ဆွေးနွေးချက်:ဥက္ကလာဦးစေတီ

ဒီဆောင်းပါးက စရေးခဲ့တဲ့သူက အရှည်ကြီးရေးထားခဲ့ပေမယ့် ဝီကီစံညွှန်းနဲ့အညီ ပြန်လည်တည်းဖြတ်လိုက်မယ်ဆိုရင် ဆောင်းပါးက သုံး၊ လေးကြောင်း ထဲပဲ ရှိတော့မယ်လို့ထင်တယ်။ ဥက္ကလာဦးစေတီသည် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ကန်းကျွန်းမြို့နယ်၊ ပြည်သာယာလမ်း၊ ဥက္ကလာဦးစေတီလမ်း (အ.ထ.က၂ သင်္ကန်းကျွန်းအနီး) တွင် တည်ရှိသည်။ စေတီတော်၏ပုံတော်မှာ မဟာဗောဓိစေတီပုံစံမျိုး ဖြစ်သည်။ လေးမျက်နှာရှိပြီး နှစ်ကျိပ်ရှစ်ဆူကျောင်းဆင်းတုတော်များမှာ အမြင့်တစ်ပေခန့်ရှိပြီး တင်ပျဉ်ခွေပုံဖြစ်ပါသည်။ ကျောက်သားကို ထွင်းထားပြီး အပြင်မှ မှန်များ ကာရံထားပါသည်။ ဘုရားဒါယိကာမှာ ဟင်္သာတဆန်စက်ပိုင်ရှင် ဦးဘဦး ဖြစ်သည်။ (၁၉၅၂)ခုနှစ် တွင် တည်ထားကိုးကွယ်သည်။ ဘုရားဒါယိကာ ဦးဘဦးအား အဘဘိုးမင်း ခေါင် လွှဲအပ်လိုက်သော ယွန်းအုပ်ကို ထိပ်ဆုံးတွင်ငုံပြီး ဌာပနာထားသည်။ အဲဒီလောက်ပဲ ရမယ်။ ကျန်တဲ့စာတွေအကုန်လုံးကို ဖျက်ပစ်လိုက်ရမယ်လို့ ထင်တယ်။ မူရင်းရေးသားခဲ့တဲ့ သူကို တော့ အားနားပါတယ်။ ပြီးတော့ပုံကလည်း magazine ထဲကပုံမှာ ဘုရားဒါယိကာရဲ့ပုံကလေးတင် crop လုပ်ရမယ်လို့ ထင် တယ်။ MoeZawSoe (ဆွေးနွေး) ၁၀:၂၁၊ ၂၆ မတ် ၂၀၁၈ (UTC)အကြောင်းပြန်ရန်

မဂ္ဂဇင်းဆောင်းပါးကို တိုက်ရိုက် ကူးယူထားတာဆိုတော့ ဝီကီဆောင်းပါးပုံစံဖြစ်အောင်ဆိုရင်တော့ အများကြီး ဖယ်ပစ်ရမှာပဲဗျ။ NinjaStrikers «» ၁၀:၅၂၊ ၂၆ မတ် ၂၀၁၈ (UTC)အကြောင်းပြန်ရန်
အပေါ်မှာ ကျွန်တော် italic လုပ်ပြီးရေးထားတဲ့စာသားတင် ထည့်မယ်ဆိုရင် ရမယ် ထင်တယ်။MoeZawSoe (ဆွေးနွေး) ၁၀:၅၉၊ ၂၆ မတ် ၂၀၁၈ (UTC)အကြောင်းပြန်ရန်
အဲစာသားအတိုင်း အဆင်ပြေပါတယ်။ NinjaStrikers «» ၁၁:၁၇၊ ၂၆ မတ် ၂၀၁၈ (UTC)အကြောင်းပြန်ရန်
ပြင်လိုက်ပါပြီ။ ဒါပေမယ့် မူရင်းရေးခဲ့တဲ့သူ ရေးထားတဲ့စာထဲမှာ ပြည်သာယာလမ်း၊ ဥက္ကလာဦးစေတီလမ်း လို့ ရေးထားတယ်။ အဲဒီ့လမ်းနှစ်ခုအကြား၊ ဒါမှ မ ဟုတ် လမ်းထောင့်မှာ ရှိတာလား မသိဘူး။ ဒါမှမဟုတ် ပြည်သာယာလမ်းအနီး ရှိ ဥက္ကလာဦးစေတီလမ်းမှာ ရှိတာများ ဖြစ်မလား မသိဘူး။MoeZawSoe (ဆွေးနွေး) ၁၁:၃၉၊ ၂၆ မတ် ၂၀၁၈ (UTC)အကြောင်းပြန်ရန်
@Htain Lin Kyaw: ကျေးဇူးပြုပြီး မဂ္ဂဇင်းထဲကနေ တိုက်ရိုက်ကူးယူထည့်သွင်းတာမျိုးကို ရှောင်ရှားပေးပါ။ ဒီဆောင်းပါးကို မဂ္ဂဇင်းထဲက အကုန်ကူးယူရေးသားထားတဲ့အတွက် ရှင်းလင်းထားပြီး ဖြစ်ပါတယ်။ အခုအစ်ကို ထပ်ထည့်နေတဲ့ အကြောင်းအရာတွေနဲ့ အတူတူဖြစ်ပါတယ်။ NinjaStrikers «» ၀၈:၃၅၊ ၇ စက်တင်ဘာ ၂၀၁၈ (UTC)အကြောင်းပြန်ရန်
စာမျက်နှာ "ဥက္ကလာဦးစေတီ" သို့ ပြန်သွားရန်။