တစ်ပါတီစနစ် ဆိုသည်မှာ တိုင်းပြည်တစ်ခုကို နိုင်ငံရေး (လမ်းစဉ်) အယူအဆတစ်မျိုးတည်းကို ကျင့်သုံးရန် ပါတီတစ်ခုတည်းမှ အုပ်ချုပ်သည့်စနစ်ကို ဆိုလိုသည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရန်

ထိုစနစ်တွင် ပါတီခေါင်းဆောင်(သို့)ပါတီ၏ဗဟိုအာဏာပိုင်အဖွဲ့ ကတိုင်းပြည်အာဏာကို ဆုပ်ကိုင်ထားပြီး အုပ်ချုပ်လေ့ရှိသည်။ ထိုသို့အုပ်ချုပ်နိုင်ရန်အတွက် ၎င်းတို့နှင့် သင့်တော်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကိုလည်းရေးဆွဲ ပြဋ္ဌာန်းလေ့ရှိကြသည်။ ထို့ကြောင့် ဒီမိုကရေစီ စနစ်တွင် ကျင့်သုံးသည့်အတိုင်း လွှတ်တော်၊တရားရုံးချုပ် အစရှိသည့် အဆောက်အဦးများ၊လုပ်ငန်းတာဝန်များအားလုံး ပြည့်စုံစွာပါဝင်သော်ငြား အစစ်အမှန် အာဏာပိုင်မှာ လက်ရှိတိုင်းပြည်ကို အုပ်ချုပ်နေသည့် ပါတီသာ ဖြစ်သည်။

မြန်မာနိုင်ငံသည်လည်း ၁၉၈၈ ခုနှစ်မတိုင်မှီ ၁၉၇၄ ခုနှစ်မှ စကာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ တစ်ပါတီ တည်းက အုပ်ချုပ်ခဲ့သဖြင့် တစ်ပါတီစနစ်နှင့် အုပ်ချုပ်ခံခဲ့ရဖူးပါသည်။ ထို့အတူ ကမ္ဘာပေါ်တွင် တစ်ပါတီစနစ်ကျင့်သုံးသည့်နိုင်ငံအများစုမှာ အာဏာရှင်နိုင်ငံများ၊ဆိုရှယ်လစ်နိုင်ငံများ နှင့် ကွန်မြူနစ် နိုင်ငံများ ဖြစ်ကြသည်။

ထင်ရှားသည့် တစ်ပါတီစနစ်ကျင့်သုံးသောနိုင်ငံများ ပြင်ဆင်ရန်

တို့ဖြစ်ကြသည်။