေမည် ။

၁။အရိုင်းခမီ(ခူမီး) ဟူသောဝေါဟာရအပြင် တွေ့နိုင်သော အရေးအသားများမှာ အရိုင်းခမီ၊ ခမွီး(ခူမီး) ဟူ၍လည်းကောင်း ၊ ခူမီးဟူ၍လည်းကောင်း ၊ ခွေးမွေးဟူ၍လည်းကောင်း ၊ ခမီးဟူ၍လည်းကောင်း ၊ ခွေးမြီးဟူ၍လည်းကောင်း ၊ခမွီးဟူ၍လည်းကောင်း ၊ ခမွေ ဟူ၍လည်းကောင်း ၊ ခမွီ ဟူ၍လည်းကောင်း ၊ ကုလာတန်ခူမီး ဟူ၍လည်းကောင်း ၊ စာလုးံပေါင်းအရေးအသားအမျိုးမျိုးကို တွေ့နိုင်သည်။ အင်္ဂလိပ်အက္ခရာအလို - Ahraing(Khumi) are also known as Ahraing Khami, Kwemyi(Khumi), Khumi, Khwemyi, Khami(Khumi) , Khami, Khamee, Kumi, Khwemye, Kami, Khwe-mee, Kwemi, Kaladan Khumi, Eastern Khumi,Hkamie written by differently the Khumi reffer the tribe.

