မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေဒေသများ

အုပ်ချုပ်ရေးနယ်မြေ

မြန်မာနိုင်ငံ ကို အောက်ပါအတိုင်း အုပ်ချုပ်ရေးနယ်မြေဒေသ ၂၁ ခုအဖြစ် ခွဲခြားနိုင်သည်။

မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေဒေသများ
အခြားအမည်:
Administrative divisions of Myanmar
ကချင်ပြည်နယ်မြစ်ကြီးနားမြို့စစ်ကိုင်းတိုင်းဒေသကြီးစစ်ကိုင်းမြို့ကချင်ပြည်နယ်ဟားခါးမြို့ရှမ်းပြည်နယ်တောင်ကြီးမြို့ရခိုင်ပြည်နယ်စစ်တွေမြို့မကွေးတိုင်းဒေသကြီးမကွေးမြို့မန္တလေးတိုင်းဒေသကြီးမန္တလေးမြို့ကယားပြည်နယ်လွိုင်ကော်မြို့နေပြည်တော် ပြည်ထောင်စုနယ်မြေပဲခူးတိုင်းဒေသကြီးပဲခူးမြို့ရန်ကုန်တိုင်းဒေသကြီးရန်ကုန်မြို့ဧရာဝတီတိုင်းဒေသကြီးပုသိမ်မြို့ကယားပြည်နယ်ဘားအံမြို့မော်လမြိုင်မြို့မွန်ပြည်နယ်ထားဝယ်မြို့တနင်္သာရီတိုင်းဒေသကြီးA clickable map of Burma/Myanmar exhibiting its first-level administrative divisions.
ဤရုပ်ပုံအကြောင်း
အမျိုးအစားပြည်ထောင်စုစနစ်
တည်နေရာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အရေအတွက်တိုင်းဒေသကြီး ၇ ခု၊ ပြည်နယ် ၇ ခု၊ ပြည်ထောင်စုနယ်မြေ ၁ ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၆ ခု (၂၀၁၅ အရ)
လူဦးရေ၂၈၆,၆၂၇ (ကယားပြည်နယ်) - ၇,၃၆၀,၇၀၃ (ရန်ကုန်တိုင်းဒေသကြီး)
ဧရိယာ၇,၀၅၄ စတုရန်း ကီလိုမီတာ (၂,၇၂၄ စတုရန်းမိုင်) (နေပြည်တော် ပြည်ထောင်စုနယ်မြေ) - ၁၅၅,၈၀၁ စတုရန်း ကီလိုမီတာ (၆၀,၁၅၅ စတုရန်းမိုင်) (ရှမ်းပြည်နယ်)
အစိုးရမြန်မာနိုင်ငံတော်အစိုးရ
နယ်မြေဒေသအခွဲများခရိုင်
မြို့နယ်
ရပ်ကွက်နှင့် ကျေးရွာအုပ်စု
ကျေးရွာ
အမျိုးအစား အင်္ဂလိပ်အခေါ်အဝေါ် အရေအတွက်
ပြည်နယ် State
တိုင်းဒေသကြီး Region (ယခင်: Division)
ပြည်ထောင်စုနယ်မြေ Union Territory
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Self-Administered Zone
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း Self-Administered Division

တိုင်းဒေသကြီးများမှာ ၂၀၁၀ ဩဂုတ်လတွင် ပြောင်းလဲခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည်။[၁] စစ်ကိုင်းတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးများမှလွဲ၍ ကျန်တိုင်းဒေသကြီးလေးခုမှာ မြို့တော်များ၏ အမည်များအတိုင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးသည် လူဦးရေအများဆုံးနေထိုင်သည့် ဒေသဖြစ်ကာ ကယားပြည်နယ်မှာ လူဦးရေအနည်းဆုံးနေထိုင်ရာ ဒေသဖြစ်သည်။ ကုန်းမြေဧရိယာအရ ရှမ်းပြည်နယ်မှာ အကြီးဆုံးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှာ ဧရိယာအသေးဆုံးဖြစ်သည်။ ရှမ်းပြည်နယ်သည် (၆၁၀၉၀)စ/မိုင် ကျယ်ဝန်းပြီး ဒုတိယ အကျယ်ဆုံး တိုင်းဒေသကြီးမှာ စစ်ကိုင်းတိုင်းဒေသကြီး (၃၆၅၃၅)စ/မိုင် ကျယ်ဝန်းသည်။

