တစ်တော့

လူမှုမီဒီယာ ဗီဒီယိုဆော့ဝဲ

တစ်တော့ (TikTok) သည် iOS နှင့် အန်းဒရွိုက်တို့တွင် အသုံးပြုနိုင်သည့် ဗီဒီယိုအတိုများ၊ ဟာသများ စသည်တို့ကို ဝေမျှဖန်တီးနိုင်သည့် လူမှုမီဒီယာဗီဒီယိုဆော့ဝဲတစ်ခု ဖြစ်သည်။ ထိုဆော့ဝဲကို ၂၀၁၇ ခုနှစ်တွင် ဘိုက်ဒန်းစ် မှ တရုတ်နိုင်ငံပြင်ပ ဈေးကွက်တွင် ဖြန့်ဝေခဲ့သည်။ ဘိုက်ဒန်းစ် သည် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလတွင် တရုတ်နိုင်ငံဈေးကွက်တွင် Douyin (တရုတ်ဘာသာဖြင့်抖音) ကို ဖြန့်ဝေခဲ့သည်။ တစ်တော့နှင့် Douyin သည် အတူတူပင် ဖြစ်သည်။ သို့သော်လည်း ၎င်းနှစ်ခုသည် မတူညီသည့် ဆာဗာများပေါ်တွင် အလုပ်လုပ်ဆောင်ကြသည်။ အဘယ်ကြောင့်ဆိုသော် တရုတ်နိုင်ငံ၏ ဆင်ဆာကန့်သတ်ချက်များကို လိုက်နာဆောင်ရွက်ရန်အတွက် ဖြစ်သည်။ ဤအပ်ပလီကေးရှင်းသည် အသုံးပြုသူများအား သုံးစက္ကန့်မှ ငါးစက္ကန့်အထိ ကြာမြင့်သည် ဗီဒီယိုအတိုများ ပြုလုပ်နိုင်ခြင်း၊ သုံးစက္ကန့်မှ ၆၀ စက္ကန့်အထိ ကြာမြင့်သည့် short looping ဗီဒီယိုများ ပြုလုပ်ခြင်း စသည်တို့ကို ဆောင်ရွက်နိုင်သည်။ တစ်တော့သည် အာရှ၊ အမေရိကန်နှင့် ကမ္ဘာ့အခြားနေရာများတွင် လူသိများ ထင်ရှားသည်။[၄] တစ်တော့ကို တရုတ်နိုင်ငံတွင် အသုံးပြု၍ မရပေ။ တစ်တော့၏ ဆာဗာသည် တစ်တော့အသုံးပြု၍ ရသည့်နိုင်ငံများတွင် တည်ရှိသည်။[၅][၆][၇]

TikTok
A screenshot of the TikTok app, as seen in the United States.
ဆော့ဖ်ဝဲလ်ရေးသူ(များ)ဘိုက်ဒန်းစ်
ပထမဆုံး ဖြန့်ချိခြင်းစက်တင်ဘာ ၂၀၁၆; ၇ နှစ် အကြာက (၂၀၁၆-၀၉)
တည်ငြိမ်သောထုတ်ပြန်မှု
13.0.3 / 8 September 2019
ကွန်ပျူတာ
စက်လည်ပတ်ရေး စနစ်
iOS, Android
ဆိုဒ်308.3 MB (iOS)[၁]
80.19 MB (Android)[၂]
ရရှိနိုင်သော ဘာသာစကား33 languages[၃]
ဆော့ဖ်ဝဲလ် အမျိုးအစားVideo sharing
လိုင်စင်Freeware
ဝက်ဘ်ဆိုဒ်tiktok.com (English)
douyin.com (Chinese)
Douyin (TikTok)
တရုတ်抖音
ဆိုလိုရင်း"vibrating sound"

၂၀၁၈ ခုနှစ်တွင် တစ်တော့သည် အမေရိကန်နိုင်ငံ၌ အောက်တိုဘာလတွင် ဒေါင်းလုပ်ပြလုပ်မှုအများဆုံ: အပ် (app) တစ်ခု ဖြစ်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ၎င်းသည် ဈေးကွက် ၁၅၀ ခုတွင် ရရှိနိုင်ပြီး ဘာသာစကား ၇၅ မျိုးကိုလည်း အထောက်အပံ့ပေးထားသည်။[၈][၉] ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် တရုတ်နိုင်ငံရှိ အန်းဒရွိုက်အသုံးပြုသူများ မပါဝင်ဘဲ တစ်ကမ္ဘာလုံးအတိုင်းအတာအနေဖြင့် တစ်တော့သည် Douyin နှင့်အတူ ကမ္ဘာပေါ်တွင် ဒေါင်းလုတ်ပြုလုပ်မှုသည် တစ်ဘီလီယံသို့ ရောက်ရှိခဲ့သည်။[၁၀]

