၂၀၁၇
သက္ကရာဇ်
၂၀၁၇ (MMXVII) သည် ဂရီဂေါရီးယန်း ပြက္ခဒိန်တွင် တနင်္ဂနွေနေ့မှ စတင်သော ပုံမှန်ခုနှစ်ဖြစ်ပြီး၊ ယနေ့ခေတ် (Common Era) နှင့် အေဒီ (Anno Domini) ၏ ၂၀၁၇ ကြိမ်မြောက် ခုနှစ်ဖြစ်ကာ၊ ၃ ထောင်စုနှစ်၏ ၁၇ ကြိမ်မြောက် ခုနှစ်၊ ၂၁ ရာစုနှစ်၏ ၁၇ ကြိမ်မြောက် ခုနှစ်ဖြစ်ပြီး ၂၀၁၀ ဆယ်စုနှစ်၏ ၈ ကြိမ်မြောက် ခုနှစ် ဖြစ်သည်။
ထောင်စုနှစ်: | ၃ ထောင်စုနှစ် |
---|---|
ရာစုနှစ်များ: | |
ဆယ်စုနှစ်များ: | |
ခုနှစ်များ: |
ဇန်နဝါရီလ
ပြင်ဆင်ရန်(၂၉)ရက်
- အင်ဒိုနီးရှားခရီးစဉ်မှပြန်လည်ရောက်ရှိလာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လုပ်ကြံသတ်ဖြတ်ခံရ။
ဖေဖော်ဝါရီလ
ပြင်ဆင်ရန်(၁) ရက်။
မတ်လ
ပြင်ဆင်ရန်(၁) ရက်။
ဧပြီလ
ပြင်ဆင်ရန်(၁) ရက်။
မေလ
ပြင်ဆင်ရန်(၂၂) ရက်။
- ကန်အဆိုတော် အရီယာနာ ဂရန်ဒီ ၏ ဖျော်ဖြေပွဲ ပြီးနောက် အင်္ဂလန်၊ မန်ချက်စတာမြို့၊ မန်ချက်စတာဇာတ်ရုံ၌ အသေခံဗုံးခွဲမှု ဖြစ်ပွားသည်။ တိုက်ခိုက်သူမှာ ဆာမန် ရမဒန် အဘဲဒီ ဖြစ်ကာ[၁] ၂၂ နှစ် ရှိလစ်ဗျားလူမျိုး ဗြိတိန်နိုင်ငံသား ဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အဘဲဒီအပါ လူ ၂၃ ဦး သေဆုံး၊ အနည်းဆုံး ၁၂၀ ဦး ဒဏ်ရာရခဲ့သည်။
ဇွန်လ
ပြင်ဆင်ရန်(၅) ရက်။
- ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့ အေးသုခ နာရေးကူညီမှုအသင်း မြေနေရာတွင် မိုးရာသီ သစ်ပင်စိုက်ပွဲ ကျင်းပပြီး၊ ပိတောက်၊ ပျဉ်းကတိုး၊ ရေတမာ၊ သင်္ဘော၊ ကျွန်း၊ ယင်းမာ ပျိုးပင် စုစုပေါင်း ၁၂၀၀ ကို စုပေါင်း စိုက်ပျိုးခဲ့သည်။
- ကရင်ပြည်နယ် ဘားအံမြို့တွင် ၎င်းအထိမ်းအမှတ် သစ်ပင်စိုက်ပွဲတော်ကို နံနက် ၇ နာရီ ရဲသာကျေးရွာအုပ်စု လှိုင်ရွာ ကျောက်ကလပ်ဘုရား ပရဝုဏ်အတွင်း ကျင်းပပြီး၊ မဟော်ဂနီ ၁၀၀၀၊ ယူကလစ်ပင် ၁၀၀၀၊ မန်ဂျန်းရှားပင်?? ၁၀၀၀၊ ကျွန်းပင် ၅၀၀ (စုစုပေါင်း အပင် ၃၅၀၀)ကို စိုက်ပျိုးခဲ့သည်။
- ကချင်ပြည်နယ်၊ မိုးမောက်မြို့၊ အောင်သာကုန်းကျေးရွာ၊ အလက(ခွဲ)ကျောင်းဝင်းအတွင်း နံနက်ပိုင်းတွင် ယင်းအထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပွဲ ကျင်းပပြီး၊ ပျိုးပင်ပေါင်း ၇၀၀ စိုက်ပျိုးခဲ့သည်။
