နိုင်ငံရေးဆိုသည်မှာ (ဂရိစကား Πολιτικά ၊ အသံထွက် - politiká (ပေါ်လက်တစ်ခါ) ၊ အဓိပ္ပာယ် - "မြို့များ၏ အရေး"[ဘာသာပြန်လိုအပ်ချက် ရှိသည်] မှ ဆင်းသက်သည်) အဖွဲ့အစည်းများအတွင်း ဆုံးဖြတ်ချက်များ ပြုလုပ်ခြင်း သို့မဟုတ် ရင်းမြစ်အင်အား (သို့) ရာထူးဂုဏ် ခွဲဝေခြင်းကဲ့သို့ တစ်ဦးတစ်ယောက်ချင်းစီကြား အာဏာဆက်နွယ်ပုံများနှင့် ပတ်သက်သည့် လုပ်ဆောင်မှုများ ဖြစ်သည်။ နိုင်ငံရေးနှင့် အစိုးရတို့ကို လေ့လာသည့် လူမှုသိပ္ပံဘာသာခွဲတစ်ခုကို နိုင်ငံရေးသိပ္ပံဟု ရည်ညွှန်းသည် ။

နိုင်ငံရေးကို စနစ်တကျ စတင်လေ့လာသူများသည် ဂရိဒဿနပညာရှင်များ ဖြစ်ကြသည်။ နိုင်ငံရေးသည်လူ့အဖွဲ့အစည်းဖြင့် ဆုံးဖြတ်သော လမ်းစဉ်ဖြစ်သည်။ ဤအသုံးအနှုန်းသည် ယေဘူယျအားဖြင့် နိုင်ငံအစိုးရများ၏ လုပ်ငန်းရပ်များကို ဆိုလိုသည့် အပြင် လူသားအချင်းအချင်း ဆက်နွယ်မှု၊ ပေါင်းစပ်ဖွဲ့စည်းမှု၊ ပညာသင်ကြားမှုနှင့် ဘာသာရေး ဆိုင်ရာ လူမှုပတ်ဝန်းကျင် ကိစ္စရပ် များလည်း ပါဝင်ပတ်သက်သည်။ နိုင်ငံတစ်နိုင်ငံ၏ အကျိုးစီးပွားဖြစ်ထွန်းတိုးတက်မှု၊ ရေရှည်တည်တံ့မှုနှင့်ငြိမ်းချမ်းသာယာရေးတို့ကို ခြုံငုံဆောင်ရွက်ခြင်းကိုနိုင်ငံရေးဟုသတ်မှတ်သည်။ နိုင်ငံရေးတွင်မျှတသောသဘောထားရှိရန်အထူးလိုအပ်သည်။ မုန်းခြင်း၊ ချစ်ခြင်း၊ ပါတီစွဲ၊ လူစွဲကင်း၍ နိုင်ငံ့ကောင်းကျိုးအတွက်ဆောင်ရွက်သင့်သည်များကိုပြတ်သားစွာဆောင်ရွက်ရန်လိုအပ်သည်။ နိုင်ငံရေးတွင်

၁။ အမျိုးသားနိုင်ငံရေး

၂။ ပါတီနိုင်ငံရေး ဟူ၍အကျဉ်းမှတ်သားအပ်၏။ (စာဟောင်း)