ပြည်နယ်များနှင့် တိုင်းဒေသကြီးများကို ခရိုင်များ အဖြစ်ထပ်မံပိုင်းခြားထားသည်။ ခရိုင်များကို မြို့နယ်များ၊ မြို့များရပ်ကွက်များကျေးရွာအုပ်စုများနှင့် ကျေးရွာများအဖြစ် အဆင့်ဆင့်ပိုင်းခြားသတ်မှတ်ထားသည်။

အုပ်ချုပ်ရေးနယ်မြေပိုင်းခြားပုံဇယားပြင်ဆင်

အဆင့်
နယ်မြေ Union Territory
(ပြည်တောင်စုနယ်မြေ)
District
(ခရိုင်)
Township
(မြို့နယ်)
Ward
(ရပ်ကွက်)
-
Region
(တိုင်းဒေသကြီး)
State
(ပြည်နယ်)
-
Village tract
(ကျေးရွာအုပ်စု)
Village
(ကျေးရွာ)
Self-Administered Division
(ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း)
Self-Administered Zone
(ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)

အုပ်ချုပ်ရေးနယ်မြေဒေသများပြင်ဆင်

ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များပြင်ဆင်

အင်္ဂလိပ်အမည် မြန်မာအမည် မြို့တော် အလံ ISO[၂] နေရာဒေသ လူဦးရေ (၂၀၁၄) ဧရိယာ (km²) အမျိုးအစား
Ayeyarwady ဧရာဝတီ ပုသိမ်မြို့   MM-07 အောက်ပိုင်း ၆,၁၈၄,၈၂၉[၃] ၃၅,၀၃၁.၈ တိုင်းဒေသကြီး
Bago ပဲခူး ပဲခူးမြို့   MM-02 အောက်ပိုင်း ၄,၈၆၇,၃၇၃[၃] ၃၉,၄၀၂.၃ တိုင်းဒေသကြီး
Chin ချင်း ဟားခါးမြို့   MM-14 အနောက်ပိုင်း ၄၇၈,၈၀၁[၃] ၃၆,၀၁၈.၈ ပြည်နယ်
Kachin ကချင် မြစ်ကြီးနားမြို့   MM-11 မြောက်ပိုင်း ၁,၆၈၉,၄၄၁[၃] ၈၉,၀၄၁.၈ ပြည်နယ်
Kayah ကယား လွိုင်ကော်မြို့   MM-12 အရှေ့ပိုင်း ၂၈၆,၆၂၇[၃] ၁၁,၇၃၁.၅ ပြည်နယ်
Kayin ကရင် ဘားအံမြို့   MM-13 တောင်ပိုင်း ၁,၅၇၄,၀၇၉[၃] ၃၀,၃၈၃ ပြည်နယ်
Magway မကွေး မကွေးမြို့   MM-03 အလယ်ပိုင်း ၃,၉၁၇,၀၅၅[၃] ၄၄,၈၂၀.၆ တိုင်းဒေသကြီး
Mandalay မန္တလေး မန္တလေးမြို့   MM-04 အလယ်ပိုင်း ၆,၁၆၅,၇၂၃[၃] ၃၇,၉၄၅.၆ တိုင်းဒေသကြီး
Mon မွန် မော်လမြိုင်မြို့   MM-15 တောင်ပိုင်း ၂,၀၅၄,၃၉၃[၃] ၁၂,၂၉၆.၆ ပြည်နယ်
Rakhine ရခိုင် စစ်တွေမြို့   MM-16 အနောက်ပိုင်း ၃,၁၈၈,၈၀၇[၃] ၃၆,၇၇၈.၀ ပြည်နယ်
Shan ရှမ်း တောင်ကြီးမြို့   MM-17 အရှေ့ပိုင်း ၅,၈၂၄,၄၃၂[၃] ၁၅၅,၈၀၁.၃ ပြည်နယ်
Sagaing စစ်ကိုင်း မုံရွာမြို့   MM-01 မြောက်ပိုင်း ၅,၃၂၅,၃၄၇[၃] ၉၃,၇၀၄.၈ တိုင်းဒေသကြီး
Tanintharyi တနင်္သာရီ ထားဝယ်မြို့   MM-05 တောင်ပိုင်း ၁,၄၀၈,၄၀၁[၃] ၄၄,၃၄၄.၉ တိုင်းဒေသကြီး
Yangon ရန်ကုန် ရန်ကုန်မြို့   MM-06 အောက်ပိုင်း ၇,၃၆၀,၇၀၃[၃] ၁၀,၂၆၇.၇ တိုင်းဒေသကြီး
Naypyidaw နေပြည်တော် နေပြည်တော်   MM-18 အလယ်ပိုင်း ၁,၁၆၀,၂၄၂[၃] ၇,၀၅၄ ပြည်ထောင်စုနယ်မြေ
