ဇော်ဂျီမြစ်သည် ရှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့မှ သုံး မိုင်ခန့်ဝေးကွာသော ရေဖြူရွာအနီးရှိ တောင်ခြေတွင် မြစ်ဖျားခံ သည်။ ထိုမြစ်ဖျားခံရာနေရာကို ဇော်ဂျီရေထွက်ဟုခေါ်ကြသည်။ ထိုနောက် ဇော်ဂျီမြစ်သည် ပင်းတယနှင့် လောက်ဆောက်နယ် တို့ကို ဖြတ်၍၊ ဆုန်တန်းရွာအထိ အရှေ့မြောက်သို့တူရူစီးဆင်း လာလေသည်။ ဆုန်တန်းသို့ရောက်သောအခါ၊ အနောက်ဘက် သို့ တစ်ဆစ်ချိုးကွေ့ပြီးသော်၊ တောင်မင်းကြီး၏ မြောက်ဘက် တစ်လျှောက်သို့ စီးဆင်းပြန်သည်။ ထိုနောက် မောနယ်ရှိမြို့ကြီး ကျေးရွာနယ်မြေ ချိုင့်ဝှမ်းဒေသတို့ကို ဖြတ်သန်းကာ ကျောက် ဆည်ခရိုင် မြေပြန့်ဒေသမှနေ၍၊ မြစ်ငယ်မြစ်ထဲသို့ စီးဆင်းလေ သည်။ မြစ်၏ အရှည်အလျားမှာ မိုင်ပေါင်း ၁၅ဝ ဖြစ်၏။ ရှမ်းအမျိုးသားတို့က ယင်းမြစ်ကို နမ်းစောကြည်မြစ်ဟု ခေါ်ကြ သည်။

Zawgyi River
မန္တ​လေး-ရှမ်း နယ်စပ်အနီးတွင် ​တွေ့ရစဉ်
ဇော်ဂျီမြစ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဇော်ဂျီမြစ်
မြန်မာနိုင်ငံရှိ ဇော်ဂျီမြစ်၏ တည်နေရာ
နိုင်ငံမြန်မာနိုင်ငံ
အချက်အလက်များ
စီးဝင်ရာနေရာ21°46′N 96°09′E / 21.767°N 96.150°E / 21.767; 96.150ကိုဩဒိနိတ်: 21°46′N 96°09′E / 21.767°N 96.150°E / 21.767; 96.150
မြစ်ဝှမ်း အချက်အလက်များ
မြစ်စနစ်မြစ်ငယ်မြစ်

ဇော်ဂျီမြစ် ဖြတ်သန်းစီးဆင်းရာ ကျောက်ဆည်ခရိုင်ဒေသ၌ ဇော်ဂျီမြစ်အပြင် ပန်းလောင်မြစ်၊ စမုန်မြစ်တို့ပါ စီးဆင်းလျက် ရှိရကား၊ ထိုမြစ်တို့သည် လယ်ယာစိုက်ပျိုးရေးကို အထူးကျေး ဇူးပြုကြပေသည်။ မြန်မာမင်း တို့လက်ထက်တွင် ထိုဒေသမှာ လယ်တွင်းကိုးခရိုင်၌ အပါအဝင်ဖြစ်သည်။ လယ်တွင်းကိုးခရိုင် သည် စစ်ကိုင်း၊ ပင်းယ၊ အင်းဝ၊ မက္ခရာ၊ ပင်လယ်စသော ရှေးမြန်မာမြို့ကြီးများ၏ ကျောထောက် နောက်ခံဒေသ ဖြစ်ခဲ့ သည်။ ယနေ့တိုင်အောင်လည်း မြန်မာမင်းများ လက်ထက်က တည်ဆောက်ထားသော ဆည်ကြီးများ၏ ကျေးဇူးကြောင့် ဆန်စပါးစိုက်ပျိုးရေးလုပ်ငန်းမှာ ဖွံ့ဖြိုးလျက်ပင်ရှိနေသည်။ ဇော်ဂျီမြစ်ဝှမ်းတွင် နွားတက် တူးမြောင်း၊ ငပြောင်တူးမြောင်း၊ သင်းတွဲတူးမြောင်း၊ မင်းရဲတူးမြောင်း၊ တမုတ်တူးမြောင်းနှင့် ဆည်တော် တူးမြောင်းတို့မှာ မြန်မာမင်းအဆက်ဆက်ကစ၍ ယနေ့တိုင် အသုံးဝင်လျက်ရှိသော တူးမြောင်းများ ဖြစ်ကြ သည်။ ဗြိတိသျှတို့ အထက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးသည့် နောက်၊ ခရစ် ၁၉ ရာစုနှစ်နောက်ပိုင်းတွင် ယင်းဇော်ဂျီမြစ်ဝှမ်း ၌ ဆည်မြောင်းတို့ကို ခေတ်နှင့်လျော်စွာ အုတ်အင်္ဂတေတို့နှင့် ပြန်လည်မွမ်းမံရာ၊ ငွေ ၂၃၇၇ဝဝဝဝ ကျပ်ကုန်ကျသည်ဟု အမှတ်အသားရှိလေသည်။[၁]

​ဇော်ဂျီမြစ်၏ ဆည်​ရေ​သောက်စနစ်တစ်ခု

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)