၎င်းကို သဘောတူညှိနှိုင်းခြင်းနှင့် အကြမ်းပတမ်းမဖြစ်စေသော[၁] "နိုင်ငံ‌ရေးဖြေရှင်းချက်"နင့် ဆက်စပ်၍လည်းကောင်း၊ သို့မဟုတ် "အစိုးရတို့၏ သိပ္ပံ(သို့)အနုပညာ" ဟူ၍ လက်တွေ့သရုပ်ဖော်ခြင်း လည်းကောင်း အပြုသဘော(အကောင်းသဘော) နှင့် အသုံးပြုတတ်သော်လည်း အပျက်သဘောဆောင်သော(ဆန့်ကျင်ဘက်သဘော) ဂယက်အနက်ကို (မပါဝင်သော ရည်ရွယ်ချက် ၊ အလုပ် [ဘာသာပြန်လိုအပ်ချက် ရှိသည်] )များသောအားဖြင့် ဖြစ်သွားစေတတ်သည် ။[၂]ဥပမာအားဖြင့် ဖျက်သိမ်းရေးဝါဒီ Wendell Phillips က "ကျန်ုပ်တို့ဟာ နိုင်ငံရေးနဲ့ မကစားဘူး ၊ ကျွန်စနစ် ဆန့်ကျင်ရေးဆိုတာ ကျန်ုပ်တို့ကြားမှာ ရော်တိရော်ရော်သဘောမျိုး မဟုတ်ဘူး"ဟု ကြေညာခဲ့သည်။[၃] ၎င်းအပေါ် အမြင်သဘောထားကို နည်းမျိုးစုံဖြင့် သတ်မှတ်ရှုမြင်ကြပြီး မတူညီသည့် ချည်းကပ်မှု(ကြိုးပမ်းအကောင်အထည်ဖော်မှု)များသည် ၎င်းကို ကျယ်ပြန့်စွာ (သို့မဟုတ်) အကန့်အသတ်ဖြင့် ၊ လက်တွေ့သဘောကျကျ (သို့မဟုတ်) စံနမူနာနှင့်အညီ မည်သို့မည်ပုံ အသုံးပြုသင့်သည်နှင့် ထိပ်တိုက်တွေ့ခြင်း (သို့မဟုတ်) ပူးတွဲလုပ်ဆောင်ခြင်းတွင် ၎င်းအတွက် မည်သည်က ပိုအရေးပါသည် စသည်တို့ကြောင့် အခြေခံသဘောအားဖြင့် မတူညီသည့် အမြင်များ ရှိသည်။

တစ်စုံတစ်ဦး၏ နိုင်ငံရေးအမြင်ကို လူထုကြားတွင် ဆော်ဩဖြန့်ဝေခြင်း ၊ တခြားသော နိုင်ငံရေးအကြောင်းအရာများနှင့် ဆွေးနွေးညှိနှိုင်းခြင်းဥပဒေပြုခြင်း နှင့် ပြိုင်ဘက်ကို ပဋိပက္ခပြုခြင်းကဲ့သို့သော အကြောင်းကိစ္စများတွင် အင်အားကို အသုံးပြုခြင်းတို့ ပါဝင်သည့် များစွာသော နည်းလမ်းများကို နိုင်ငံ‌ရေးတွင် အသုံးပြုခဲ့ကြသည် ။[၄][၅][၆][၇][၈] နိုင်ငံရေးကို ရိုးရာလူ့အဖွဲ့အစည်းအတွင်းက မျိုးနွယ်စုများနှင့် လူမျိုးနွယ်စုများကဲ့သို့ ကျယ်ပြန့်သော လူမှုအဆင့်အတန်းတစ်ခုအထိမှသည် ယနေ့ခေတ် ‌ဒေသအစိုးရများ ၊ ကုမ္ပဏီများ နှင့် အချုပ်အခြာနှင့် နိုင်ငံများအတွက် အခြေခံဥပ‌ဒေများမှ နိုင်ငံတကာအဆင့်အထိ အသုံးပြုသည်။ ယနေ့ခေတ် နိုင်ငံများတွင် လူတို့သည် သူတို့၏အမြင်များကို ဖော်ပြရန် များသောအားဖြင့် နိုင်ငံရေးပါတီများကို တည်ထောင်ကြသည်။ ပါတီ၏အဖွဲ့ဝင်များသည် ဉပဒေ နှင့် ဦးဆောင်သူ အပြောင်းအလဲများကို ထောက်ပံ့ဖို့ များစွာသော ကိစ္စများနှင့် သဘောတူညီချက်များအတွက် အခြေအနေတစ်ခုထားဖို့ သဘောတူကြသည် [ဘာသာပြန်လိုအပ်ချက် ကြီးမားစွာရှိသည်] ။ ‌ရွေးကောက်ပွဲတစ်ခုသည် မတူညီသည့်ပါတီများကြား ပြိုင်ဆိုင်ခြင်း ဖြစ်သည် ။