သမိုင်း ပြင်ဆင်ရန်

တိုးတက်လာမှု ပြင်ဆင်ရန်

Douyin ကို ဘိုက်ဒန်းစ် သည် တရုတ်နိုင်ငံ၌ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလတွင် ထုတ်ဝေခဲ့သည်။ Douyin သည် ရက် ၂၀၀ ဖြင့် ထုတ်ထုပ်ခဲ့ပြီး တစ်နှစ်အတွင်း အသုံးပြုသူသည် ၁၀၀ မီလီယံသို့ ရောက်ရှိခဲ့သည်။ ထို့အပြင် နေ့စဉ်ကြည့်ရှုသူအရေအတွက်သည် တစ်ဘီလီယံကျော်ပင် ရှိသည်။ တစ်တော့ကို နိုင်ငံတကာဈေးကွက်သို့ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလတွင် စတင်ဖြန့်ဝေခဲ့သည်။ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ထိုင်းနိုင်ငံနှင့် အခြားနိုင်ငံများတို့တွင် မိုင်ဘိုင်းအပ်များ ဒေါင်းလုပ်ပြုလုပ်မှုတွင် နံပါတစ်ချိတ်ခဲ့သည်။ တစ်တော့ကို ဒေါင်းလုပ်ပြုလုပ်မှုသည် အမေရိကန်နိုင်ငံတွင် ၈၀ မီလီယံရှိပြီး တစ်ကမ္ဘာလုံးတွင် ၈၀၀ မီလီယံ ရှိခဲ့သည်။ ဤအချက်အလက်သည် တရုတ်နိုင်ငံရှိ အန်းဒရွိုက်အသုံးပြုသူများ မပါဝင်သည့်အချက်အလက်ဖြစ်ပြီး mobile research firm Sensor T ower မှ ပြုလုပ်ထားသည့် အချက်အလက် ဖြစ်သည်။ Jimmy Fallonand Tony Hawkhave အပါအဝင် လူသိများထင်ရှာသူများ (ဆယ်လီများ) သည် ၂၀၁၈ ခုနှစ်၊ နိုင်ဝင်ဘာလတွင် တစ်တော့ကို အသုံးပြုချိတ်ဆက်ခဲ့ကြသည်။ ၂၀၁၉ ခုနှစ်၊ စက်တင်လာလ ၃ ရက်နေ့တွင် တစ်တော့နှင့် NFL သည် ကာလရှည်မိတ်ဖက်အဖြစ် ကြေညာခဲ့သည်။ မိတ်ဖက်ဖြစ်မှုတွင် တရားဝင် NFL အကောင့်တစ်ခုကို စတင်ပါက တစ်ကမ္ဘာလုံးရှိ ဝါသနာတူသူများဆီသို့ NFL အကြောင်းအရာများကို ဆောင်ကြည်းပေးမည် ဖြစ်သည်။[၁၁][၁၂][၁၃][၁၄][၁၅][၁၆][၁၇][၁၈][၁၉]

musical.lyMerger ပြင်ဆင်ရန်

၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့တွင် တစ်တော့၏ မိခင်ကုမ္ပဏီဖြစ်သည့် ဘိုက်ဒန်းစ် သည် musical.ly ကို ဝယ်ယူရန်အတွက် ဒေါ်လာ တစ်ဘီလီယံ သုံးစွဲခဲ့သည်။ musical.ly သည် ရှန်ဟိုင်းတွင် အခြေစိုက်ပြီး ကယ်လီဖိုးနီးယား၊ ဆန်တာမိုနီကာတွင်လည်း ရုံတစ်ခုတည်ရှိသည့် စွန့်ဦးတီထွင်သည့် လူသိများထင်ရှားသော လူမှုမီဒီယာပလက်ဖောင်းတစ်ခု ဖြစ်သည်။ ၎င်းသည် အမေရိကန်နိုင်ငံရှိ ဆယ်ကျော်သက်ဈေးကွက်ကို ဦးတည်ထားသည်။ [၂၀][၂၁]

၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့တွင် တစ်တော့သည် musical.ly နှင့်တူ အမေရိကန်နိုင်ငံရှိ လူငယ်ထုအကြား ဒီဂျစ်တယ်ပလက်ဖောင်းကို ပိုမိုမြှင့်တင်နိုင်ရန်အလို့ငှာ ပိုမိုကြီးမားသည့် ဗီဒီယိုအဆက်အသွယ်တစ်ကို ဖန်တီးရန် ပူးပေါင်းခဲ့သည်။ musical.ly သည် လူမှုမီဒီယာဗီဒီယိုပလက်ဖောင်းတစ်ခု ဖြစ်ပြီး အသုံးပြုသူများကို ဟာသဗီဒီယိုများ ဖန်တီးနိုင်ရန် ခွင့်ပြုထားသည်။ ၎င်းကို ၂၀၁၄ ခုနှစ်၊ ဩဂုတ်လတွင် တရားဝင်ထုတ်ဝေခဲ့သည်။[၂၁][၂၂][၂၃]

အခြားဈေးကွက်များသို့ တိုးချဲ့ခြင်း ပြင်ဆင်ရန်

၂၀၁၈ ခုနှစ်တွင် တစ်တော့သည် ဈေးကွက် ၁၅၀ ကျော်တွင် ရရှိနေပြီ ဖြစ်သည်။ ဘာသာစကား ၇၅ ခုကိုလည်း အထောက်အပံ့ပေးထားသည်။[၂၄][၂၅] CNBC by Sensor Tower မှ အချက်အလက်များအရ တစ်တော့ကို အက်ပဲအပ်စတိုးမှ ဒေါင်းလုတ်ပြုလုပ်သည့်အရေအတွက်သည် ၂၀၁၈ ပထမနှစ်ဝက်ပြည့်သည့်အချိန်တွင် ၁၀၄ မီလီယံ ရှိခဲ့သည်။ ၎င်းသည် ဖေ့ဘွတ်၊ ယူကျုနှင့် အင်စတာဂရမ် စသည်တို့ကို ကျော်လွန်သွားကာ ထိုအချိန်တွင် ကမ္ဘာ့ဒေါင်းလုပ်ပြုလုပ်မှု အများဆုံး iOS အပ် ဖြစ်လာခဲ့သည်။[၂၆][၂၇]

Douyin ပြင်ဆင်ရန်

တစ်တော့၏ သီးခြားအပ်တစ်ခုဖြစ်သည့် Douyinကို Developer ဝဘ်ဆိုက်များတွင် ရနိုင်သည်။ Douyin ကို ၂၀၁၆ ခုနှစ်၊ စတင်ဘာလ စတင်ဖြန့်ဝေကတည်းက တစ်တော့ကဲ့သို့ တူညီသည့် အပ်တစ်ခု အနေဖြင့် ထိန်းသိမ်းမွမ်းမံမှုများ ပြုလုပ်သည်။ Douyin ကို စိတ်ဝင်စားမှုများ ရှိလာစေရန်အတွက် တရုတ်နိုင်ငံရှိ ထင်ရှားသူ (ဆယ်လီ) များကို ငှားရမ်းကာ ကြော်ငြာမှုများ ပြုလုပ်ခဲ့သည်။[၂၈] ဥပမာအနေဖြင့် ၂၀၁၈ ခုနှစ် Spring Festival Gala တွင် ပြုလုပ်ခဲ့သည့် ကြော်ငြာလှုံ့ဆော်မှုတစ်ခုတည်းကြောင့်ပင် အသက်ဝင်အသုံးပြုလျက်ရှိသည့် အသုံးပြုသူသည် နေ့စဉ် ၇၀ မီလီယံအထိ ရှိလာခဲ့သည်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် Douyin သည် Modern Skyto monetize music နှင့်အတူ မိတ်ဖတ်အဖြစ် ထုတ်ဖော်ပြောကြားခဲ့သည်။[၂၉][၃၀]

