ညွန့်ဖေ
ဒေါက်တာညွန့်ဖေသည် ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ အာဏာသိမ်းမှုတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ခန့်အပ်ထားသော ပညာရေးဝန်ကြီးဖြစ်သည်။ ယခင်က ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ ထိုတက္ကသိုလ်တွင် ငွေကြေးအရှုပ်အရှင်းများကြောင့် နိုင်ငံတော်သမ္မတရုံး၏ ဖြေရှင်းချက်တောင်းခြင်း ခံခဲ့ရသူဖြစ်သည်။[၂]
ညွန့်ဖေ | |
---|---|
ပညာရေးဝန်ကြီး | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၁၆ ဖေဖော်ဝါရီ ၂၀၂၁ | |
ယခင်လူ | ဒေါက်တာမျိုးသိမ်းကြီး |
ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ် | |
တာဝန်သက်တမ်း ၂၁ ဇန်နဝါရီ ၂၀၁၀ – ၂၃ အောက်တိုဘာ ၂၀၁၇ | |
လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့ (ပညာရေး) ညွှန်ကြားရေးမှူးချုပ် | |
တာဝန်သက်တမ်း ၂၀၁၇ – ၂၀၂၁ |
ငွေကြေးအရှုပ်အရှင်းကိစ္စများ
ပြင်ဆင်ရန်ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်မှ နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ပညာရေးလေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် ပြောင်းရွှေ့ရန် အမိန့်စာထွက်လာချိန်တွင် ပါမောက္ခချုပ် အခွင့်အာဏာမရှိတော့ပဲ ပုသိမ်တက္ကသိုလ်၏ ဝန်ထမ်းအိမ်ရာအဟောင်းများကို အသစ်တည်ဆောက်ရန် ကုမ္ပဏီတစ်ခုနှင့် အလျှင်အမြန် စာချုပ်ချုပ်ဆိုခဲ့သည်။[၃] ထို့အပြင် ကျောင်းသားများအပေါ် ငွေကြေးကောက်ခံမှုများ၊ ကျောင်းတွင်းငွေကြေးသုံးစွဲမှုများနှင့်လည်း ပြဿနာများ ရှိခဲ့သူဖြစ်သည်။[၄][၅]
ကိုးကား
ပြင်ဆင်ရန်- ↑ ၂၀၂၂ ခုနှစ်၊ ဧပြီလ (၂၂) ရက်ထုတ် အတွဲ (၇၅) ၊ အမှတ် (၁၆) ပြန်တမ်းစာစောင်။
- ↑ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ဒေါက်တာညွန့်ဖေကို ခန့်အပ်။[လင့်ခ်သေ]
- ↑ ပုသိမ်တက္ကသိုလ်ပါချုပ်ကို လုပ်ငန်းများဆက်မလုပ်ရန် တိုင်းအစိုးရညွှန်ကြား။ 5 September 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 February 2021 တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်သမ္မတရုံးက ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ပတ်သက်၍ အဓိကစုံစမ်း စစ်ဆေးစေသည့် အချက်မှာ ကျောင်းသားများထံမှ ငွေကြေးကောက်ခံသည့် ကိစ္စဖြစ်ကြောင်း သိရ။
- ↑ ပုသိမ်တက္ကသိုလ်ပါချုပ်ကို ညွှန်ကြားရေးမှူးချုပ်ရာထူးဖြင့် ဌာနပြောင်းရွှေ့ ခန့်ထား။[လင့်ခ်သေ]