နိုင်ငံရေးစနစ်တစ်ခုသည် လူမှုအဖွဲ့အစည်းတစ်ခုအတွင်း လက်ခံနိုင်သော နိုင်ငံရေးနည်းလမ်းများကို သတ်မှတ်သည့် အခြေခံဘောင်တစ်ခုဖြစ်သည် ။ နိင်ငံရေးအတွေးအခေါ်၏ သမိုင်းကို ‌ရှေးပဝေသဏီခေတ်သို့ နောက်ကြောင်းလိုက်ပါက အနောက်အရပ်တွင် ပလေးတိုးသမ္မတနိုင်ငံ နှင့် အရစ္စတိုတယ်နိုင်ငံရေး ၊ အရှေ့အရပ်တွင် ကွန်ဖြူးရှပ်၏ နိုင်ငံရေးစာမူများနှင့် စာဏကျအာသသျှသရ နှင့် စာဏကျနီတိ တို့ ပါဝင်သည် ။[၉]

ဝေါဟာရသမိုင်းပြင်ဆင်

အင်္ဂလိပ်စကား politics (နိုင်ငံရေး)သည် အရစ္စတိုတယ်ဂရိ politiká စကားလုံး (Πολιτικά, 'မြို့များ၏ အရေးကိစ္စ')ကို မိတ်ဆက်ပေးသော ဂန္ထဝင်အလုပ်၏ အမည် Politiká ကို အခြေခံသည် ။ ၁၅ ရာစုလယ်တွင် အရစ္စတိုတယ်၏ ထိုအရေးအသားကို ခေတ်ဦး မော်ဒန်အင်္ဂလိပ်စာ(ယနေ့ခေတ် အဂႅလိပ်စာ၏ အစ)တွင် Polettiques [sic][၁၀][၁၁] အဖြစ် သုံးနှုန်းဖော်ပြခဲ့ပြီး နောက်ပိုင်းမော်ဒန်အင်္ဂလိပ်စာတွင် Politics ဖြစ်လာခဲ့သည် ။

ဧကဝုစ်စကားလုံး politic ကို အင်္ဂလိပ်စကားတွင် ၁၄၃၀ခုနှစ်က ပထမဆုံးအသုံးပြုခဲ့ပြီး အလယ်ခေတ် ပြင်သစ်စကားလုံး politique မှ ဆင်းသက်လာကာ ဂရိစကား πολίτης (polites, 'နိုင်ငံသား')နှင့် πόλις (polis, 'မြို့')[၁၂]မှ လာသော πολιτικός (politikos)အား လက်တင်စကား ပြောင်းလဲခြင်းမှ ဖြစ်လာသော politicus [၁၃]ကို ယူထားခြင်းဖြစ်သည် ။

အဓိပ္ပာယ်သတ်မှတ်ချက်များပြင်ဆင်

  • Harold Lasswell ၏ အမြင်တွင် နိုင်ငံရေးဟူသည်မှာ "ဘယ်သူက ဘာကို ဘယ်မှာ ဘယ်လိုရ" ဖြစ်သည်။[၁၄]
  • David Easton အတွက် ၎င်းသည် "လူမှုအဖွဲ့အစည်းတစ်ခု၏ တန်ဖိုးအတွက် အာဏာခွဲဝေသတ်မှတ်ခြင်းခြင်း"အကြောင်း ဖြစ်သည်။[၁၅]
  • Vladimir Lenin အတွက် "နိုင်ငံရေးဆိုသည်မှာ စီးပွားရေးကဏ္ဍအား အကျစ်လျစ်ဆုံး ဖော်ပြခြင်း" ဖြစ်သည်။[၁၆]
  • Bernard Crick က "နိုင်ငံ‌ရေးဆိုသည်မှာ အုပ်စိုးမှု၏ သိသာသော ပုံစံဖြစ်ပြီး မတူကွဲပြားမှုများကို ဖြေရှင်းဖို့ ၊ ကွဲပြားသော အကျိုးစီးပွားနှင့် တန်ဖိုးများကို တူညီပုံစံပြုဖို့၊ ဘုံရည်မှန်းချက်ကို ရှေးရှုသောအားဖြင့် အများပြည်သူဆိုင်ရာ မူဝါဒပြုလုပ်ဖို့ လူတိုင်းဟာ အခြေခံသတ်မှတ်ချက်များနှင့် အတူတကွ ဆောင်ရွက်ပြုမူကြခြင်း ဖြစ်သည် "ဟု ရည်ညွှန်းငြင်းဆိုခဲ့သည်။[၁၇]
  • Adrian Leftwich၏ အဆိုအရ

