၁၉၆ဝ တွင် မန္တလေးတိုင်း အင်းဝအနီးက တံတားဦးမြို့မှာ မွေးဖွား။


- တံတားဦးမှာ ၉ တန်း အထိ ပညာ သင်ကြားခဲ့ပြီး၊ ၁ဝ တန်းကို ပြည်မြို့က အောင်မြင်ခဲ့သည်။


- ပြည် ဒေသကောလိပ်နဲ့ ရန်ကုန် စက်မှု တက္ကသိုလ်တို့ကို တက်ရောက် ပညာ သင်ကြားခဲ့ပြီး၊ B.E. (Civil) ဘွဲ့ရခဲ့သည်။


- ၁၉၈၄ နောက်ပိုင်းမှာ မဂ္ဂဇင်းတွေမှာ ကာတွန်း ရေးဆွဲခဲ့။


- ၁၉၈၉ - ၉ဝ တဝိုက်မှာ လူထု ကြီးပွားရေး စာအုပ်တိုက်ရဲ့ စာအုပ်များက တဆင့် သရုပ်ဖော်ပုံ ရေးဆွဲမှုတွေ လုပ်ကိုင်။


- ၁၉၉၃ မှာ Today Media & Advertising ရဲ့ Graphic Designer အဖြစ် လုပ်ကိုင်ခဲ့သည်။


- ၁၉၉၆ မှာ မဂ္ဂဇင်း သရုပ်ဖော် ပန်းချီနယ်ထဲ ဝင်ရောက်ခဲ့သည်။


- ၁၉၉၈ ကစပြီး စာပေလောက စာအုပ်တိုက်ထုတ် စာအုပ်များက တဆင့် လူကြိုက်များတဲ့ စာအုပ် မျက်နှာဖုံး ပန်းချီဆရာ ဖြစ်လာသည်။


- လက်ရှိ အချိန်ပြည့် ပန်းချီ ရေးဆွဲခြင်းနဲ့ ရပ်တည် နေထိုင်လျက် ရှိသည်။


- သီးခြား အနုပညာ ဖန်တီးမှုက မဂ္ဂဇင်းများမှာ ကာတွန်း ရေးဆွဲခြင်း ဖြစ်ပြီး 'ဇော်မောင့် အမှားများ' ကာတွန်း စာအုပ်တွဲက ထင်ရှားသည်။

[၁]

ကိုးကား ပြင်ဆင်ရန်

  1. Myanmar Chronicle Online Magazine