၂။အဝခမီ(ခမီ) ဟူသော ဝေါဟာရအပြင် တွေ့နိုင်သည့် အရေးအသားအမျိုးမျိုးများမှာ ခမွီးဟူ၍လည်းကောင်း ၊ ခမွေ ဟူ၍လည်းကောင်း ၊ ခမွီဟူ၍လည်းကောင်း ၊ အဝခမီဟူ၍လည်းကောင်း၊ ခွေးမြီးဟူ၍လည်းကောင်း ၊ ဝါကုန်းဟူ၍လည်းကောင်း ၊ဘကုန်းဟူ၍လည်းကောင်း၊ ခမီးဟူ၍လည်းကောင်း ၊ ခမီဟူ၍လည်းကောင်း ၊ ခေမွီးဟူ၍လည်းကောင်း ၊ စာလုးံပေါင်းအရေးအသားအမျိုးမျိုးရှိသော်လည်း ခမီလူမျိုးကိုရည်ညွန်း ခေါ်ဆိုခြင်းဖြစ်ပါသည်။ အင်္ဂလိပ်အက္ခရာ အလို- Awa(Khami) are also known as Khamyi, Khemyi, Khami, Khimi, Kami, Khwe-myee, Khwemyi, Kwemi, Vakung, Wa kung, Khamee, written by differently the Khami reffer to the tribes အဝခမီ (ခမီ) ရိုးရာဝတ်ဆင်မှု ၃။ မြို(ခေါ်)ခမိ (သို့မဟုတ်)မြိုခမိ (ယခုအခါမြိုဟုခံယူ) ဟူသော ဝေါဟာရ အပြင် ခမွီးဟူ၍လည်းကောင်း ၊ ခမွေးဟူ၍လည်းကောင်း ၊ အဝခမီဟူ၍လည်းကောင်း ၊ ခမိဟူ၍လည်းကောင်း ၊ ဝါကုန်းဟူ၍လည်းကောင်း ၊ဘကုန်းဟူ၍လည်းကောင်း ၊ ခွေးမွေးဟူ၍လည်းကောင်း ၊ ခမီးဟူ၍လည်းကောင်း ခမီဟူ၍လည်းကောင်း၊ ခွေးမြီးဟူ၍လည်းကောင်း ၊ ခေမီး ဟူ၍လည်းကောင်း၊ အရေးအသားအမျိုးမျိုးကိုတွေ့နိုငိသည်။ သူတို့ကိုသူတို့ ခေါ်သည့်အခါမှာ ခမီ ဟုခေါ်သည်။ အင်္ဂလိပ်အက္ခရာအလို Mro-Khami are also known as Khamyi, Kamyi, Awa Khami, Kami, Wa kung, Va kung, Khwemyi, Khamee, Khimi, Khwe-mee, Kimi, written by differently the Khami reffer to the tribe. မြို(ခေါ်)ခမိ (သို ့မဟုတ်) မြိုခမိ (ယခုအခါမြိုဟုခံယူ) ဝတ်ဆင်မှုသည် ေ ဖာ်ပြပါ ခမီ (၃)အုပ်စုတ ွင် အမည်နာမ စာလုးံပေါင်း အရေးအသား အမျိုးမျိုးသော ခမီွီး ၊ ခမီး ၊ ခမိ၊ အဝအခမီ ၊ အရိုင်းခမီ သည် ဤ (၃)အုပ်စုတွင် ထပ်တူရှိကြောင်းတွေ့ရသည်။ ယင်းသို့ လူမျိုးအမည်နာမ ထပ်တူသည်မှာ လူမျိုးတစ်မျိုးတည်းမှ ဆင့်သက် ဆက်နွယ်လာမှုရှိသော လူမျိုးစုမှာသာ တွေ့နိုင်သည်။ ထို့အပြင် ပထဝီနယ်မြေ တူသည်။ဘာသာစကားပြောဆို ဆက်စပ်မှု ၇၀% ကျော် တူညီကြောင့်လည်းလေ့လာတွေ့ရှိသည်။ သို့ဖြစ်လျှင် ရခိုင့်ရာဇဝင်သမိုင်းကျမ်း ၊ မြန်မာ့စွယ်စုံကျမ်း ၊မြန်မာ့သမိုင်း စာအုပ် များနှင့် သုတေသနပြုစာတမ်းကြီးများတွင် ပါရှိသော ခမွီး ၊ ခမီး ၊ ခမိ ၊ အရိုင်းခမီ ၊အဝခမီ စာလုးံပေါင်း အရေးအသားအမျိုးမျိုးသည် ဤ (၃) အုပ်စု ကို ရည်ညွန်း ပြကြောင့် တွေ့ဆနိုင်ပေသည်။ မြို (Mro) ,မရူ(Mru) ,မြုံ( Murong) အမည်နာမတို့နှင့်ကား ဤခမီ (၃)အုပ်စု တို့နှင့် ဆက်စပ်မှု ရှိသည်ကို မတွေ့ရှိပေ။Moyezan (ဆွေးနွေး) ၁၀:၀၀၊ ၁၇ မေ ၂၀၂၀ (UTC) (မၐ်လာပါ ဝီကီပီးဒီးယမ်း... ပုံတင်ခြင်း များ ကို ခွင့်ရန် ဆွေး‌နွေးလိုပါသည်။)Elisha Mro1 (ဆွေးနွေး) ၀၈:၀၁၊ ၂၀ မေ ၂၀၂၀ (UTC)အကြောင်းပြန်ရန်

ဤစာမျက်နာအား ပယ်ဖျက်သင့်ကြောင်း ဆွေးနွေးချက် ပြင်ဆင်ရန်

ရှေးဟောင်းလူမျိုး ဟူသော စကားလုံးသည် ပျောက်ကွယ်သွားသော ၊ ပျောက်ကွယ်ပြီး ဖြစ်သော လူမျိုးစုများအား မှတ်တမ်းတင်‌ရာတွင် ဖော်ပြသော အယူအဆပင် ဖြစ်ပါသည်။

(ရှေးဟောင်းလူမျိုးဟု ဖော်ပြခြင်းသည် ပျောက်ကွယ်သွားပြီး ဖြစ်သော လုံးဝ ကမ္ဘာ့မြေပြင်တွင် မျိုးတုံးပြီးဖြစ်ကြောင်း အဓိပ္ပါယ်ရှသာ်။ စစ်တကောင်းဘက်မှ မရူစားများနှင့် ဆက်နွယ်မှု ရှိသောကြောင်း မြို (မရူစား) လူမျိုးဟု သုံးနှုန်းက ပိုမို သင့်တော်ပါသည်)