နိုင်ငံရေးတွင် လူမှုအဖွဲ့အစည်းအတွင်း လူများသည် သူတို့၏ ဇီဝဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ ဘဝဖြစ်တည်မှုအတွက် ထုတ်လုပ်ခြင်းနှင့် မျိုးပွားခြင်းအကျိုးငှာ လူ့စွမ်းအင် ၊ သဘာဝ နှင့် တခြားသော ရင်းမြစ်များအား အသုံးချမှု ၊ ထုတ်လုပ်မှု ၊ ခွဲဝေမှုတို့ ပြုလုပ်ဖို့ စုဝေးလာကြရင်း ပူးပေါင်းဆောင်ရွက်ခြင်း ၊ ဆွေးနွေးညှိနှိုင်းခြင်း နှင့် ထိပ်တိုက်တွေ့ခြင်းစသည့် အဖြစ်အပျက်များအားလုံး ပါဝင်သည် ။ (ဘာသာပြန်လိုအပ်ချက်ရှိသည်)[၁၈]

ကြိုးပမ်းအကောင်အထည်ဖော်ခြင်းပြင်ဆင်

စိတ်ကူးများကို ရုပ်လုံးဖော်ခဲ့သော နိုင်ငံရေးအား ချည်းကပ်ခြင်း (ကြိုးပမ်းအကောင်အထည်ဖော်ခြင်း)တွင် များစွာသော နည်းလမ်းများ ရှိသည်။

ကျယ်ပြန့်စွာ (နှင့်) အကန့်အသတ်ဖြင့်ပြင်ဆင်

Adrian Leftwich သည် လူတို့၏ မည်မျှ ကျယ်ပြန့်သည် (သို့) အကန့်အသတ်ရှိသည် အပေါ် မူတည်သော သိမြင်နားလည်မှု ပါဝင်သည့်  နိုင်ငံရေးဆိုသည်ကို အခြေခံပြီး နိုင်ငံရေးအပေါ် ကွဲပြားသည့် အမြင်များအား ခွဲခြားသတ်မှတ်သည် ။[၁၉] ကျယ်ပြန့်သည့် အမြင်တွင် နိုင်ငံရေးကို လူသားများ၏ လူမှုဆက်ဆံရေးစက်ဝန်း တစ်ခုလုံးတွင် တည်ရှိသည်ဟု မြင်ပြီး အကန့်အသတ်ထားသော အမြင်တွင်မူ တစ်ခုသော အကြောင်းအရာအဖြစ် သတ်မှတ်သည်။ ဥပမာအားဖြင့် ပို၍ ဘောင်ခတ်သော နည်းတွင် နိုင်ငံရေးဆိုသည်ကို အုပ်ချုပ်ရေး၏ အဓိကအဖြစ် မြင်ကြသည် [၂၀]ကျား-မ တန်းတူအခွင့်အရေးရရှိရေး လှုပ်ရှားသူများအမြင်အရ ရိုးရာဓလေ့ထုံးတမ်းတွင် နိုင်ငံရေးအဖြစ် မသတ်မှတ်ခဲ့သည်များကိုလည်း နိုင်ငံ‌ရေးတစ်ခုအဖြစ် မြင်သင့်ဖို့ ရည်ညွှန်းနိုင်သည်။[၂၁] ဒုတိယမြောက် အမြင်ကို မိမိအရေးနှင့် အများအရေး ကိစ္စများကြား ကွဲပြားမှုကို အငြင်းပွားသည့် ပုဂ္ဂိုလ်ရေးဖြစ်သော နိုင်ငံ‌ရေး ဟူသည့် ဆောင်ပုဒ်တွင် အကျဉ်းချုပ်သည်(ဘာသာပြန်လိုအပ်ချက် ရှိသည်)။ ထိုအစား နိုင်ငံရေးဆိုသည်ကို Robert A. Dahl ငြင်းဆိုခဲ့သည့်အတိုင်း အာဏာအသုံးချမှုအဖြင့် သတ်မှတ်နိုင်သည်။[၂၂]

