ဇင်မာဦး(၁၉၆၉/၇၀- ၂၀၂၁ မတ် ၁၁)သည် မြန်မာနိုင်ငံသား သရုပ်ဆောင် အကယ်ဒမီဆုရ မင်းသမီး တစ်ဦး ဖြစ်သည်။ ခင်ပွန်းမှာ သီဟတင်စိုး ဖြစ်သည်။ ၁၉၉၃ ခုနှစ်တွင် သီတာခုနစ်တန် ဆေးရောင်ခြယ် ရုပ်ရှင်ဇာတ်ကားကြီးဖြင့် အကယ်ဒမီဆုကို ရရှိခဲ့သည်။

အကယ်ဒမီ
ဇင်မာဦး
မွေးဖွား1969/1970
ကွယ်လွန် (အသက် ၅၁)
ရန်ကုန်မြို့
အလုပ်အကိုင်သရုပ်ဆောင်
ထင်ရှားသည့်
လုပ်ဆောင်မှု
သီတာခုနစ်တန်
စုန်ရေ
ရရှိသည့်ဆုများမြန်မာ့ ရုပ်ရှင် ထူးချွန်ဆု (၁၉၉၃)

ရုပ်ရှင်လောက ပြင်ဆင်ရန်

မြန်မာ့ဗွီဒီယိုခေတ်တွင် ကျော်ကြားခဲ့ပြီး၊ မင်းသားများစွာနှင့် တွဲဖက်၍ ဗွီဒီယိုရုပ်ရှင်ကား မြောက်မြားစွာ ရိုက်ကူးခဲ့ရသည်။ ယင်းတို့အနက်

  • ဒိုး
  • အလှသစ္စာတရား
  • စုန်ရေ
  • တိုက်ပွဲခေါ်သံ
  • ငရဲသား

တို့မှာ အောင်မြင်ခဲ့သည်။ [၁]

နိဂုံး ပြင်ဆင်ရန်

၂၀၂၁ မတ်လ ၁၁ ရက် ညနေတွင် အဆုတ်၊ နှလုံး၊ ကျောက်ကပ် နာတာရှည် ရောဂါခံစားနေရသော ဇင်မာဦးသည် ရန်ကုန်၊ အောင်ရတနာဆေးရုံ၌ ဘဝတစ်ပါး ပြောင်းသည်။ အဆုတ်ရောဂါကို နှစ်နှစ်ကျော် ခံစားရပြီး၊ အောက်ဆီဂျင်ဖြင့် အသက်ရှူခဲ့ရသည်။ နောက်တနေ့ နံနက် ၁၁ နာရီတွင် ဆေးရုံမှတဆင့် ပို့ဆောင်ကြပြီး၊ ရေဝေးသုဿာန်၌ သင်္ဂြိုဟ်သည်။ ကွယ်လွန်ချိန်တွင် အသက် ၅၁ ရှိပြီဖြစ်ပြီး၊ သား တစ်ယောက်၊ သမီး တစ်ယောက် ကျန်ရစ်သည်။[၂]

ကိုးကား ပြင်ဆင်ရန်