ဇော်ဝင်းရှိန် (စီးပွားရေးလုပ်ငန်းရှင်)

ဇော်ဝင်းရှိန်(၁၅ နိုဝင်ဘာ ၁၉၇၈)သည် [၁] လူငယ်လုပ်ငန်းရှင်တစ်ဦးဖြစ်ကာ[၂] လယ်ယာစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းတစ်ခုဖြစ်သည့် Ayeyar Hinthar Holdings Co.,Ltd ၏ တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်ပြီး ဝိတိုရိယဆေးရုံ အပါအဝင်  A Bank ဟု လူသိများသည့်  ဧရာဝတီတောင်သူလယ်သမား ဖွံ့ဖြိုးရေးဘဏ်အား တည်ထောင်သူ တစ်ဦးဖြစ်သည်။

ဦးဇော်ဝင်းရှိန်
မွေးဖွား (1978-11-15) နိုဝင်ဘာ ၁၅၊ ၁၉၇၈ (အသက် ၄၅)
ဟင်္သာတမြို့နယ်ဧရာဝတီတိုင်း
နိုင်ငံလူမျိုးမြန်မာ
အလုပ်အကိုင်ဧရာဟင်္သာကုမ္ပဏီ တည်ထောင်သူနှင့် ဥက္ကဋ္ဌ
အိမ်ထောင်ဖက်(များ)ဒေါ်ရွှေယင်းမာ

ငယ်ဘဝနှင့်ပညာရေး ပြင်ဆင်ရန်

အသက်ဆယ့်ခြောက်နှစ်တွင် ကျောင်းထွက်ခဲ့ကာ  ဖခင်ဖြစ်သူ၏   မိသားစုစီးပွားရေးလုပ်ငန်းဖြစ်သော ဆန်စပါးကဏ္ဍသို့ ဝင်ရောက်ခဲ့သည်ဟုဆိုသည်။[၃]