ကိုယ်ကျင့်တရားနှင့်ဆိုင်သော (နှင့်) လက်တွေ့တရားနှင့် ဆိုင်သောပြင်ဆင်

နိုင်ငံရေးအပေါ် အချို့သောအမြင်တွင် ၎င်းသည် အာဏာကို အသုံးပြုမှုအဖြစ် လက်တွေ့အမြင်ကျစွာ ယူဆကြ၍ အချို့သည် စံစည်းမျဉ်း သတ်မှတ်ထားသော အခြေခံများနှင့် လူမှုရေးလုပ်ဆောင်ချက်တစ်ခုအဖြစ် မြင်ကြသည်။[၂၃] ဤကွဲပြားမှုများသည် နိုင်ငံရေးဆိုင်ရာ စာရိတ္တဝါဒနှင့် နိုင်ငံရေးဆိုင်ရာ လက်တွေ့ဝါဒတို့ကြား မတူညီမှုကြောင့် ဖြစ်လာသည်။[၂၄] စာရိတ္တဝါဒီများအနေနှင့် နိုင်ငံရေးကို ကိုယ်ကျင့်တရားနှင့် နီးနီးကပ်ကပ် ဆက်နွယ်ပြီး စိတ်ကူးယဉ်ဆန်သော အတွေးနီးနီးသို့ ရောက်စေနိုင်သည်။[၂၄] ဥပမာအားဖြင့် Hannah Arendt အရ အရစ္စတိုတယ်၏ အမြင်သည် "နိုင်ငံရေးဖြစ်ဖို့ရာ အရာအားလုံးကို အကြမ်းနည်းမဟုတ်ပဲ စကားလုံးတွေ တိုက်တွန်းစည်းရုံးတာတွေနဲ့ ဆုံးဖြတ်တာကို ဆိုလိုတယ်" ဟု ဆိုစဉ် Bernard Crick အရ "နိုင်ငံရေးဆိုသည်မှာ လွတ်လပ်တဲ့ လူမှုအသိုင်းအဝိုင်းကို အုပ်စိုးခံရခြင်းဖြစ်စေသည့်နည်း ဖြစ်သည်။ နိုင်ငံရေးဆိုတာ နိုင်ငံရေးဖြစ်ပြီး တခြားသော အုပ်ချုပ်မှုပုံစံတွေက တခုခုဖြစ်သည်"[၂၅] ဟု ဆိုသည်။ ဆန့်ကျင်ဘက်အားဖြင့် လက်တွေ့ဝါဒီများအတွက် - Niccolò MachiavelliThomas Hobbes နှင့် Harold Lasswel တို့နည်းတူ - နိုင်ငံရေးဆိုသည်မှာ အာဏာကို အသုံးချခြင်း ၊ (ရည်ရွယ်ချက်)ပန်းတိုင် မည်သည်ကိုမဆို လိုက်လုပ်ခြင်းတို့အပေါ် အခြေခံသည်ဟု မြင်ကြသည် ။[၂၆][၂၄]