ပဲခူးတိုင်းဒေသကြီး၏ မြေမျက်နှာသွင်ပြင် အနေအထားအရ ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်းနှင့် အနောက်ပိုင်းကို ပဲခူးရိုးမတောင်တန်းကြီးဖြင့် ကာဆီးထားသည်။ ထို့ကြောင့် ပဲခူးတိုင်းဒေသကြီး၏ မြို့တော်နှင့် အကြီးဆုံးမြို့မှာ ပဲခူးမြို့ဖြစ်သော်လည်း ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) ၏ အုပ်ချုပ်ရေးရုံးများသည် ပိုမိုအချက်အချာကျသည့် တောင်ငူမြို့၌ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ၏ အုပ်ချုပ်ရေးရုံးများသည် ပြည်မြို့၌ လည်းကောင်း အသီးသီး ရုံးစိုက်သည်။
ရှမ်းပြည်နယ်သည် ဧရိယာကြီးမား ကျယ်ပြန့်လှသဖြင့် ရှမ်းပြည်နယ်၏ မြို့တော်မှာ တောင်ကြီးမြို့ ဖြစ်သော်လည်း ရှမ်းပြည်နယ်၏ အုပ်ချုပ်ရေးရုံးများမှာ ရှမ်းပြည်နယ် (တောင်ပိုင်း) အတွက် တောင်ကြီးမြို့တွင် လည်းကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွက် လားရှိုးမြို့တွင် လည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွက် ကျိုင်းတုံမြို့တွင် လည်းကောင်း အသီးသီးရုံးစိုက်သည်။ ထို့ကြောင့် ရှမ်းပြည်နယ်တွင် အုပ်ချုပ်ရေးရုံးစိုက်ရာမြို့ (၃)မြို့ ရှိသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့်တိုင်းများပြင်ဆင်

 
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့်တိုင်းများ
အင်္ဂလိပ်အမည် မြန်မာအမည် မြို့တော် နေရာဒေသ လူဦးရေ ဧရိယာ (km²) အမျိုးအစား
Danu Self-Administered Zone ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ အရှေ့ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
Kokang Self-Administered Zone ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ အရှေ့ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
Naga Self-Administered Zone နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ မြောက်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
Pa-O Self-Administered Zone ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ အရှေ့ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
Pa Laung Self-Administered Zone ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ အရှေ့ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
Wa Self-Administered Division ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့ အရှေ့ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း

အုပ်ချုပ်ရေးစနစ်ပြင်ဆင်

 
  ပြည်နယ်များ
  တိုင်းဒေသကြီးများ

ပြည်နယ်များ၊ တိုင်းဒေသကြီးများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၏ အုပ်ချုပ်ရေးပုံစံကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားသည်။[၄]