အင်္ဂါရပ်များ ပြင်ဆင်ရန်

တစ်တော့မိုဘိုင်းအပ်သည် အသုံးပြုသူများအား မိမိကိုယ်တိုင် ဗီဒီယိုအတိုများ ပြုလုပ်နိုင်အောင် ဆောက်ရွက်ထားသည်။ ထိုဗီဒီယိုတွင် နောက်ခံတေးဂီတ ထည့်သွင်းခြင်း၊ ဗီဒီယိုကို အနှေးအမြန်ပြုလုပ်ခြင်းနှင့် အခြား filter တစ်ခုကို အသုံးပြုကာ တည်းဖြတ်နိုင်အောင် ဆောင်ရွက်ပေးထားသည်။[၃၁] ဗီဒီယို ပြုလုပ်ရာတွင် အသုံးပြုသူသည် music genres များရှိ များပြားလှသည့် ဂီတများဖြင့် နောက်ခံတေး ထည့်သွင်းခြင်း၊ filter ကို အသုံးပြုကာ တည်းဖြတ်ခြင်း၊ ဗီဒီယို၏ အလျင် (speed) ကို ချိန်၍ အနှေးအမြန် ပြလုပ်ချိန်ညှိခြင်း စသည်တို့ကို အပ်လုပ် (upload) မပြုလုပ်မီ ပြုလုပ်နိုင်သည်။ ထို့ပြင် ထိုဗီဒီယိုကို တစ်တော့နှင့် အခြားသော လူမှုပလက်ဖောင်းများသို့လည်း မျှဝေနိုင်သည်။[၃၂][၃၃][၃၄]

ဉာဏ်ရည်တု ပြင်ဆင်ရန်

တစ်တော့သည် အသုံးပြုသူများ၏ တုံ့ပြန်မှုများ၊ နှစ်သက်မှုများကို သိရှိနိုင်ရန်အတွက် ဉာဏ်ရည်တု (Artificial Intelligence) ကို အသုံးပြုထားသည်။[၃၅][၃၆]

တုံ့ပြန်မှုများ ပြင်ဆင်ရန်

တစ်တော့ကို အက်ပဲအပ်စတိုးမှ ဒေါင်းလုပ်ပြုလုပ်သည့်အရေအတွက်သည် ၂၀၁၈ ခုနှစ် ပထမနှစ်ဝက်တွင်ပင် ကမ္ဘာ့ဒေါင်းလုပ်ပြုမှုအများဆုံး ဖြစ်ခဲ့သည်။ ခန့်မှန်းခြေအားဖြင့် ဒေါင်းလုပ်ပြုလုပ်မှုသည် ၁၀၄ မီလီယမ်ကြိမ် ရှိသည်။ ထိုအရေအတွက်မှာ PUBG Mobile, ယူကျု၊ Whatsapp နှင့် အင်စတာဂရမ်တို့ကို တစ်ချိန်တည်းတွင် ကျော်ဖြတ်သွားသည့် အရေအတွက် ဖြစ်ခဲ့သည်။ လေ့လာမှုများတွင် တရုတ်နိုင်ငံ၌ တစ်နှစ်အတွင်း ဗီဒီယိုအတိုပေါင်း ၉၄.၇၉ သန်း တိုးတက်များပြားလာခဲ့သည်ဟု ပြသထားသည်။ တစ်တော့အပ်သည့် ကမ္ဘာတစ်ဝန်းရှိ လူသိများသူများ (ဆယ်လီများ) အကြားတွင် ၎င်း၏ ထင်ရှားမှု၊ လူမှုရေးလွှမ်းမိုးနိုင်မှု စသည်တို့အတွက် ထင်ရှားလာခဲ့သည်။ အနောက်နိုင်ငံများတွင် လူသိအများဆုံး virtua TikTok သို့မဟုတ် meme မှာ “hit or miss” ဖြစ်သည်။ ၎င်းကို တစ်တော့ဗီဒီယိုလေးသန်းကျော်တွင် အသုံးပြုထားကြသည်။[၃၇][၃၈][၃၉][၄၀][၄၁][၄၂][၄၃][၄၄][၄၄]

သီးသန့်တည်ရှိမှု၊ ဆိုက်ဘာအနိင်ကျင့်မှုနှင့် စွဲလမ်းမှုများ ပြင်ဆင်ရန်

အခြားသော ပလက်ဖောင်းများကဲ့သို့ပင် နိုင်ငံများစွာရှိ ဂျာနယ်လစ်များသည် အပ်နှင့်ပတ်သက်၍ သီးသန့်တည်ရှိမှုနှင့် ပတ်သက်ပြီး စိုးရိမ်မှုမြင့်တက်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ကလေးများတွင် အလွန်ရေပန်းစားလျက် ရှိသည်။ ထို့ပြင် ဖော်ပြလှစ်ပြမှုများသည် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများ ဖြစ်လာနိုင်သည့် အတွက် ဖြစ်သည်။[၄၅] [၄၅][၄၆][၄၇][၄၈]

များစွာသော အသုံးပြုသူများသည် လူမျိုးရေးအနိုင်ကျင့်အလွဲသုံးစားပြုလုပ်မှုများကို တစ်တော့ထံသို့ တိုင်ကြားမှုများ ပြုလုပ်ခဲ့ကြသည်။