ရှေးဟောင်းမြိုလူမျိုးပယ်ဖျက်သင့်သည့်အကြောင်းအရာများ ပြင်ဆင်ရန်

(၁)ဤစာမျက်နာတွင် ရေးသားထားသော အချက်အလက် အယူဆသည် ရှိပြီးသော {မြိုလူမျိုး} ခေါင်းစဉ်ပါ စကားလုံး အကြောင်းအရာများ သမိုင်းဆိုင်ရာများအား လက်တွေ့ ကွင်းဆင်းလေ့လာမှု မရှိပဲရေးသားခြင်း ၊ (၂) စာတွေ့ပါအတိုင်း မှတ်ချက်ပြု၍မူပိုင်ခွင့်မဲ ကူးယူ ဖော်ပြသော အကြောင်းအရာများသာ ဖြစ်ခြင်း။

(၃) မူလ မြို လူမျိုး အကြောင်း အရာ များနှင့် ဇဝေဇဝါး ယောင်ဝါးဝါး ဖြစ်စေသော ကြောင်း အမြန် ဆုံး ပယ် ဖျက်သင့်ပါသည်။ Yomeo (ဆွေးနွေး) ၁၈:၁၉၊ ၂၆ မေ ၂၀၂၀ (UTC)အကြောင်းပြန်ရန်

ဤစာမျက်နှာအားပယ်ဖျက်ခြင်းမသင့်ကြောင်းပြန်လည် ဆွေးနွေးချက် ပြင်ဆင်ရန်

ရှေးဟောင်းမြိုလူမျိုးဟူဟော အသုံးနှုန်းသည် ဝီကီပီးဒီးယား စံချိန် စံညွန်း နှင့် အညီ မြိုဘာသာစကား ၊ မြိုစာပေ ၊ မြိုသမိုင်း နှင့် မတူသော (မြိုလူမျိုး)မဟုတ်သော ခမီဘာသာစကားကိုပြောဆိုသော ၁၉၅၉-၆၀ ခုနှစ်မှ မိမိခမီလူမျိုး ကိုပယ်ဖျက်ပြီး မြိုလူမျိုး ရှိရင်းစွဲ နေ ရာတွင် မြိုသမိုင်းကိုအခြေခံကာ (မြိုလူမျိုး)ဟု စာမျက်နှာ ရှိပြီးဖြစ်သောကြောင်း ရှေးဟောင်းမြိုလူမျိုးဟု စာမျက်နှာ ဖြင့် မြိုလူမျိုးအကြောင်းကို ရေးသားခြင်းဖြစ်ပါသည်။ မြန်မာ့ စွယ်စုံကျမ်း အတွဲ (၉) အပိုင်း (ခ) အရ တစ်ချက်ကို တွေ့ကြည့် ဦးတော့ ..နေထိုင်ရာ ဒေသ ဖော်ပြချက်မှာ- မြိုလူမျိုးသည် ရခိုင်တောင်တန်း၊ စစ်တကောင်းတောင်တန်း နှင့် အရှေ့ပက်ကီစတန် တို့တွင် နေထိုင်ကြကြောင်းဖော်ပြထားသည်။ ၄င်းနေရာတို့တွင် ကျောက်တော်နယ်တစ်ဝိုက် က ခမီဘာသာစကားပြောအုပ်စု သည် ရှေ့ကာလမှ ယခုကာလအထိ နေထိုင်ကြကြောင်းကိုမတွေ့ရှိပေ။ ယင်းဒေသတွင် ရှိလည်းမရှိပေ။ မြို(မရူးစား) အသုံးနှုန်သည် မသင့်တော်ပါ ဘယ်လူမျိုးမဆို နှစ်မျိုးသော နာမည်ကိုသုံးလည်းမရှိပါ၊ လူမျိုးတိုင်းတွင် နိုင်ငံအသိအမှတ်ပြု နာမည်ကိုသာအသုံးပြုလည်းရှိပါသည်။