ပြည်နယ်နှင့်တိုင်းဒေသကြီးများပြင်ဆင်

ပြည်နယ်နှင့်တိုင်းဒေသကြီးများကို ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် ရှေ့နေချုပ်များပါဝင်သည့် ပြည်နယ်အစိုးရနှင့် တိုင်းဒေသကြီးအစိုးရများက အုပ်ချုပ်သည်။ ရွေးကောက်ခံကိုယ်စားလှယ်များနှင့် တပ်မတော်သား ကိုယ်စားလှယ်များ ပါဝင်သည့် ပြည်နယ်လွှတ်တော် သို့မဟုတ် တိုင်းဒေသကြီးလွှတ်တော်တို့သည် ဥပဒေပြုအာဏာပိုင်များဖြစ်သည်။

နေပြည်တော်ပြည်ထောင်စုနယ်မြေပြင်ဆင်

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ ပုဒ်မ (၅၀) တွင် နေပြည်တော်ကို ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်ထားကြောင်း၊ သမ္မတ က တိုက်ရိုက်အုပ်ချုပ်ကြောင်း ပြဋ္ဌာန်းထားသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းများပြင်ဆင်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင်

  • နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

ရှမ်းပြည်နယ်အတွင်းတွင်

  • ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
  • ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
  • ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
  • ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
  • ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း

သမိုင်းကြောင်းပြင်ဆင်

ဗြိတိသျှကိုလိုနီခေတ်ပြင်ဆင်

၁၉၀၀ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဗြိတိသျှအိန္ဒိယ၏ လက်အောက်ခံဒေသတစ်ခုဖြစ်ခဲ့ပြီး အောက်မြန်မာနိုင်ငံနှင့် အထက်မြန်မာနိုင်ငံဟူ၍ နှစ်ပိုင်းခွဲအုပ်ချုပ်ခဲ့သည်။ အောက်မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်၊ ဧရာဝတီ၊ ပဲခူးနှင့် တနင်္သာရီဒေသများပါဝင်ပြီး မြို့တော်မှာ ရန်ကုန်မြို့ဖြစ်သည်။ အထက်မြန်မာနိုင်ငံတွင် မိတ္ထီလာ၊ မင်းဘူး၊ စစ်ကိုင်း၊ ရှမ်းပြည်မြောက်ပိုင်းနှင့် ရှမ်းပြည်တောင်ပိုင်းတို့ပါဝင်ကာ မြို့တော်မှာ မန္တလေးမြို့ဖြစ်သည်။ ကချင်ပြည်နယ်၊ ချင်းပြည်နယ်တို့ကို တောင်တန်းဒေသများဟူ၍လည်းကောင်း၊ ကယားပြည်နယ်ကို ကရင်နီနယ်များဟူ၍လည်းကောင်း၊ ရှမ်းပြည်နယ်ကို ပဒေသရာဇ်ရှမ်းပြည်နယ်ဟူ၍လည်းကောင်း၊ ရခိုင်ပြည်နယ်ကို ရခိုင်တိုင်းဟူ၍လည်းကောင်း သတ်မှတ်အုပ်ချုပ်ခဲ့ပါသည်။

ထို့အပြင် လက်ရှိ မွန်ပြည်နယ်မှ မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်ကိုလည်းကောင်း၊ လက်ရှိ ကရင်ပြည်နယ်တွင် ပါဝင်နေသော နယ်မြေဒေသအချို့ကို ပူးပေါင်း၍ သံလွင်ခရိုင်အဖြစ်လည်းကောင်း၊ လက်ရှိ ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့ကိုလည်းကောင်း စုစည်း၍ တနင်္သာရီတိုင်း အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ခဲ့ပါသည်။

အလားတူ လက်ရှိ ရန်ကုန်တိုင်းရှိ မြောက်ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင် နယ်မြေများသည် ပဲခူးတိုင်းအတွင်းတွင်လည်းကောင်း၊ လက်ရှိ ကချင်ပြည်နယ်မှ ဗန်းမော်ခရိုင်နှင့် မြစ်ကြီးနားခရိုင်များမှ နယ်မြေအချို့သည် စစ်ကိုင်းတိုင်းတွင်လည်းကောင်း ပါဝင်ခဲ့သည်။