အချို့သော အသုံးပြုသူများတွင် တစ်တော့အား သုံးစွဲမှုရပ်တန့်ရန် ခက်ခဲမှုပြဿနာများရှိနေသည်ကို တွေ့နိုင်သည်။ ၂၀၁၈ ခုနှစ်တွင် Douyin တွင် စွဲလမ်းမှုကို လျှော့ချပေးသည် လုပ်ဆောင်မှု (addiction – reduction feature) ကို ထည့်သွင်းပေးခဲ့သည်။ ထိုလုပ်ဆောင်မှုသည် အသုံးပြုသူအား မိနစ်ကိုးဆယ်တိုင်းတွင် တစ်ကြိမ်အနားယူရန် တိုက်တွန်းထားသည်။ ၂၀၁၈ ခုနှစ်နောက်ပိုင်းတွင် ထိုလုပ်ဆောင်ချက်ကို တစ်တော့အပ်တွင်လည်း ထည့်သွင်းပေးခဲ့သည်။[၄၉][၅၀][၅၁][၅၂]

အမေရိကန်နိုင်ငံနှင့် ပတ်သက်သည့် အမျိုးသားရေးလုံခြုံမှုဆိုင်ရာ ပြင်ဆင်ရန်

American think tank Peterson Institute for International Economics သည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင် စုံစမ်းမှုတစ်ခု၌ အနောက်နိုင်ငံများ၏ လုံခြုံရေးကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် တစ်တော့ကို ဟွာဝေးကဲ့သို့ ပြဿနာတစ်ခုအဖြစ် ဖော်ပြခဲ့သည်။ အပ်ကို စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်များတွင် တွင်ကျယ်စွာ အသုံးပြုနေခြင်းနှင့် တည်နေရာများကို သိနိုင်ခြင်း၊ ရုပ်ပုံများနှင့် မြေမျက်နှာသွင်ပြင်အချက် စသည်တို့ကို မိခင်ကုမ္ပဏီသို့ ပေးပို့နိုင်ခြင်း စသည်တို့ ပါဝင်သည်။ သို့သော် တစ်တော့သည် တရုတ်အစိုးရထံ အချက်အလက်များကို ပေးပို့မျှဝေမည် မဟုတ်ကြောင်းကို ငြင်းဆိုထားသည်။ တစ်တော့၏ မိခင်ကုမ္ပဏီဖြစ်သည့် ဘိုက်ဒန်းစ် သည် “တစ်တော့သည် တရုတ်နိုင်ငံအတွင် မရရှိနိုင်ဘဲ ၎င်း၏ အချက်အလက်များကို တရုတ်နိုင်ငံပြင်ပတွင် သိမ်းဆည်းထားသည်” ဟု Bloomberg ကို ပြောကြားခဲ့သည်။[၅၃][၅၄][၅၅]

ဆင်ဆာဖြတ်တောက်ခြင်း ပြင်ဆင်ရန်

၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် တစ်တော့ကို အင်ဒိုနီးရှားနိုင်ငံအစိုးရသည် ကာမရာဂဖြစ်စေခြင်း၊ မသင့်လျော်သည့် အကြောင်းအရာများနှင့် ဆဲရေးတိုင်းထွာခြင်း စသည်တို့ဖြင့် ကြေညာစွပ်စွဲကာ ပိတ်ပင်ခဲ့သည်။ မကြာမီပင် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့တွင် ထိုပိတ်ပင်တားမြစ်မှုကို ဖယ်ရှားပေးခဲ့သည်။[၅၆][၅၇][၅၈][၅၉][၆၀][၅၇][၅၆]

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင်ဘင်္ဂလားဒေ့ရှ်အစိုးရသည် တစ်တော့အပ်အား အင်တာနက်ရယူအသုံးပြုခွင့် ပိတ်ပင်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် Douyin ကို တရုတ်မီဒီယာစောင့်ကြည့်လေ့လာသည့်အဖွဲ့အစည်းက အပျိုဖော်အရွယ်ကိုယ်ဝန်ရှိခြင်းကဲ့သို့သော သရုပ်ဖော်ဗီဒီယိုများကဲ့သို့သော ခွင့်မပြုနိုင်သည့်အကြောင်းအရာများကို ပြသမှုအတွက် အပြစ်ပေးခဲ့သည်။[၆၁][၆၀]