ရှေးဟောင်းမြိုလူမျိုးလုံဝပယ်ဖျက်မသင့်သည့်အကြောင်းအရာများ ပြင်ဆင်ရန်

၁။ ဤ စာမျက်နှာတွင် ရေးသားထားသော အချက်အလက် အယူအဆသည် ရှိပြီးသော မြိုလူမျိုး ခေါင်းစဥ်ပါ အရေးအသားကိုအခြေ ၍ မဟုတ်ကြောင်း ၊ စာအုပ်သမိုင်း ၊ ဘာသာစကား ၊ စာပေ စာအုပ်များ ရာကျော်ရှိပြီး ၁၀ နှစ်ခန့် လေ့လာသော အတွေ့အကြုံ နှင့် ကြီးပြင်းလာသော ဒေသသည် ကွင်းရှင်းပြီးသား သော အချက်အလက်နှင့် နှိုင်းချိန်ပြီးသားသော စာအုပ်များကိုအခြေခံ၍ ဖြစ်သည်။ ၂။ စာတွေ့ပါအတိုင်း မှတ်ချက် ပြု၍ မူပိုင်ခွင့်မဲ့ကူးယူဖော်ပြသော အကြောင်းအရာများသာဖြစ်ခြင်း -ဟူသော စကားရပ်သည် စိတ်ဝင်စားစရာ စကားရပ်ဖြစ်သည်။ ဤစကားရပ်နှင်ပတ်သက်၍ မူမိုင်ခွင့်မဲ့ကူးယူဖော်ပြသောအကြောင်းအရာဖြစ်ခြင်းအား သေချာခိုင်မာစွာသော အချက်ကို ထောက်ပြပေးပါရန်။ ၃။ ခမီဘာသာစကား ‌ပြောပြီး မြိုဟု ခံယူလာကြသည်ကြောင်း မြန်မာနိုင်ငံတွင် မြိုလူမျိုး (နှစ်) မြိုရှိပါသည် ၊ ပယ်ဖျက်သင့်သည်မှာ (မြိုလူမျိုး) စာမျက်နှာ ပို၍ပင်သင့်သော်သည်ဟု ယူဆပါသည်။Moyezan (ဆွေးနွေး) ၁၂:၂၂၊ ၂၇ မေ ၂၀၂၀ (UTC)အကြောင်းပြန်ရန်

ရှေးဟောင်းမြိုလူမျိုး (မြိုလူမျိုး) ပင်ကိုယ်စာပေ ပြင်ဆင်ရန်

https://keymanweb.com/?_ga=2.244017925.1829076129.1590300131-764973306.1590300131&fbclid=IwAR11b3sLofihoh5K40FtlerecYdHwCh8fNkOM4-8qMcSEJuhjESqfn5 မြိုကီးဘုတ် ကို သုံးနိုင်သော အပ်။ https://aksharamukha.appspot.com/describe/Mro?fbclid=IwAR0UPTN2Nx4KfT0tLxLAGdPHrKjByB9_o74LWuQ1AO9mIPBwBp6XaFV-uGU အခြားသောလူမျိုး ဘာသာစကားများစွာကို မြိုဘာသာသို့ ဘာသာပြန်နိုင်သောအပ် https://unicode.org/iso15924/iso15924-en.html ဘာသာစကားနှင့်စာပေကုတ်များ ဤသို့ ဆိုလျှင် ဘယ်သူက မြိုစစ်၍ မည်သူက မြိုမဟုတ် သည် ကို သိသာထင်ရှား စေမည်ဟု ထင်ပါသည်။Moyezan (ဆွေးနွေး) ၁၃:၂၃၊ ၂၇ မေ ၂၀၂၀ (UTC) (အထက်ပါဆွေးနွေးချက်ကို ပြန်လည်ဆွေးနွေးမှုမပြုဘဲ ဖြတ်ပယ်ထားခြင်းသည် လွန်စွာပင် စိတ်မ‌ကေားဖြစ်ရသည် ပြန်လည်တပ်ဆင်ပါမည်။)Moyezan (ဆွေးနွေး) ၁၀:၁၀၊ ၂၉ မေ ၂၀၂၀ (UTC)အကြောင်းပြန်ရန်

