ညောင်တန်းရွာ သည် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ခမောက်စု ကျေးရွာအုပ်စုဝင် ဖြစ်သည်။

ညောင်တန်း
ညောင်တန်း သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ညောင်တန်း
ညောင်တန်း
ညောင်တန်း တည်နေရာ၊ မြန်မာ။
ကိုဩဒိနိတ်: 17°31′01″N 95°14′33″E / 17.51695°N 95.24253°E / 17.51695; 95.24253
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးဧရာဝတီတိုင်းဒေသကြီး
ခရိုင်ဟင်္သာတခရိုင်
မြို့နယ်လေးမျက်နှာမြို့နယ်
ကျေးရွာအုပ်စုခမောက်စု[၁]

နောက်ခံသမိုင်း ပြင်ဆင်ရန်

ရွာအနီးရှိ အင်းဘေးတွင် ညောင်ပင်များ တန်းလျက် ပေါက်နေသောကြောင့် ညောင်တန်းဟု တွင်သည်။ ရွာ၏သက်တမ်းမှာ နှစ် ၁၀၀ ခန့် ရှိပြီဟု သိရသည်။ [၂]

အိမ်ခြေ ပြင်ဆင်ရန်

ရွာတည်စတွင် အိမ်ခြေ ၁၅၊ လူ ၄၅ ဦးမျှဖြင့် စခဲ့သည်။ ကရင်၊ ဗမာတို့ အဓိကနေထိုင်သည်။

၂၀၁၆ ခုတွင် အိမ်ခြေ ၃၄၊ လူ ၁၆၅ ယောက်ရှိသည်။

လူမှုပတ်ဝန်းကျင်ဆိုင်ရာ အခြေခံအဆောက်အဦများ ပြင်ဆင်ရန်

ဆေးရုံ/ဆေးပေးခန်း ပြင်ဆင်ရန်

မရှိ။ အနီးရှိ ရွာမသို့ သွားရောက်ကုသသည်။

ကျောင်း ပြင်ဆင်ရန်

မရှိ။ အနီးရှိရွာများသို့ လွှတ်၍ သင်ကြားစေသည်။

သုဿာန် ပြင်ဆင်ရန်

ရွာအနီးတွင် ရှိသည်။

သဘာဝဘေးဒဏ်များ ပြင်ဆင်ရန်

၁၉၇၅ ပြင်ဆင်ရန်

မုန်တိုင်းတိုက်သဖြင့် ရွာလုံးကျွတ် (အိမ်ခြေ ၃၀ မျှ) ပျက်စီးသည်။ ကိုယ်ထူကိုယ်ထ ပြန်လည်တည်ဆောက်ခဲ့သည်။

၁၉၉၁ ပြင်ဆင်ရန်

ထိန်ငူတာ ကျိုးသဖြင့် ရေကြီးရေလျှံဖြစ်ကာ ရွာလုံးကျွတ် (အိမ်ခြေ ၃၀ ကျော်) ပျက်စီးသည်။ ရွာအပြင် လယ်များလည်း ရေမြုပ်သဖြင့် ပြန်လည်ထူထောင်ရန် အချိန်ယူခဲ့ရသည်။ အစိုးရအထောက်အပံ့ အနည်းငယ်ရသည်။

ကိုးကား ပြင်ဆင်ရန်

  1. GAD, Feb 2011
  2. "လူထုဗဟိုပြုစီမံကိန်း၊ ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ် ၂၀၁၆ Archived 30 July 2021 at the Wayback Machine."။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန။