ဒေါက်တာ မျိုးသိမ်းကြီးသည် မြန်မာနိုင်ငံ ပညာရေး ဝန်ကြီးဌာန၏ ယခင် ပြည်ထောင်စုဝန်ကြီး ဖြစ်သည်။ သူသည် ယခင်က ဒဂုံတက္ကသိုလ်၊ သင်္ချာဌာန ၌ ပါမောက္ခ၊ မြန်မာနိုင်ငံ ပညာရေး သုတေသနဌာန၌ ညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ၌ ပါမောက္ခချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ သူသည် ဒေါ်အောင်ဆန်းစုကြည် ပြီးနောက် ၂၀၁၆ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် ပညာရေးဝန်ကြီးဌာန၏ ဝန်ကြီး ဖြစ်လာခဲ့သည်။[၁][၂]

ဒေါက်တာ

မျိုးသိမ်းကြီး
ပညာရေး ပြည်ထောင်စုဝန်ကြီး
တာဝန်သက်တမ်း
ဧပြီ ၆၊ ၂၀၁၆ (၂၀၁၆-၀၄-၀၆) – ၁ ​ဖေ​ဖော်ဝါရီ ၂၀၂၁
ယခင်လူအောင်ဆန်းစုကြည်
ဆက်ခံသူဒေါက်တာညွန့်​ဖေ
မြန်မာ ပညာရေးသုတေသနဌာနညွှန်ကြားရေးမှူးချုပ်
တာဝန်သက်တမ်း
၂၀၁၂ ဒီဇင်ဘာ – ၂၀၁၅
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်
တာဝန်သက်တမ်း
၂၀၁၅ – ဧပြီ ၆၊ ၂၀၁၆ (၂၀၁၆-၀၄-၀၆)
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1965-09-02) စက်တင်ဘာ ၂၊ ၁၉၆၅ (အသက် ၅၈)
ရန်ကုန်မြန်မာနိုင်ငံ
လူမျိုးမြန်မာ
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်,
Technological University, Berlin
ရန်ကုန်စီးပွားရေးတက္ကသိုလ်
အစိုးရအဖွဲ့ဦးထင်ကျော် အစိုးရ
နားလည်မှုစာချွန်လွှာ လက်မှတ်​ရေးထိုးပွဲတစ်ခုတွင်​တွေ့ရ​သော သမ္မတ ဦးဝင်းမြင့်နှင့် ​ဒေါက်တာမျိုးသိမ်းကြီး

ဘွဲ့များ ပြင်ဆင်ရန်

သူသည် ၁၉၉၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ M.Sc ဘွဲ့ ရရှိခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် ဘာလင် နည်းပညာတက္ကသိုလ်မှ ပညာရေးဆိုင်ရာ Dr.rer.nat. ဘွဲ့၊ ၂၀၀၂ ခုနှစ်တွင် ပညာရေးစီမံခန့်ခွဲရေးဆိုင်ရာ ဒီပလိုမာဘွဲ့ တို့ကို ရရှိခဲ့သည်။

အသက်မွေးဝမ်းကျောင်း ပြင်ဆင်ရန်

တက်ကြွစွာနှစ် ရာထူး ဌာန
၁၉၈၆-၂၀၀၇ နည်းပြ မှ တွဲဖက်ပါမောက္ခ သင်္ချာဌာန၊ ရန်ကုန်တက္ကသိုလ်
၂၀၀၇-၂၀၀၉ ပါမောက္ခ သင်္ချာပညာဌာန၊ ဒဂုံတက္ကသိုလ်
၂၀၀၉-၂၀၁၀ ဒုတိယ ပါမောက္ခချုပ် ဒဂုံတက္ကသိုလ်
၂၀၁၀-၂၀၁၁ ဒုတိယ ပါမောက္ခချုပ် မုံရွာတက္ကသိုလ်
၂၀၁၁-၂၀၁၂ ဒုတိယညွှန်ကြားရေးမှူးချုပ် အဆင့်မြင့်ပညာဦးစီးဌာန
ဇူလိုင် ၂၀၁၂ - ဒီဇင်ဘာ ၂၀၁၂ ဒုတိယညွှန်ကြားရေးမှူးချုပ် အမှတ် (၁) အခြေခံပညာဦးစီးဌာန
ဒီဇင်ဘာလ ၂၀၁၂-၂၀၁၅ ညွှန်ကြားရေးမှူးချုပ် မြန်မာနိုင်ငံ ပညာရေးသုတေသနဦးစီးဌာန
ဧပြီ ၂၀၁၅ - ၂၀၁၆ ပါမောက္ခချုပ် ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်
ဧပြီလ ၂၀၁၆ - ၁ ​ဖေ​ဖော်ဝါရီ ၂၀၂၁ ပြည်ထောင်စုဝန်ကြီး ပညာရေးဝန်ကြီးဌာန

ကိုးကား ပြင်ဆင်ရန်

  1. Who's who: Myanmar's new cabinet။ 1 August 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  2. Two new cabinet ministers announced။ 25 December 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။