၁၉၄၀ တွင် မင်းဘူးတိုင်းကို မကွေးတိုင်းအဖြစ် အမည်ပြောင်းခဲ့ပြီး မိတ္ထီလာတိုင်းကို မန္တလေးခရိုင်အောက်သို့ ရွေ့ပြောင်းခဲ့သည်။

လွတ်လပ်ရေးရပြီးနောက်ပိုင်းပြင်ဆင်

၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ချင်းတောင်တန်းဒေသကို ရခိုင်ပြည်နယ်မှ ခွဲထုတ်ကာ ချင်းဝိသေသတိုင်းအဖြစ်ဖွဲ့စည်းခဲ့သည်။ စစ်ကိုင်းတိုင်းအတွင်းရှိ ဗန်းမော်ခရိုင်နှင့် မြစ်ကြီးနားဒေသများကို ပေါင်းကာ ကချင်ပြည်နယ်အဖြစ်သို့လည်းကောင်း၊ အမ်းဟတ်သထုံနှင့် တနင်္သာရီတိုင်းမှ တောင်ငူခရိုင်များကို ကရင်ပြည်နယ်အဖြစ်လည်းကောင်း ဖွဲ့စည်းခဲ့သည်။ ကရင်နီပြည်နယ်ကို ပဒေသရာဇ် ရှမ်းပြည်နယ်စုမှ ခွဲထုတ်ခဲ့ပြီး ပဒေသရာဇ် ရှမ်းပြည်နယ်စုနှင့် ဝပြည်နယ်များကို ပေါင်းကာ ရှမ်းပြည်နယ်အဖြစ် ဖွဲ့စည်းခဲ့သည်။

၁၉၅၂ ခုနှစ်တွင် ကရင်နီပြည်နယ်ကို ကယားပြည်နယ်အဖြစ် အမည်ပြောင်းလဲခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် ရန်ကုန်တိုင်းကို ပဲခူးတိုင်းမှ ခွဲထုတ်ခဲ့သည်။

တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် ၁၉၆၂ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံ နယ်ခြားဒေသအုပ်ချုပ်ရေးဥပဒေအရ တည်ရှိခဲ့သော ရခိုင်တိုင်းရှိ မေယုနယ်ခြားခရိုင်ကို စစ်တွေခရိုင်အောက်တွင် မောင်းတောခရိုင်ခွဲအဖြစ်လည်းကောင်း၊ ရှမ်းပြည်နယ်ရှိ ကျိုင်းတုံ၊ မိုင်းတုံ၊ တာချီလိတ်၊ ကွမ်းလုံနယ်ခြားခရိုင်များကို ကျိုင်းတုံခရိုင်ကွမ်းလုံခရိုင်များအဖြစ်လည်းကောင်း၊ ကချင်ပြည်နယ်ရှိ အရှေ့ပူတာအိုနယ်ခြားခရိုင်ကို ပူတာအိုခရိုင်အဖြစ်လည်းကောင်း သတ်မှတ်၍ လောခေါင်နယ်ခြားခရိုင်ကို မြစ်ကြီးနားခရိုင်အောက် ထည့်သွင်းခဲ့ပါသည်။

၁၉၇၂ ခုနှစ်တွင် ဟံသာဝတီနှင့် မှော်ဘီခရိုင်တို့ကို ရန်ကုန်တိုင်းလက်အောက်သို့ ရွှေ့ပြောင်းခဲ့သည်။

၁၉၇၄ ခုနှစ် ဦးနေဝင်းလက်ထက်တွင် ချင်းဝိသေသတိုင်းကို ချင်းပြည်နယ်အဖြစ် ပြောင်းလဲခေါ်ဝေါ်ခဲ့ကာ မြို့တော်ကိုလည်း ဖလမ်းမြို့မှ ဟားခါးမြို့သို့ ပြောင်းရွှေ့ခဲ့သည်။ မွန်ပြည်နယ်ကို တနင်္သာရီတိုင်းမှ ခွဲထုတ်ခဲ့ပြီး၊ မွန်ပြည်နယ်၏ မြို့တော်အဖြစ် မော်လမြိုင်မြို့နှင့် တနင်္သာရီတိုင်း၏ မြို့တော်အဖြစ် ထားဝယ်မြို့များအဖြစ် သတ်မှတ်ခဲ့သည်။ ရခိုင်တိုင်းကိုလည်း ပြည်နယ်အဖြစ် သတ်မှတ်ခဲ့သည်။