စာမျက်နှာခေါင်းစဉ် ပြင်ဆင်ရန်

မြိုလူမျိုးဆိုရင်ဆောင်းပါးခေါင်းစဉ်က ပြည့်စုံပြီထင်တယ်။ ရှေ့ဟောင်းမြိုလူမျိုးဆိုပြီး ထပ်ရေးဖို့လိုသေးလို့လား။ မြိုလူမျိုးဆောင်းပါးနဲ့ပေါင်းစပ်လိုက်ရင် ပိုကောင်းမယ်ထင်ပါတယ်။ Dr Lotus Black (ဆွေးနွေး) ၀၃:၅၈၊ ၃၀ မေ ၂၀၂၀ (UTC) (မၐ်လာပါ..မြိုလူမျိုး စာမျက်နှာ သည် မြိုသမိုင်းအကြောင်းအရာကိုအခြေခံပြီးရေးသားခြင်းဖြစ်ပါသည်။ မြိုဘာသာစကားနှင့်မတူပေ ။ ဤ ရှေးဟောင်းမြိုလူမျိုး ခေါးစဥ်သည် ဝီကီ ပီးဒီးယား စံချိန်စံညွန်းအရ မြိုလူမျိုး ခေါင်းစဥ် ရှိထား၍ သံတူကြောင်းကွဲ ရှိနေတာပါ ။ ဤ စာမျက်နှာ နှစ်ခုသည် ဘာသာစကား ၊ စာပေ ၊ သမိုင်း ၊ ရိုးရာ ၊ တေးတုရိယာ မတူကြပေ ။ အထက်တွင်လည်း လုံလောက် စွာသော အ‌ကြောင်းအရာများ ရှိနေပြီဖြစ်သည်။Moyezan (ဆွေးနွေး) ၀၇:၄၂၊ ၃၀ မေ ၂၀၂၀ (UTC)အကြောင်းပြန်ရန်

အငြင်းပွားဖွယ်တမ်းပလိတ်အားပယ်ဖျက် ပြင်ဆင်ရန်

ဤတမ်းပလိတ်ပယ်ဖျက်ရသည့်အကြောင်းသည်။ ဤဆောင်းပါးအတွက် ပြည့်စုံလုံလောက်သည့် ဆွေးနွေးချက်များရှိခဲ့ပြီဖြစ်သောကြောင့် ပယ်ဖျက်ရခြင်းပြုပါရန် ဆွေး‌နွေးခြင်းဖြစ်ပါသည်။Moyezan (ဆွေးနွေး) ၁၂:၀၂၊ ၈ ဇွန် ၂၀၂၀ (UTC)အကြောင်းပြန်ရန်

မြို(မရူ)၊ မြို (မရူစား) အကြောင်း ဒေသ ခေါ် တွင်မှု အမည်နာမများ အကြောင်း ပြင်ဆင်ရန်