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် များစွာသော အိန္ဒိယနိုင်ငံရှိ နိုင်ငံရေးသမားများသည် တစ်တော့ကို တားမြစ်ရန် သို့မဟုတ် တင်းကြပ်စွာ ထိန်းသိမ်းရန် ပြောဆိုခဲ့သည်။ ဆိုက်ဘာအနိုင်ကျင့်ခံရမှု၊ လိမ်လည်ဟန်ဆောင်မှုနှင့် လိင်ပိုင်းဆိုင်ရာသရုပ်ဖော်အကြောင်းအရာတို့ ထွက်ပေါ်လာပြီးနောက်တွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။[၆၂][၆၃][၆၄]

ထိပ်တန်းအသုံးပြုသူများ ပြင်ဆင်ရန်

အောက်ပါစာရင်းတွင် Douyin တွင် သတင်းရယူသူ အများဆုံးအကောင့် ၁၀ ခုကို ဖော်ပြထားသည်။ Douyin သည် တရုတ်နိုင်ငံတွင် အသုံးပြုသည့် တရုတ်ဗားရှင်းတစ်ခု ဖြစ်ပြီး တရတ်နိုင်ငံတွင် အများဆုံး အသုံးပြုကြသည်။

သတင်းရယူသူ အများဆုံး တစ်တော့အကောင့်များ ပြင်ဆင်ရန်

သတင်းရယူသူ အများဆုံး Douyin အကောင့်များ ပြင်ဆင်ရန်

Top Douyin users (last updated 21 May 2019)
Rank User ID Followers
(millions)
Country or region
1 Dilraba Dilmurat (迪丽热巴) @274110380 54.4   တရုတ်
2 Chen He (陈赫) @191433445 54.0   China
3 Liu Erdou (会说话的刘二豆) @erdou 46.2   China
4 Yi Chan (一禅小和尚) @yichan6666 43.6   China
5 Angelababy (杨颖) @228.228 39.6   ဟောင်ကောင်
6 Chen Xiang (陈翔六点半) @cxldb001 36.2   China
7 Modern Brothers (摩登兄弟) @MD4528 35.6   China
8 He Jiong (何炅) @he.jiong 34.8   China
9 M Brother (M哥) @185625797 33.3   China
10 Feng Timo (冯提莫) @Fengtimo1219 31.4   China

တရားဝင်ထုတ်ပြန်ခြင်းများ ပြင်ဆင်ရန်

အင်ဒိုနီးရှား၏ ပိတ်ပင်မှု ပြင်ဆင်ရန်

အင်ဒိုနီးရှားသည် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် တစ်တော့အပ်ကို ယာယီပိတ်ပင်ခဲ့သည်။ ကာမရာဂဖြစ်စေရန်ပြောဆိုမှုအတွက် တရားမဝင်သည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး ပိတ်ပင်တားမြစ်ခဲ့ခြင်း ဖြစ်သည်။ အပြုသဘောမဆောင်သည့် အကြောင်းအရာများ၊ အစိုးရနှင့်ဆက်ဆံရေးရုံး ဖွင့်လှစ်ပြီးနောက် အသက်ရွယ်ဆိုင်ရာ ပိတ်ပင်ကန့်သတ်တားမြစ်မှုများ ဆောင်ရွက်ခဲ့ပြီးသည့် တစ်ပတ်ကြာပြီးနောက်တွင် အပ်အား ပိတ်ပင်မှုကို ဖယ်ရှားခဲ့သည်။[၆၅]

Tencent ၏ တရားစွဲဆိုမှု ပြင်ဆင်ရန်

၂၀၁၈ ခုနှစ်၊ ဧပြီလတွင် Douyin သည် Tencent ကို WeChat ပလက်ဖောင်းပေါ်တွင် မှားယွင်းပြီး ထိခိုက်နစ်နာစေသည့် အချက်အလက်များကို ဖြန့်ဝေသည်ဟု စွပ်စွဲကာ တရားစွဲဆိုခဲ့သည်။ ၂၀၁၈ ခုနှစ်၊ ဇွန်လတွင် Tencent သည် Toutiao နှင့် Douyin ကို ဘေဂျင်းတရားရုံးတွင် တရားစွဲဆိုခဲ့သည်။[၆၆][၆၇]