၁၉၉၅ ခုနှစ်နောက်ပိုင်းတွင် ကချင်လွတ်မြောက်ရေးတပ်မတော်နှင့် ငြိမ်းချမ်းရေး သဘောတူညီချက်အရ မြစ်ကြီးနားခရိုင်ထဲမှ မိုးညှင်းခရိုင်ကို အသစ်ခွဲထုတ်ဖွဲ့စည်းသည်။

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ ၁၉၉၇ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့မှ စတင်ပြီး တာဝန်ယူပြီးနောက် နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး အခြေအနေများအရ မြို့၊ ရွာ၊ ရပ်ကွက်များ ပြင်ဆင်ဖွဲ့စည်းမှုများကို ဆက်လက်ပြုလုပ်ခဲ့ပါသည်။ ထိုသို့ပြုလုပ်ရာတွင် ပြည်ထဲရေး ဝန်ကြီးဌာန၏ ၂၇.၈.၉၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအရ ပဲခူးတိုင်း အနောက်ပိုင်းရှိ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်တို့ကို ပေါင်းစည်း၍ ပဲခူးတိုင်း (အနောက်ပိုင်း) တိုင်းခွဲအဖြစ် ဖွဲ့စည်းခဲ့ပါသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းခုနစ်တိုင်းကို တိုင်းဒေသကြီးများအဖြစ် အမည်ပြောင်းလဲကြောင်း ပြဋ္ဌာန်းထားသည်။[၅] နေပြည်တော်မြို့တော်ပါဝင်သည့် ပြည်ထောင်စုနယ်မြေနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းများကို သတ်မှတ်ကြောင်း ပြဋ္ဌာန်းထားသည်။[၅][၆]

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှာ-

၂၀၁၀ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့တွင် တိုင်းခုနစ်တိုင်းကို တိုင်းဒေသကြီးများအဖြစ် လည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ ရုံးစိုက်ရာ မြို့များကို လည်းကောင်း၊ ပြည်ထောင်စုနယ်မြေတွင် ခရိုင်နှင့်မြို့နယ်များကို လည်းကောင်း သတ်မှတ်ကြေညာခဲ့သည်။[၁]

အခြားကြည့်ရန်ပြင်ဆင်

ကိုးကားပြင်ဆင်

  1. ၁.၀ ၁.၁ "တိုင်းခုနစ်တိုင်းကို တိုင်းဒေသကြီးများအဖြစ် လည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ ရုံးစိုက်ရာ မြို့များကို လည်းကောင်း ပြည်ထောင်စုနယ်မြေတွင် ခရိုင်နှင့်မြို့နယ်များကို လည်းကောင်း သတ်မှတ်ကြေညာ" (in မြန်မာဘာသာ)၊ Weekly Eleven News၊ 2010-08-20။ 2010-08-23 တွင် ပြန်စစ်ပြီး 
  2. ISO 3166-2:MM (မြန်မာနိုင်ငံဒေသများအတွက် ISO 3166-2 ကုဒ်များ)
  3. ၃.၀၀ ၃.၀၁ ၃.၀၂ ၃.၀၃ ၃.၀၄ ၃.၀၅ ၃.၀၆ ၃.၀၇ ၃.၀၈ ၃.၀၉ ၃.၁၀ ၃.၁၁ ၃.၁၂ ၃.၁၃ ၃.၁၄ ပြည်ထောင်စုအစီရင်ခံစာ : မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း။ The 2014 Myanmar Population and Housing Census။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန။ 2015။ pp. ၁၂။
  4. http://upload.wikimedia.org/wikipedia/commons/a/a1/Constitution_of_Myanmar_of_2008.pdf
  5. ၅.၀ ၅.၁ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) [0]=1|၂၀၀၈ ဖွဲ့စည်းပုံ PDF
  6. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)

ပြင်ပလင့်ခ်များပြင်ဆင်