ထိပ်တိုက်တွေ့စွာ (နှင့်) ပူးပေါင်းလုပ်ဆောင်၍ပြင်ဆင်

နိုင်ငံရေး၏ ပဋိပက္ခများမှလာသည့် ကောင်းသော ရလဒ်ကို အသားပေးသူများကတော့ နိုင်ငံ‌ရေးဆိုသည်မှာ အမှန်တကယ်တော့ ကွဲပြားဆန့်ကျင်သော အကျိုးစီးပွားများကြား ထိပ်တိုက်တွေ့လာမှုမှ လာခြင်းဖြစ်သည်ဟု ငြင်းဆိုသည်။[၂၇]  နိုင်ငံရေးသိပ္ပံပညာရှင် Elmer Schattschneider ကလည်း "နိုင်ငံရေးအားလုံးရဲ့ အဓိကအကြောင်းအရင်းမှာတော့ ပဋိပက္ခများရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘာသာစကားတည်ရှိပါတယ်" ဟု ငြင်းဆိုကာ Carl Schmitt အတွက်ကတော့ နိုင်ငံရေးရဲ့ တည်ရှိနေမှုဟာ ရန်သူ မိတ်ဆွေ ကွဲပြားခြားနားစေမှု ဖြစ်သည် ။[၂၈] ဤအကြောင်းအရာသည် အရစ္စတိုတယ် နှင့် Crick တို့၏ ပိုမို၍ ပူးပေါင်းဆောင်ရွက်စေသော အမြင်ရှိသည့် နိုင်ငံရေးနှင့် ဆန့်ကျင်ဘက် ဖြစ်သည် ။ သို့သော် အစွန်းများကြား ပိုမို‌သမကျသော အမြင်ကို အိုင်းရစ် နိုင်ငံရေးသိပ္ပံပညာရှင် Michael Laver က အောက်ပါ မှတ်ချက်ဖြင့် ပြသခဲ့သည် -

နိုင်ငံ‌ရေးဆိုသည်မှာ ထိပ်တိုက်တွေ့ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများ ရော‌နှောထားသော ဝိသေသဖြစ်ပြီး လူသားတွေရဲ့ အပြန်အလှန် အကျိုးပြုတုံ့ပြန်ပုံများမှာ များသောအားဖြင့်‌ ရှာတွေ့နိုင်သည် ။ ထိပ်တိုက်တွေ့မှုသက်သက်သည် စစ်ပွဲဖြစ်သည် ။ ပူးပေါင်းဆောင်ရွက်မှုသက်သက်သည် အမှန်အကန် ချစ်ခင်ရင်းနှီးခြင်းဖြစ်သည် ။ နိုင်ငံရေးက နှစ်ခုလုံးကို ရောထားခြင်းဖြစ်သည် ။[၂၉]

သမိုင်းကြောင်းပြင်ဆင်

‌နိုင်ငံ‌ရေး၏ သမိုင်းကြောင်းသည် လူ့သမိုင်းကြောင်းတလျှောက် လွှမ်းခြုံခဲ့ပြီး ယနေ့ခေတ် အစိုးရအဖွဲ့အစည်းများအတွက်သာ သတ်မှတ်ထားခြင်း မဟုတ်ပါ။

သမိုင်းဦးမတိုင်မီခေတ်ပြင်ဆင်

Frans de Waal က ချင်ပန်ဇီများသည်လည်းပဲ ဩဇာလွှမ်းမိုးသော နေရာများကို ကာကွယ်ဖို့နှင့် ထိန်းသိမ်းဖို့ အချင်းချင်းကြား ခြယ်လှယ်တတ်သော နည်းဖြင့် နိုင်ငံရေးကို စိတ်ဝင်စားသည်ဟု ဆိုသည် ။[၃၀] လူသားများ၏ ရှေးကျသော လူမှု့အဖွဲ့အစည်းများဖြစ်သည့် အစုအဖွဲ့နှင့် မျိုးနွယ်စုများတွင် ဗဟိုဆန်သော နိုင်ငံရေးဖွဲ့စည်းတည်ဆောက်ပုံ ကင်းမဲ့ခဲ့သည် ။[၃၁] ဤအကြောင်းကို တခါတရံ နိုင်ငံမဲ့ လူ့အဖွဲ့အစည်များအဖြစ် ညွှန်းဆိုသည် ။

