ရွှေတောင်နန္ဒမိတ်
ရွှေတောင်နန္ဒမိတ် ပြင်ဆင်ရန်
ပိဋကတ်သမိုင်း၌ နေမျိုးနန္ဒမိတ်ဟု ပါသော ရွှေတောင် နန္ဒမိတ်သည် ကုန်းဘောင်ခေတ် ပထမပိုင်း (သက္ကရာဇ် ၁၁၁၅ မှ ၁၁၄၃)တွင် ထင်ရှားသောစာဆို ဖြစ်သည်။ မွေးသက္ကရာဇ်၊ မိဘ မည်ရည်တို့ကို မသိရသော်လည်း သက္ကရာဇ် ၁၁၄၃ ခုနှစ် တွင် နန်းတက်တော်မူသော ဘိုးတော်မင်းတရားကြီး မင်းသား ဘဝနှင့် ရှိစဉ် အပါးတော်၌ခစားထမ်းရွက်သော ဘကြီးတော်၏ သားဖြစ်ကြောင်းကို သိရသည်။ ရွှေတောင်နန္ဒမိတ်၏ ငယ်မည် မှာ မောင်သူဟူ၍လည်းကောင်း၊ မောင်ဘူးကလေးဟူ၍လည်းကောင်း ခေါ်ဝေါ်သည် ဟု ဆိုသည်။
ရွှေတောင်နန္ဒမိတ်သည် အလောင်းမင်းတရားကြီး လက် ထက် ထိုမင်း၏ ရဲဘက်တော်တစ်ဦးလည်း ဖြစ်သည်။ အင်းဝ မြို့တွင် ဆင်ဖြူရှင်မင်းတရား စိုးစံသည့်ကာလ ဆင်ဖြူရှင်မင်း ၏ လက်အောက်တွင် ဝင်ရောက် အမှုထမ်းသည်။ ငစဉ့်ကူးမင်း အထွတ်အမြတ်သို့ ရောက်သောအခါ ရွှေတောင်နန္ဒမိတ်အား သံတောင်ဆင့်အရာ၊လှော်ကား ၃ဝဝဝ မှူးအရာနှင့် အတွင်းဝန် အရာတို့တွင် ထမ်းရွက်ရန် ခန့်ထားတော်မူသည်။ ဘိုးတော်မင်း တရား လက်ထက်တွင် အနိစ္စရောက်ကြောင်း သိရသည်။
ရွှေတောင်နန္ဒမိတ်တွင် သားတစ်ယောက် ထွန်းကားရာ ရွှေမင်း ဘုန်း ဆင်တော်မော်ကွန်းဖွဲ့ဆိုသူ အတွင်းဝန်ဦးညို ဖြစ်သည်။
ရွှေတောင်နန္ဒမိတ်သည် ဆင်ဖြူရှင်မင်းလက်ထက်တွင်
ဧချင်းခြောက်စောင်၊ စဉ့်ကူးမင်းလက်ထက်တွင် ဧချင်းခြောက်
စောင်၊ စဉ့်ကူးမင်းလက်ထက်တွင် ပျို့သုံးစောင်နှင့် စညကုမ္မာ
ဇာတ်ချင်းများ၊ ဘိုးတော်ဘုရားလက်ထက်တွင် ဧချင်းတစ်စောင်
စပ်ဆိုခဲ့သည်။ စပ်ဆိုခဲ့သော ဧချင်းများမှာ (၁) ဆင်ဖြူရှင်မင်း
၏သားတော် စလင်းစားမောင်ပေါင်းချောင်ဧချင်း၊ (၂) ဆင်ဖြူ
ရှင်မင်းနှင့် အလယ်နန်းမိဖုရားတို့မှ ဖွားမြင်သော သားတော်
သခင်ကြီးဧချင်း၊ (၃) သားတော်လတ်သခင်လတ်ချောင်း၊ (၄)
သားတော်ငယ် သခင်ငယ်ဧချင်း၊ (၅) သမီးတော် မြို့လုလင်စား
မင်းသမီးဧချင်း၊ (၆) ဆင်ဖြူရှင်နှင့် တောင်နန်းမတော်ကြီးတို့မှ
ဖွားမြင်သော ငစဉ့်ကူးမင်းသား၏ နှမတော်၊ နောင် ပုဂံမင်း
မိဖုရား ဖြစ်လာသော မင်းရွှေနန်း ဧချင်း၊ (၇) ဘိုးတော်ဘုရား
၏ သမီးတာ်၊ ဘကြီးတော်၏ မယ်တော်ဖြစ်မည့် အိမ်ရှေ့မင်း
မိဖုရား ဧချင်းတို့ ဖြစ်သည်။ ယင်းဧချင်း ခုနစ် စောင်အနက်
မင်းရွှေနန်း ဧချင်းနှင့် စလင်းစားမောင်ပေါင်းချောင် ဧချင်းတို့မှ
တစ်ပါး ကျန်ဧချင်းတို့ကို ရှာဖွေမတွေ့ရပေ။ ရွှေတောင်နန္ဒမိတ်
ရေးသားသော ပျို့တို့မှာ ဥမ္မာဒန္တီပျို့၊ ကုသပျို့၊ မယ်တော်မာယာ
ပျို့တို့ ဖြစ်သည်။ ယင်းတို့ကိုလည်း ယခုတိုင် ရှာဖွေမတွေ့ရ
သေးချေ။ ဥမ္မာဒန္တီပျို့ကို ဆီမီးခုံရွာစား ဦးရွှန်းက ထပ်မံ၍
ပျို့သစ်ရေးပြီး ကုသပျို့ကို ရွှေကျောင်းရဲရွာ ဦးပုနှင့် မုံရွေး
ဇေတဝန် ဆရာတော်တို့က တစ်စောင်စီ ရေးကြသေးသည်။ [၁]
ကိုးကား ပြင်ဆင်ရန်
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)