ညို၊ ဦး ပြင်ဆင်ရန်

ဦးညိုသည် ကုန်းဘောင်ခေတ်တွင် ထင်ရှားသော စာဆို တော်တစ်ဦးဖြစ်သည်။ ဖခင်မှာ ထင်ရှားသောစာဆိုတော် ရွှေတောင်နန္ဒမိတ်ဖြစ်သည်။

ဦးညို၏ ငယ်မည်မှာ မောင်သာမောင်ဖြစ်သည်။ ဦးညို သည် စဉ့်ကူးမင်းလက်ထက်တွင် ကျွန်ယုံတော်ရင်း ဖြစ်သည့် အတိုင်း အတွင်းဝန်ထောက်အဖြစ် ချီးမြေ|ာက်ခြင်းခံရသည်။ ထိုမင်းလက်ထက်တွင် ရွှေမင်းဘုန်း ဆင်တော်မော်ကွန်းကို ဖွဲ့ဆိုသည်။

ဆင်တော်မော်ကွန်းများစွာအနက် ရွှေမင်းဘုန်းဆင်တော် မော်ကွန်းမှာ ဒုတိယအဆင့်အတန်းကိုမှီသည်။ ယင်းမော်ကွန်း ကို လေ့လာသောအားဖြင့် ဦးညိုသည် ရာဇဝင်သမိုင်းနှင့် ဂဇသျှတ္တရဆင်ကြန်အတတ်များကို ကျွမ်းကျင်နှံ့စပ်ကြောင်းသိ သာသည်။ ထိုမော်ကွန်း တစ်စောင်တည်းဖြင့်ပင် ဦးညိုသည် စာပေလောကတွင် ထင်ရှားခဲ့သည်။

၁၁၄၃ ခုနှစ်တွင် ဘိုးတော်မင်းတရား နန်းတက်တော်မူ သောအခါ၊ စဉ့်ကူးမင်းကို ကွပ်မျက်ရာတွင် စဉ့်ကူးမင်း၏ ကျွန်ယုံတော် ဦးညိုသည်လည်း ပါသွားလေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)