အစောဆုံး နိုင်ငံများပြင်ဆင်

‌ရှေးဦးသမိုင်း‌တွင် လူမှုယဉ်ကျေးမှုရှိသော အဖွဲ့အစည်းများ၌ ယနေ့ခေတ် နိုင်ငံများကဲ့သို့ သတ်သတ်မှတ်မှတ်ရှိသော နယ်နိမိတ်များ မရှိခဲ့ကာ သူတို့၏ နယ်နိမိတ်ဆုံးသော နေရာများကို နယ်စပ်ဒေသများအဖြစ် ရှင်းရှင်းလင်းလင်း ဖော်ပြနိုင်သည် [ဘာသာပြန်လိုအပ်ချက်ရှိသည်]အစောဆုံး ဆူမား မင်းဆက်နှင့် အစောဆုံး အီဂျစ် မင်းဆက်သည် နယ်နိမိတ်များ သတ်မှတ်သော လူမှုယဉ်‌ကျေးမှုနှင့် အဖွဲ့အစည်းတွင် ပထမဆုံးဖြစ်သည် ။ ထို့အပြင် ၁၂ ရာစုအထိ လူအများစုသည် နိုင်ငံမရှိသော လူ့အဖွဲ့အစည်းတွင် နေထိုင်ခဲ့သည် ။ ထိုအကြောင်းအရာသည် နှိုင်းယှဉ်သဘော၌ သာတူညီမျှရှိသော အစုအဖွဲ့များနှင့် မျိုးနွယ်စုများမှ ရှုပ်ထွေး၍ အဆင့်မြင့်မြင့် အဆင့်အတန်းခွဲခြားသတ်မှတ်သည့် မျိုးနွယ်ခေါင်းဆောင်ဦးစီးသော နယ်များအဖြစ် ကဏ္ဍအမျိုးမျိုး ရှိသည်။  

နိုင်ငံတည်ထောင်ခြင်းပြင်ဆင်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - State formation (နိုင်ငံတည်ထောင်ခြင်း)

‌အစောဆုံး နိုင်ငံဒေသထူထောင်ခြင်းနှင့်ဆက်စပ်၍ တချို့သော နေရာများတွင် နိုင်ငံဒေသကို တည်ထောက်ကြပြီး တချို့တွင် မရှိကြသည်ကို ယေဘုယျကျကျရှင်းပြနိုင်ဖို့ များစွာသော သီအိုရီများနှင့် အဆိုကြမ်းများ ရှိသည်။ တခြားသော လေ့လာသူများက ယေဘုယျအကြောင်း ရှာခြင်းသည် အကူအညီမဖြစ်၍ အစောဆုံးနိုင်ငံတည်ထောင်မှုများအတွက် သူတို့ပုံစံနှင့် သူတို့သတ်မှတ်သင့်သည် ဟု ယုံကြည်ကြသည်။ [၃၂]

စိတ်ဆန္ဒဖြင့် ဖြစ်ခြင်းဆိုင်ရာ သီအိုရီများ[ဘာသာပြန်လိုအပ်ချက် ရှိသည်]တွင် ကွဲပြားသည့် အဖွဲ့အစည်းများမှ လူများသည် နိုင်ငံများကို တည်ထောင်လာကြသောအခါ အကျိုးသင့်အကြောင်းသင့် ခွဲဝေယူကြသည့် အကျိုးကိစ္စများ ရလာကြသဖြင့် ဖြစ်သည်ဟု အခိုင်အမာပြောသည် ။[၃၃] ထိုသီအိုရိများသည် စိုက်ပျိုးရေးတွင် ဖွံ့ဖြိုးတိုးတက်လာမှု နှင့်အတူ နိုင်ငံတည်ထောင်ခြင်းကြောင့် အကျိုးအကြောင်းဖြစ်လာသော လူဦးရေနှင့် အသိုင်းအဝိုင်းဖိအားများကို အာရုံအများဆုံး ထားကြသည် ။ အစောဆုံးနှင့် အဓိကကျဆုံး နိုင်ငံတည်ထောင်ခြင်းအကြောင်း အထင်ရှားဆုံးသီအိုရီများမှ တစ်ခုမှာ ဟိုက်ဒရောလစ် အဆိုကြမ်း ဖြစ်သည် ၊ ၎င်းက နိုင်ငံဆိုသည်မှာ အရွယ်အစားကြီးသော ဆည်မြောင်းအစီအမံများ တည်ဆောက်ရန်နှင့် ထိန်းသိမ်းဖို့အတွက် ဖြစ်သည်ဟု အခိုင်အမာ ပြောသည် ။