စီးပွားရေးနယ်ပယ်သို့ဝင်ရောက်လာခြင်း ပြင်ဆင်ရန်

၂၀၀၂ ခုနှစ်တွင် ဆောက်လုပ်ရေးနှင့် အလူမီနီယမ် လုပ်ငန်းအား လုပ်ဖော်ကိုင်ဖက်မိတ်ဆွေများနှင့်အတူ စပ်တူလုပ်ကိုင်ရင်း ကိုယ်ပိုင်စီးပွားရေး လုပ်ငန်း အား စတင်ခဲ့သည်။ယင်းနောက်  Ayeyar Hinthar Trading Co., Ltd [၄]ကို ရင်းနှီးသော သူငယ်ချင်းတစ်ဦးနှင့် တည်ထောင်ခဲ့သည်။ နှစ်အနည်းငယ်အတွင်း ထိုကုမ္ပဏီသည်  မြန်မာပြည်၏ အကြီးမားဆုံးဆန်တင်ပို့နိုင်သည့် ကုမ္ပဏီစာရင်းဝင် ဖြစ်လာခဲ့ပြီး နောက်ပိုင်းတွင် ၎င်း၏စီးပွားရေး လုပ်ငန်းများအားလုံးကို စုစည်း၍ ဧရာဟင်္သာဟိုးလ်ဒင်းကုမ္ပဏီအဖြစ် ပြောင်းလဲ တည်ထောင်ခဲ့သည်။  ဝိတိုရိယဆေးရုံ[၅] အား လုပ်ငန်းရှင်တစ်ဦး နှင့် ပူးပေါင်း၍ ၂၀၁၁ ခုနှစ်ဇွန်လ ၂၅ရက်တွင်ရန်ကုန်မြို့၌တည်ထောင်ခဲ့ကာ လက်ရှိတွင် မြန်မာနိုင်ငံ၏ ထိပ်တန်းဆေးရုံတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။  ၂၀၁၃ ခုနှစ်တွင် အများပိုင်ကုမ္ပဏီဖွဲ့စည်း၍ ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ပုသိမ်စက်မှုမြို့တော်အား[၆] တည်ထောင်ခဲ့သည့်အပြင်[၇] ၂၀၁၄ ခုနှစ်တွင် ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်အား မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်များနှင့် စတင် တည်ထောင်ခဲ့ကာ ဘဏ်လုပ်ငန်းအား ဆောင်ရွက်ခဲ့သည်။အဆိုပါပုသိမ်စက်မှုမြို့တော် စီမံကိန်းအတွက် တောင်သူများ၏ လယ်ယာများအားရောင်းချရန် ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင် နှင့် ဖိအားပေးပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ဧရာဝတီက ဖော်ထုတ်ရေးသားသည်။[၈] ယင်းအပြင် ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ်မြို့အနီး ရွှေလီမြစ်ပေါ်တွင် တည်ဆောက်မည့် ရွှေလီရေအားလျှပ်စစ် ရေကာတာ စီမံကိန်း အပိုင်း ၃ ကိုလည်း  လုပ်ပိုင်ခွင့်ရရှိထားသူလည်းဖြစ်သည်။ ဇော်ဝင်းရှိန်သည် ထိပ်သီးလုပ်ငန်းရှင် ဦးဇော်ဇော်နှင့် အလွန်ရင်းနှီးသူဖြစ်ကာ ယခင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ နှင့်လည်း နီးကပ်သော ဆက်ဆံရေးရှိခဲ့သူဖြစ်သည်။အထူးသဖြင့် ရှစ်လုံးကြီးဟု ခေါ်ကြသော ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင်ဦးနှင့် အထူးနီးကပ်သည့် ဆက်ဆံရေးရှိကာ [၉] စစ်တပ်အရာရှိကြီးများနှင့်ပါ နီးကပ်သော ဆက်ဆံရေးရှိသူအဖြစ် ဖော်ညွှန်းခြင်းလည်းခံရသည်။  ဇော်ဝင်းရှိန်သည်[၁၀] ရန်ကုန်စစ်သမိုင်းပြတိုက်နေရာဟောင်းတွင် ဂျပန်ကုမ္ပဏီများနှင့် ပူးပေါင်းကာ အဆင့်မြင့်ဟိုတယ်နှင့် ရုံးခန်းများပါဝင်သော Y Complex စီမံကိန်းကို လုပ်ကိုင်နေသူလည်းဖြစ်သည်။[၁၁] ၂၀၁၉ ခုနှစ်က  အာဖရိကနိုင်ငံတစ်ခုဖြစ်သည့် အိုင်ဗရီကို့စ်နိုင်ငံအတွင်း ဖျက်ဆီးလိုက်သော ဆန်တန်ချိန် ၁ သောင်း ၈ ထောင်ကျော်ကို တင်သွင်းခဲ့သည့် ကုမ္ပဏီ ၃ ခု အနက် ဇော်ဝင်းရှိန်၏ ဧရာဟင်္သာကုမ္ပဏီလည်း ပါဝင်သည်ဟု ဘီဘီစီ၏ ဖော်ပြခြင်းကို ခံခဲ့ရသည်။[၁၂]

မိသားစုဘဝ ပြင်ဆင်ရန်

ဇော်ဝင်းရှိန်သည် ဇနီးဖြစ်သူ ဒေါ်ရွှေယင်းမာနှင့် လက်ထပ်ခဲ့ပြီး သမီး ၃ဦးထွန်းကားခဲ့သည်။

၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်းဖြစ်ရပ်များ ပြင်ဆင်ရန်

ရက်အနည်းငယ် ခေတ္တထိန်းသိမ်းစစ်မေးခြင်းခံရပြီးနောက်[၁၃]  နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် ငုရွှေဝါခန်းမအတွင်း ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၄ရက်နေ့က  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးစီးပြုလုပ်သော  မြန်မာနိုင်ငံဘဏ်များအသင်း နာယက၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပုဂ္ဂလိကဘဏ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ တာဝန်ရှိသူများ တွေ့ဆုံပွဲသို့ ဇော်ဝင်းရှိန် တက်ရောက်ခဲ့သည်။[၁၄]

စစ်တပ်ရိက္ခာအတွက် ဆန်စပါးဝယ်ယူပေးသော ကုမ္ပဏီများထဲ ဇော်ဝင်းရှိန်ပိုင်ဆိုင်သော ဧရာဟင်္သာ ကုမ္ပဏီလည်း ပါသည်ဟု ၂၀၂၂ခုနှစ် မတ်လ ၂၁ရက်တွင် ဧရာဝတီသတင်းဌာနက  သတင်းဖော်ပြထားသည်။[၁၅]

