ညီညီထွေး

မြန်မာနိုင်ငံရေးသမား

ဦးညီညီထွေး (၂၅ မတ် ၁၉၇၀ မွေးဖွား) သည် မြန်မာနိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး အမျိုးသားလွှတ်တော်တွင် စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြု လွှတ်တော်အမတ်ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။[၁]

ကိုယ်ရေးအကျဉ်း ပြင်ဆင်ရန်

ဦးညီညီထွေးသည် အ.ထ.က ဖောင်းပြင်၊ အ.ထ.က (၁၄) မန္တလေး၊ နှင့် အ.ထ.က(၁) မုံရွာတို့တွင် ပညာသင်ကြားခဲ့သည်။ ကုန်သည်လုပ်ငန်း လုပ်ကိုင်လျက်ရှိသည်။ ၁၉၈၈ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသို့ ဝင်ရောက်ခဲ့ပြီး၊ ဖောင်းပြင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတွင် လူငယ် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊၂၀၀၂-၂၀၀၃ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်လည်ဖွဲ့စည်းရာတွင် ဟုမ္မလင်းမြို့နယ် တွဲဘက် ဘဏ္ဍာရေးမှူးအဖြစ် လည်းကောင်း၊ ၂၀၁၂ ခုနှစ် ခန္တီးခရိုင်ညီလာခံကျင်းပရေးကော်မရှင် အဖွဲ့ဝင် အဖြစ်လည်းကောင်း၊ ၂၀၁၂ ခုနှစ် ဗဟိုညီလာခံကိုယ်စားလှယ် အဖြစ်လည်းကောင်း၊ ဟုမ္မလင်းမြို့ အ.ထ.က(၁) ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ နောင်ပကျစ် လူငယ်ဝေယျာဝစ္စ အဖွဲ့ဝင်အဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  1. Mp Profile (in my)။ ပြည်ထောင်စုလွှတ်တော်။ 26 August 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 August 2018 တွင် ပြန်စစ်ပြီး။