ဉတ္တိဒေါသ [၁] ဟူသည် ဉတ်၏ အပြစ်ဖြစ်သည်။

ရဟန်းလောင်း၏ အမည်ကို မရွတ် ဖတ်ခြင်း, သုဏာတု မေ ဘန္တေ-ဟု သာ ရွတ်ဆို၍ “သံဃော”ဟု ထည့်၍ မရွတ်ဆိုခြင်း, ဥပဇ္ဈာယ်ဆရာ၏ အမည်ကို မရွတ်ဖတ်ခြင်း ဉတ်ကို လုံးဝမရွတ်ဆိုခြင်း, ကမ္မဝါစာရွတ်ဖတ်ပြီးမှ ဉ တ်ကို ရွတ်ဖတ်ခြင်း ဤ ၅-ပါးတို့ သည်ကား ဉတ်၏အပြစ်တို့တည်း၊ ယင်း အပြစ် ၅-ပါးမှ လွတ်သော ဉတ်နှင့် ပြည့်စုံ ခြင်းသည် ဉတ္တိသမ္ပတ္တိ မည်၏။ [၂][၃]

ကိုးကား ပြင်ဆင်ရန်

  1. (ပု) [ဉတ္တိ+ဒေါသ]
  2. ဝိ၊၅။၃၈ဝ- ၂။ ဝိ၊ဋ္ဌ၊၄။၂၄၅-၆။ ကင်္ခါ၊၁ဝ၆။ ဝိ၊သင်္ဂဟ၊ ၃၉၂။ သာရတ္ထ၊၂။၅၅-၆။) တသ္မာ ဥပသမ္ပဒါယ သစေ အာစရိယော ဉတ္တိဒေါသဉ္စ ကမ္မဝါစာဒေါသဉ္စ ဝဇ္ဇေတွာ ကမ္မံ ကရောတိ။ ဝိ၊ဋ္ဌ၊၃။၂၅ဝ။ ဝိ၊သင်္ဂဟ၊၁၅၉။
  3. တိပိဋကအဘိဓာန် အတွဲ-၈