ဝီကီ၏ အက်မင်များအား မြိုလူမျိုး (မရူ) အကြောင်း တင်ပြချင်ပါသည်။ မြို (မရူ)သည် မြန်မာနိုင်ငံနှင့် စစ်တကောင်း တောင်တန်းဒေသများအား ရောနှော ခေါ် ဝေါ် ခြင်းများလား ဆွေးနွေးစရာ ရှိသည်။ သမိုင်းကြောင်း အရသော်လည်းလည်းကောင်း ဒေသိယ အခေါ် အဝေါ် သော်လည်းကောင်း ခူမီး (အဖျားခမီး) များအား မရူဟု ခေါ် ဆိုသည်အား သိရှိရပါသည်။ မြို(မရူ)သည် မျိုးနွယ်စု တစ်ခုအား ရည်ညွန်းခြင်း မဟုပ်ပဲ။ မြို (မရူ)လိုဆိုရာတွင် ချင်းမျိုးနွယ်စု ခူမီး (အဖျားခမီး)၊ မြို ၊ မရူစား အားလုံးအား ခြုံ ငြုံ ကာ ခေါ် ဝေါ် သော နာမည် ရပ်ပင် ဖြစ်ပါသည်။ အဘယ်ကြောင်း ဆို သော် ထို လူမျိုးစုသည် ဘာသာစကား ယဉ်ကျေးမှု အားဖြင့် တူညီစွာ ဆက်နွယ်သော အုပ်စုကြီးဟု ခေါ် ဆို နိုင်ပါသည်။ သို့ သော် မရူစား များ အတွက် မြို (မရူစား) ဟူ၍ ရေးသားချက်ကား ပို မို ထိရောက်ပါသည်။ မြို(ဝါကုန်း) တို့အား မြို အဖြစ်ရှိနေပေရာ၊ ဒေသခေါ် အရ မရူမှာ ခူမီး ( အဖျားခမီး) အား ခေါ် ဝေါ် ခြင်း ဖြစ်ပါသည်။ ဗြိတိသျှခေတ်တွင် လူမျိုးစုမားအား သူတို့ ဒေသခံယူမှု အား ခွဲ ခြမ်း စိပ်ဖြာ မှတ်တမ်း ပြု သော်လည်း ဤ မျိုးနွယ်စုတို့၏ ယဉ်ကျေးမှု သည် ချဲထွင် ရေးသားစရာ မရှိ တူညီမှု များစွာ ရှိပါသည်။ တခြား သုတေသီတို ၏ အမြင် များ ကို လည်း ဖတ်ချင်ပါသည်။--Yomeo (ဆွေးနွေး) ၀၆:၅၇၊ ၁၈ ဇူလိုင် ၂၀၂၀ (UTC) ဤ မြိုလူမျိုး အကြောင်းအရာသည် ခမီလူမျိုးမှ မြိုလူမျိုး အဖြစ်သို့ နေရာယူချင်သူများ၏ လုပ်ရပ်သာဖြစ်သည် အကိုးအကား ယူထားသည့် အရာမှာ လည်းမမှန်မကန် ရှိသ်ကိုလည်းတွေ့ရသည်။ လျာရိုး မရှိတိုင်း ပြောနေသည့် မုတ်သာ စကားလုံး များဖြစ်သည်။ သမိုင်းဆိုသည်မှာ အကိုးအကား ပြသနိုင်ရမည်ဖြစ်သည်။Moyezan (ဆွေးနွေး) ၁၅:၁၇၊ ၂၁ ဇူလိုင် ၂၀၂၀ (UTC)အကြောင်းပြန်ရန်

မြိုလူမျိုး၏ မူလအမည် ပြင်ဆင်ရန်

မြိုလူမျိုးအမည်နာမသည် ရခိုင်လူမျိုးတို့က ‌‌ေါ်‌ောအမည်သာဖြစ်ပါသည်၊ မိမိတို့က မြူ ဟူ၌ ၍ ၊မြူစာဟူ၍ ‌ေါ်ဆိုနေဆဲဖြစ်ပါသည်။ ဒီအကြောင်းအရာများကို ‌ေ့လာလျှင် သိနိုင်သော အကြောင်းအရာဖြစ်ပါသည်။ြ Moyezan (ဆွေးနွေး) ၁၅:၄၁၊ ၆ ဇန်နဝါရီ ၂၀၂၃ (UTC)အကြောင်းပြန်ရန်

စာမျက်နှာ "ရှေးဟောင်းမြိုလူမျိုး" သို့ ပြန်သွားရန်။