ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ်သို့ရောက်ရှိကာ ပြည်ထောင်စုနိုင်ငံကို တည်ထောင်သည့်အချိန်မှစ၍ နိုင်ငံတော်အစိုးရက ဂုဏ်ထူး၊ ဘွဲ့ထူးများ ပေးအပ်ခြင်း နည်းစနစ်သစ် တီထွင်၍ နိုင်ငံတော်သမ္မတက နှစ်စဉ် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်ဖြင့် ချီးမြှင့်သည်။

သီရိပျံချီဘွဲ့
အမျိုးအစားစွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့
တည်ထောင်ခဲ့၂ စက်တင်ဘာ ၁၉၄၈
နိုင်ငံ မြန်မာ
ဖဲကြိုး

သီရိပျံချီဘွဲ့တံဆိပ်

ဂုဏ်ထူးဘွဲ့ထူးများကို သင်္ဂဟ၊ ဘွဲ့၊ တံဆိပ်၊ ဟူ၍ ၃ မျိုးခွဲခြားရာ၌ သင်္ဂဟပြီးလျှင် ဘွဲ့၊ ဘွဲ့၏အောက် တံဆိပ်ဟူ၍ ဖြစ်သည်။ ဘွဲ့များတွင် သီရိပျံချီဝဏ္ဏကျော်ထင်အလင်္ကာကျော်စွာ၊ သိပ္ပံကျော်စွာ၊ ဇေယျကျော်ထင်ဟူ၍ ၅ မျိုးရှိသည် -

  • သီရိပျံချီဘွဲ့ကို ပြည်ထောင်စုမြန်မာနိုင်ငံ၏ ကောင်းရာကောင်းကျိုးကို ဖြစ်ထွန်းအောင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်သူများအား ချီးမြှင့်သည်။
  • ဝဏ္ဏကျော်ထင်ဘွဲ့ကို အများပြည်သူတို့၏ ကောင်းရာကောင်းကြောင်းကို ဖြစ်ထွန်းအောင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်ခြင်းအတွက် ချီးမြှင့်သည်။
  • အလင်္ကာကျော်စွာဘွဲ့ကို စာပေ ပရိယတ္တိ၊ သုခုမပညာ၊ ကခြင်း၊ သီခြင်း၊ ဂီတပညာအရပ်ရပ်တို့တွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်သူများအား ချီးမြှင့်သည်။
  • သိပ္ပကျော်စွာဘွဲ့ကို သိပ္ပံပညာ၊ ကုန်ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလက်မှုပညာရပ်များတွင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်သည့်အတွက် ချီးမြှင့်သည်။
  • ဇေယျကျော်ထင်ဘွဲ့ကိုမူ စစ်ဘက်ဆိုင်ရာ အမှုထမ်းကောင်းခြင်းအတွက် ချီးမြှင့်သည်။[၁]

ပုံပန်းသဏ္ဌာန် ပြင်ဆင်ရန်

လက်ယာရစ်ရွှေခရုသင်းကို သပြေခက်နှစ်ခက်ဝန်းရံထားသောအမှန်တံဆိပ်ပုံဖြစ်ပြီး နိုင်ငံတာဝန်ကိုထူးချွန်ပြောင်မြောက်စွာထမ်းဆောင်ခဲ့သော နယ်ဘက်ဆိုင်ရာ အစိုးရအမှု့ထမ်း၊ ယောက်ျား၊ မိန်းမ၊ အရပ်သားများကို ချီးမြှင့်ခဲ့သည်။

သီရိပျံချီဘွဲ့ ရရှိခဲ့သူများ ပြင်ဆင်ရန်

သီရိပျံချီဘွဲ့ရရှိခဲ့သော မြန်မာနိုင်ငံသားများ-

အခြားကြည့်ရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း (၁၉၆၄)။ "ဘွဲ့၊ တံဆိပ်၊ သင်္ဂဟ"။ in စွယ်စုံကျမ်းစာတည်းအဖွဲ့ (ed.)။ မြန်မာ့စွယ်စုံကျမ်း (ပထမအကြိမ် ed.)။ စာပေဗိမာန်ပုံနှိပ်တိုက်ရန်ကုန်မြို့။: စာပေဗိမာန်။ pp. ၃၉၅ - ၄၀၁။
  2. http://www.moi.gov.mm/npe/?q=news/7/04/2016/id-40179
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ https://www.moi.gov.mm/ppd/sites/default/files/pyantan%20%2869-18%29.pdf[လင့်ခ်သေ]
  4. မော်ကွန်းတင်ပြီးမိတ္တူ။ 11 January 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 January 2023 တွင် ပြန်စစ်ပြီး။