(၆) ရက်။
- မွန်တီနီဂရိုးနိုင်ငံသည် နေတိုးအဖွဲ့၏ ၂၉ နိုင်ငံမြောက် အဖွဲ့ဝင် ဖြစ်လာ။
(၇) ရက်။
- တပ်မတော်(လေ)မှ ဝိုင်-၈ လေယာဉ်သည် မြိတ်မှ ရန်ကုန်သို့ ခရီးစဉ်၌ ပျက်ကျသွားသည်။ လေယာဉ်ပေါ်ပါ လူ ၁၂၂ ဦး သေဆုံးသည်။ လေယာဉ်၏ အပိုင်းအစများကို ရေတပ်သင်္ဘောက ထားဝယ်အလွန် ရေမိုင် ၁၁၈ (၂၁၈ ကီလိုမီတာ)၌ တွေ့ရသည်။
ဇူလိုင်လ
ပြင်ဆင်ရန်၂၁ ရက်
- ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီလီ၏ ဇူလိုင်လ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ချက်ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း အရေးကြီး အဆိုတခုကို ဇူလိုင်လ ၂၅ရက်တွင် ကျင်းပမည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးရန် ရှိသည်။[၂]
၂၄ ရက်
- H1N1 (2009) တုပ်ကွေးရောဂါ ဖြစ်ပွားသူ ရန်ကုန်မြို့တွင် သုံးဦးနှင့် ချင်းပြည်နယ်တွင် ၁၀ ဦးတွေ့ရှိရပြီး တစ်ဦး သေဆုံးကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်တွင် သတင်းထုတ်ပြန်သည်။[၃]
ဩဂုတ်လ
ပြင်ဆင်ရန်(၁) ရက်။
စက်တင်ဘာလ
ပြင်ဆင်ရန်(၁) ရက်။
အောက်တိုဘာလ
ပြင်ဆင်ရန်(၁) ရက်။
နိုဝင်ဘာလ
ပြင်ဆင်ရန်(၁) ရက်။
ဒီဇင်ဘာလ
ပြင်ဆင်ရန်(၁) ရက်။
ကိုးကား
ပြင်ဆင်ရန်- ↑ "Salman Abedi, 22, Is Identified as Manchester Arena Bomber"၊ The New York Times၊ 23 May 2017။ 23 May 2017 တွင် ပြန်စစ်ပြီး။
- ↑ ထက်နိုင်ဇော် (၂၄ ဇူလိုင် ၂၀၁၇)။ ယန်ဟီလီ ထုတ်ပြန်ချက် ပြင်းထန်စွာ ကန့်ကွက်ကြောင်းအဆို လွှတ်တော်တွင် ဆွေးနွေးမည်။ ၂၅ ဇူလိုင် ၂၀၁၇ တွင် ပြန်စစ်ပြီး။
- ↑ နေရိုင်း၊ ကျော်မျိုး။ H1N1 တုပ်ကွေးရောဂါဖြစ်ပွားသူ ရန်ကုန်တွင် သုံးဦးနှင့် ချင်းပြည်နယ် မတူပီမြို့နယ်တွင် ၁၀ ဦး တွေ့ရှိပြီး တစ်ဦး သေဆုံး၊ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များတွင် သေဆုံးသည်အထိ ဖြစ်နိုင်သဖြင့် သတိထားရန် လိုအပ်ကြောင်း ဒုတိယညွှန်ကြားရေးမှူးချုပ် ပြောကြား။ Eleven Media Group။ 27 July 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၅ ဇူလိုင် ၂၀၁၇ တွင် ပြန်စစ်ပြီး။