(၂)သုတ် ရှိပါသည်။

[၁] သတ္တဝါတို့ကိုယ်တွင်း ကိုယ်ပ၌ ဖွဲ့ယှက်တတ်သောတဏှာကို ဖြေရှင်းနိုင်သောပုဂ္ဂိုလ်ကို မေးလျှောက်သဖြင့် အညတရနတ်သားအား တဏှာအရှုတ်ကို ဖြေရှင်းနိုင်သူ၏ အရည်အချင်းသုံးမျိုး၊ ကျင့်စဉ်သုံးမျိုးနှင့် ဖြေရှင်းပြီးသူ ဖြေရှင်းရာ နေရာတို့ကို ဘုရားရှင် ဟောတော်မူသည့်သုတ်။

ဤသုတ်၌ သပညောဖြင့် ဇာတိပညာ၊ ပညဉ္စဖြင့် ဝိပဿနာပညာ၊ နိပကောဖြင့် ပါရိဟာရိယပညာကို ပြဆိုကြောင်း၊ တဏှာကို ဖြေရှင်းရာ၌ ဥပမာ စကားအစရှိသည်တို့ကို အဋ္ဌကထာ၌ ဖွင့်ပြထားပါသည်။ ဋီကာ၌ တဏှာ၏ ပရိယာယသဒ္ဒါများ၊ ဝါးရုံတောဥပမာ လူရှင်ရဟန်းတို့၏ သကပရိက္ခာရ၊ ပဋိသန္ဓိပညာ၊ ပါရိဟာရိယပညာ ဝိဂြိုဟ်များ၊ သမာဓိကျေးဇူးကြောင့် ပညာထက်မြက်ပုံ၊ ပဋိသညာနှင့် ရူပသညာ-အစရှိသည်တို့ကို ဖွင့်ပြထားပါသည်။


[၂] အထက်သုတ်ဒေသနာတော်အတိုင်း ဇဋာဘာရဒွါဇပုဏ္ဏား၏ မေးလျှောက်ချက်ကြောင့် ဘုရားရှင် ဟောတော်မူသည့်သုတ်၊ ဘာရဒွါဇပုဏ္ဏား ရဟန်းပြု၍ တရားအားထုတ်ရာ ရဟန္တာဖြစ်သွားပါသည်။ [၃]

ကိုးကား ပြင်ဆင်ရန်

  1. -သံ၊၁၊၁၃။ သံ၊မြန်၊၁၊၁၃။ သံ၊ဋ္ဌ၊၁၊၄၈-၄၉။ သံ၊ဋီ၊၁၊၉၁-၉၄။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၁-ဒေဝတာသံယုတ္တ၊ ၃-သတ္တိဝဂ္ဂ၊ တတိယသုတ်။
  2. -သံ၊၁၊၁၆၇။ သံ၊မြန်၊၁၊၁၅၇-၈။ သံ၊ဋ္ဌ၊၁၊၂၁၁။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၇-ဗြာဟ္မဏသံယုတ္တ၊ အရဟန္တဝဂ္ဂ။ ဆဋ္ဌသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