ယင်းအပြင် ကာတာအခြေစိုက် အူရီဒူး၏ မြန်မာပြည်ရှိ လုပ်ငန်းခွဲ အူရီဒူးမြန်မာကို အမေရိကန် ဒေါ်လာ သန်း ၅၇၆ သန်းဖြင့် စင်ကာပူအခြေစိုက် Nine Communications ကုမ္ပဏီသို့ ရောင်းချလိုက်သည့် အရောင်းအဝယ်နောက်ကွယ်တွင် ဦးဇော်ဝင်းရှိန် ပါဝင်ကြောင်း Myanmar Nowက ဖော်ထုတ်ရေးသားထားသည်။[၁၆]

၎င်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ်(၂၁၅/ ၂၀၂၂) ဖြင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင် သီရိပျံချီဘွဲ့ ချီးမြှင့်အပ်နှင်းခြင်းခံရသည်။ [၁၇]

ကိုးကား ပြင်ဆင်ရန်

  1. မော်ကွန်းတင်ပြီးမိတ္တူ။ 8 September 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 September 2022 တွင် ပြန်စစ်ပြီး။
  2. Myanmar’s tycoons unfazed by NLD victoryfrontier myanmar (7 January 2016)။ 9 February 2023 တွင် ပြန်စစ်ပြီး။
  3. U Zaw Win SheinA Bank။ 28 April 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 February 2023 တွင် ပြန်စစ်ပြီး။
  4. CHAIRMAN'S MESSAGEayeyarhinthar.com။ 9 February 2023 တွင် ပြန်စစ်ပြီး။
  5. ဝိတိုရိယ ဆေးရုံ အကြောင်း - Victoria HospitalThe Myanmar Health Industry Guide။ 9 February 2023 တွင် ပြန်စစ်ပြီး။
  6. World-class integrated industrial city being developed in PatheinMyanmar Digital News (31 Jan 2021)။ 9 February 2023 တွင် ပြန်စစ်ပြီး။
  7. Pathein Industrial CityWinningland.org။ 9 February 2023 တွင် ပြန်စစ်ပြီး။
  8. ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်းဧရာဝတီသတင်းဌာန (၅ အောက်တိုဘာ ၂၀၂၂)။ ၉ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  9. Military Crony Linked to New Ownership of Ooredoo’s Myanmar UnitThe Irrawaddy (12 September 2022)။ 9 February 2023 တွင် ပြန်စစ်ပြီး။
  10. ရေပန်းအစားဆုံး NLD အမတ်လောင်းမှာ ပြည်ခိုင်ဖြိုးထိပ်သီးနှင့် စီးပွားဖက်များဖြစ်Myanmar Now (၄ နိုဝင်ဘာ ၂၀၂၀)။ ၉ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  11. ဒေါ်လာ သန်း ၃၃၀ တန် Y Complex စီမံကိန်း တပ်ကို ကြွယ်ဝနေစေဟု လူ့အခွင့်အရေးအဖွဲ့ဝေဖန်Myanmar Now (၂၁ မေ ၂၀၂၀)။ ၉ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  12. အိုင်ဗရီကို့စ်မှာ ဖျက်ဆီးခံရတဲ့ ဆန်တွေတင်ပို့ခဲ့တဲ့ ကုမ္ပဏီ ၃ ခုမှာ ဆန်စပါးအသင်းချုပ် အတွင်းရေးမှူးပါတဲ့ ကုမ္ပဏီပါဝင်BBC Burmese (၁၉ ဧပြီ ၂၀၁၉)။ ၉ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  13. Myanmar’s military rounds up business peopleAsia Times (25 February 2021)။ 9 February 2023 တွင် ပြန်စစ်ပြီး။
  14. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဘဏ်များအသင်း နာယက၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပုဂ္ဂလိကဘဏ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံCINCDS Myanmar (၄ ဖေဖော်ဝါရီ ၂၀၂၁)။ ၉ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  15. စစ်တပ်ရိက္ခာ ဆန်စပါးအသင်းချုပ်က ဝယ်ပေးနေဧရာဝတီသတင်းဌာန (၂၁ မတ် ၂၀၂၂)။ ၉ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  16. အူရီဒူးမြန်မာပိုင်ရှင်သစ် ဧရာဟင်္သာလုပ်ငန်းစုမှ ဇော်ဝင်းရှိန်ဖြစ်နိုင်Myanmar Now (၉ စက်တင်ဘာ ၂၀၂၂)။ ၉ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  17. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ်၂၁၅/၂၀၂၂MOI Myanmar (၁၉ နိုဝင်ဘာ ၂၀၂၂)။ ၉ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။