ကိုးကား ပြင်ဆင်ရန်

  1. TikTok – Real Short Videos
  2. TikTok
  3. Tik Tok – including musical.lyiTunes။ 3 August 2018 တွင် ပြန်စစ်ပြီး။
  4. TikTok is fast becoming the most popular app in the world (in en-AU) (2018-11-04)။ 2019-04-30 တွင် ပြန်စစ်ပြီး။
  5. Ltd၊ Guiding Media Pvt။ "Top 10 TikTok (Musical.ly) App Tips and Tricks" (in en-in)၊ Guiding Tech၊ 2 October 2018။ 
  6. TikTok – Apps on Google Play (in en)။ 20 November 2018 တွင် ပြန်စစ်ပြီး။
  7. "Forget The Trade War. TikTok Is China’s Most Important Export Right Now."၊ Buzz Feed News၊ 16 May 2019။ 
  8. "Tik Tok, a Global Music Video Platform and Social Network, Launches in Indonesia"။ 
  9. "How Douyin became China's top short-video App in 500 days – WalktheChat"၊ WalktheChat၊ 25 February 2018။ 
  10. "TikTok Pte. Ltd."၊ Sensortower 
  11. "Is Douyin the Right Social Video Platform for Luxury Brands? | Jing Daily" (in en-US)၊ Jing Daily၊ 11 March 2018။ 
  12. Graziani၊ Thomas (30 July 2018)။ How Douyin became China's top short-video App in 500 days (in en-US)။ 3 January 2019 တွင် ပြန်စစ်ပြီး။
  13. 8 Lessons from the rise of Douyin (Tik Tok) · TechNode (in en-US) (15 June 2018)။ 3 January 2019 တွင် ပြန်စစ်ပြီး။
  14. "Tik Tok, a Global Music Video Platform and Social Network, Launches in Indonesia" (in en-us)။ 
  15. Tik Tok, Global Short Video Community launched in Thailand with the latest AI feature, GAGA Dance Machine The very first short video app with a new function based on AI technology။ 15 March 2018 တွင် ပြန်စစ်ပြီး။
  16. Yurieff၊ Kaya (21 November 2018)။ TikTok is the latest social network sensation
  17. Alexander၊ Julia (15 November 2018)။ TikTok surges past 6M downloads in the US as celebrities join the app။ 3 January 2019 တွင် ပြန်စစ်ပြီး။
  18. Spangler၊ Todd (20 November 2018)။ TikTok App Nears 80 Million U.S. Downloads After Phasing Out Musical.ly, Lands Jimmy Fallon as Fan (in en)။ 3 January 2019 တွင် ပြန်စစ်ပြီး။
  19. The NFL joins TikTok in multi-year partnership (in en-US)။ 22 August 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2019-09-05 တွင် ပြန်စစ်ပြီး။
  20. Social-Media App Musical.ly Is Acquired for as Much as $1 Billion (9 November 2017)။
  21. ၂၁.၀ ၂၁.၁ "Social video app Musical.ly acquired for up to $1 billion"၊ Business Insider 
  22. Musical.ly Is Going Away: Users to Be Shifted to Bytedance’s TikTok Video App။ 13 August 2018 တွင် ပြန်စစ်ပြီး။
  23. Kundu၊ Kishalaya (2018-08-02)။ Musical.ly App To Be Shut Down, Users Will Be Migrated to TikTok (in en-US)။ 2019-04-30 တွင် ပြန်စစ်ပြီး။
  24. "Chinese video sharing app boost 500 monthly active users"။ 11 October 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 10 October 2018။ 
  25. "Why China's Viral Video App Douyin is No Good for Luxury | Jing Daily"၊ Jing Daily၊ 13 June 2018။ 
  26. Chen၊ Qian။ "The biggest trend in Chinese social media is dying, and another has already taken its place"၊ CNBC၊ 18 September 2018။ 
  27. TikTok surpassed Facebook, Instagram, Snapchat & YouTube in downloads last month (in en-US)။ 10 December 2018 တွင် ပြန်စစ်ပြီး။
  28. 【抖音短视频】记录美好生活-Douyin.com။ 5 January 2019 တွင် ပြန်စစ်ပြီး။
  29. You must specify archiveurl = and archivedate = when using {{cite web}}.Li၊ Wilson (13 June 2018)။ Tik Tok-The #1 App in China (THE NEXT SNAPCHAT!)။ 8 June 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  30. "Douyin launches partnership with Modern Sky to monetize music"။ 11 October 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 10 March 2018။ 
  31. "Research on TikTok APP Based on User-Centric Theory" (3 March 2019). Applied Science and Innovative Research 3 (1): 28–36. doi:10.22158/asir.v3n1p28. 
  32. Matsakis၊ Louise။ "How to Use TikTok: Tips for New Users"၊ Wired၊ 2019-03-06။ 
  33. "TikTok adds video reactions to its newly-merged app" (in en-US)၊ TechCrunch 
