ရက် အချိန် ဖြစ်စဉ် မှတ်ချက်
နံနက် ၇ နာရီ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ် နွယ်နီကျွန်း ကျေးရွာအုပ်စု နွယ်နီကျွန်းကျေးရွာတွင် ချင်းတွင်းမြစ်ရေ တိုက်စား၍ ကမ်းပါး ပြိုကျမှု ဖြစ်ရာ ကမ်းပါးနှင့် နီးသော လူနေအိမ်‌များ ဘေးလွတ်ရာသို့ ပြောင်းရွှေ့။
ဇွန် ၅၊ ဒေသစံတော်ချိန် ညနေ ၅ နာရီ ၂၈ မိနစ်၊ အိန္ဒိယ ပြည်တွင်းလုပ် အလေးချိန်အများဆုံး ဒုံးယာဉ်ဖြင့်သုံးတန်ကျော် ဆက်သွယ်ရေးဂြိုဟ်တု တလုံးကို လွှတ်တင်
နံနက် ၉ နာရီ ပြည်ခရိုင် မီးသတ်ဦးစီးဌာနက ကြီးမှူးသော သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး သင်တန်း အမှတ်စဉ် (၁/၂၀၁၇) သင်တန်း ဖွင့်ပွဲကို ပြည်မြို့ လမ်းမတော်လမ်းရှိ ခရိုင်မီးသတ်ဦးစီးဌာနရုံး ခန်းမဆောင်၌ ကျင်းပ၊ သင်တန်းကို ဇွန် ၆ ရက်မျ ၁၇ ရက်ထိ ၁၂ ရက်ကြာ ဖွင့်လှစ်၊ ပြည်ခရိုင်ခြောက်မြို့နယ်မှ သန္ဓေ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရပ်ဘက် လူမှုရေး အသင်းအဖွဲ့ဝင်များ အပါအဝင် သင်တန်းသားပေါင်း ၈၀ တက်ရောက်။
ရန်ကုန်မြို့ နှင်းဆီကုန်း ဘိုးဘွားရိပ်သာကြီး နှင်းဆီမြိုင် ပန်းချီပြခန်း၌ နံနက်ပိုင်းက ပန်းချီဆရာကြီး ဦးဘဉာဏ် နှစ် ၁၂၀ ပြည့် အခမ်းအနား ကျင်းပနိုင်ရေး ဒုကြိမ် အကြိုညှိနှိုင်း အစည်းအဝေး ကျင်းပ၊ မြန်မာ့ပန်းချီလောက၏ ဦးသျှောင် ဦးဘဉာဏ်၏ ကြေးရုပ်တုကို ကွယ်‌လွန်ရာ နေရာ မော်လမြိုင်မြို့နယ်၊ ကတိုးကော့နပ်ကျေးရွာနှင့် အမျိုးသားပြတိုက်တို့တွင် ထားရှိရန်၊ ပန်းချီကားများ ပြသရေး၊ ရန်ပုံငွေ ရှာဖွေရေးအတွက် တနိုင်ငံလုံး ပါဝင်သော ပန်းချီပြပွဲကြီး ကျင်းပရေး၊ ဆွမ်းဆက်ကပ်ရေးတို့ကို ဆွေးနွေး။
ကချင်ပြည်နယ်၊ တရုတ်-မြန်မာ ကန်ပိုက်တည်နယ်စပ်ဂိတ်တွင် တရုတ်မှ တင်သွင်းသည့် စားသုံးရန် မသင့်သော အစားအစာများကို ကချင်ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ စစ်ဆေးချက်အရ ကြက်ငှက်တုပ်ကွေး ရောဂါဗိုင်းရပ်စ်ပိုး ပါရှိလာနိုင်ပြီး လူကို ကူးစက်လာနိုင်သည့်အပြင် ဒေသရှိ မွေးမြူရေးခြံများ ထိခိုက်နစ်နာလာနိုင်၍ ကချင်ပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တင်သွင်းခွင့် ပိတ်ထားကြောင်း၊ မြစ်ကြီးနားမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်‌ဌေးက ဆို၊ နံနက် ၉ နာရီခန့်တွင် ကန်ပိုက်တည်နယ်စပ်ဂိတ်မှ တရားမဝင် တင်ဆောင်လာသော စားသုံးရန်မသင့် ကြက်ဥ အလုံး ၂၃၄၀၀ ကို အကောက်ခွန်ဦးစီးဌာနမှူးရုံးတွင် တတိယအကြိမ် ဖျက်ဆီး။[၁]
နံနက် ၉ နာရီ ၁၄ ကြိမ်မြောက် အာရှမီဒီယာထိပ်သီးအစည်းအဝေး ဖွင့်ပွဲ တရုတ်၊ ချင်းတောင်မြို့၊ ရှန်ဂရီလာဟိုတယ်၌ ကျင်းပ။ နိုင်ငံပေါင်း ၄၈ နိုင်ငံမှ ပြန်ကြားရေးနှင့် ဆက်သွယ်ရေးဆိုင်ရာ အစိုးရ တာဝန်ရှိသူများ၊ နိုင်ငံတကာမီဒီယာ အဖွဲ့အစည်း ၇ ခုမှ ဦးဆောင်ပုဂ္ဂိုလ်များ စုစုပေါင်း ၅၀၀ တက်ရောက်၊
မွန်းလွဲ ၁ နာရီ တပ်မတော်(လေ)မှ ဝိုင်-၈ လေယာဉ်သည် မြိတ်မှ ရန်ကုန်သို့ ခရီးစဉ်၌ ပျက်ကျသည်။

လေယာဉ်ပေါ်ပါသူ ၁၂၂ ဦးလုံး သေဆုံးသည်။

၁၀
၁၁
၁၂
၁၃
၁၄

ကိုးကား ပြင်ဆင်ရန်

  1. ကြေးမုံ။ ၇၊ ဇွန်၊ ၂၀၁၇။ p. ၃။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)