  34. Tik Tok lets you duet with yourself, a pal, or a celebrity (in en)။ 26 June 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 October 2019 တွင် ပြန်စစ်ပြီး။
  35. Tech in Asia – Connecting Asia's startup ecosystem (in en-US)။ 7 January 2019 တွင် ပြန်စစ်ပြီး။
  36. BeautyTech.jp (15 November 2018)။ How cutting-edge AI is making China’s TikTok the talk of town။ 7 January 2019 တွင် ပြန်စစ်ပြီး။
  37. Hou. L., M.C.A., October 2018, Graduate School, Bangkok University Study on the Perceived Popularity of Tik Tok (75pp.) Advisor: Assoc. Prof. Rose ChongpornKomolsevin, Ph.D.
  38. "J-pop song finds new life in China, a decade on"၊ Nikkei Asian Review 
  39. How Does Tik Tok Outperform Tencent’s Super App WeChat and Become One of China’s Most Popular Apps? (Part 1)
  40. Viral 'Karma's a Bitch' Meme Takes Chinese Video App by Storm
  41. Balois၊ Lim (6 April 2018)။ Enhancing that 'chin on a hand' thingy
  42. "Tik Tok, a Global Music Video Platform and Social Network, Launches in Indonesia"၊ AsiaOne 
  43. "Wannabe stars fuel video fad – SHINE"၊ SHINE 
  44. ၄၄.၀ ၄၄.၁ How TikTok Gets Rich While Paying Artists Pennies (12 February 2019)။ 20 May 2019 တွင် ပြန်စစ်ပြီး။
  45. ၄၅.၀ ၄၅.၁ Les dangers de Tik Tok pour vos enfants et comment s'en prémunir
  46. WSPA (20 September 2018)။ Tik Tok app raises concerns for young users
  47. Zhang၊ Karen။ Tik Tok, currently the world’s most popular iPhone app, under fire over lack of privacy settings – Tech News – The Star Online
  48. TikTok, the App Super Popular With Kids, Has a Nudes Problem (6 December 2018)။
  49. TikTok Creators Say They Are Being Bullied And The Company Isn't Helping
  50. Clock is ticking: Experts urge caution as popularity of TikTok surges။ 2 March 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 October 2019 တွင် ပြန်စစ်ပြီး။
  51. What is TikTok and is it safe?
  52. Lip syncing, finger dancing – Hong Kong kids go crazy for Tik Tok (19 May 2018)။
  53. The Growing Popularity of Chinese Social Media Outside China Poses New Risks in the West (11 January 2019)။
  54. News၊ Taiwan။ Report warns of security concerns amid sudden...
  55. User Data from Popular Video-Sharing App TikTok Can Be Transferred to China, Security Expert Warns (14 January 2019)။
  56. ၅၆.၀ ၅၆.၁ hermesauto (11 July 2018)။ Indonesia overturns ban on Chinese video app Tik Tok
  57. ၅၇.၀ ၅၇.၁ Chinese video app Tik Tok to set up Indonesia censor team to... (5 July 2018)။
  58. Welle (www.dw.com)၊ Deutsche။ Indonesia blocks 'pornographic' Tik Tok app – DW – 05.07.2018
  59. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named :3
  60. ၆၀.၀ ၆၀.၁ TikTok parent [[:en:ByteDance|] sues Chinese news site that exposed fake news problem]။ 22 August 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 October 2019 တွင် ပြန်စစ်ပြီး။
  61. Welle (www.dw.com)၊ Deutsche။ Bangladesh 'anti-porn war' bans blogs and Google books – DW – 25.02.2019
  62. Chinese government to start blaming social apps for what their users' post (14 January 2019)။
  63. Pentchoukov၊ Ivan။ Chinese Censors Target Short Video Apps။ Theepochtimes.com။ 1 March 2019 တွင် ပြန်စစ်ပြီး။
  64. Farewell to Concubines: China Tightens Restrictions on Short-Form Videos (18 January 2019)။
  65. "Indonesia overturns ban on Tik Tok after video streaming service agrees to increase security controls"၊ South China Morning Post၊ 11 July 2018။ 13 July 2018 တွင် ပြန်စစ်ပြီး 
  66. "Tencent and Toutiao come out swinging at each other" (in en-US)။ 11 October 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 11 October 2018။ 
  67. "Tencent sues Toutiao for alleged defamation, demands 1 yuan and apology"၊ TODAYonline။ 11 October 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 11 October 2018။