ကွဲပြားဆန့်ကျင်ခြင်းဆိုင်ရာ သီအိုရီများတွင် အချို့သော လူအုပ်စုက တခြားသော လူအုပ်စုအပေါ် ပဋိပက္ခနှင့် လွှမ်းမိုးမှုသည် နိုင်ငံဖြစ်ပေါ်ခြင်း၏ အဓိကအချက်ဖြစ်သည်ဟု သဘောထားသည် ။[၃၃] စိတ်ဆန္ဒဖြင့် ဖြစ်ခြင်း သီအိုရီများနှင့် ဆန့်ကျင်ဘက်ဖြစ်သည်က ၎င်းဖော်ပြချက်များသည် လူများက အကျိုးကျေးဇူးအများဆုံး ရရန်အတွက် နိုင်ငံကို တည်ထောင်ဖို့  ကိုယ်ပိုင်စိတ်ဆန္ဒနှင့် သဘောတူခဲ့ကြ၍ မဟုတ်သော်လည်း အုပ်စုတစ်ခုက တခြားအပေါ် ဖိနှိပ်မှုတစုံတရာကြောင့် နိုင်ငံတည်ထောင်သည်ဟု ယုံကြသည် ။ တချို့သော သီအိုရီများအကြောင်းတွင် စစ်ပွဲများသည် နိုင်ငံဖြစ်ပေါ်ခြင်းအတွက် အလွန်အရေးပါခဲ့သည်ဟု ဆိုကြသည်။[၃၃]

ရှေးခေတ် သမိုင်းပြင်ဆင်

ပထမဆုံးသော နိုင်ငံအမျိုးအစားများသည် ခန့်မှန်းခြေ ဘီစီ ၃၀၀၀ ဝန်းကျင်ခန့်က အွရ်ခ်ခေတ်[ဘာသာပြန်လိုအပ်ချက် ရှိသည်] နှင့် မင်းဆက်အစောပိုင်း အီဂျစ်‌ခေတ်တို့တွင် ပေါ်ပေါက်ခဲ့သော အစောဆုံး ဆူမားမင်းဆက်နှင့် အစောဆုံး အီဂျစ်မင်းဆက်တို့၏ နိုင်ငံများ ဖြစ်သည် ။[၃၄] အစောဆုံးအီဂျစ်မင်းဆက်နိုင်ငံသည် အာဖရိကတိုက်အရှေ့မြောက်အရပ်က နိုင်းမြစ်တဝှမ်း တည်ရှိပြီး ဘုရင့်နိုင်ငံ၏ နယ်နိမိတ်များသည် နိုင်းမြစ်ပတ်လည်တွင် အခြေပြုကာ အိုအေစစ်တည်ရှိသောနေရာအထိ ဖြန့်ကျက်သည် ။[၃၅] အစောဆုံးဆူမားမင်းဆက်နိုင်ငံသည် မက်ဆိုပိုတေးမီးယား တောင်ဘက်တွင် တည်ရှိပြီး ၎င်း၏ နယ်နိမိတ်သည် ပါရှမ်းပင်လယ်ကွေ့မှ ယူဖရေးတီးနှင့် တိုင်းဂရပ်မြစ်များအထိ ကျယ်ပြန့်သည် ။[၃၄]

နိုင်ငံပုံစံများသည် ရှေးခေတ် ဂရိအင်ပါယာ ပေါ်ထွန်းခဲ့သော အချိန်ထက် စောစွာ တည်ရှိခဲ့သော်လည်း ဂရိများသည် နိုင်ငံ၏ နိုင်ငံရေးဆိုင်ရာ အတွေးအခေါ်များကို ရှင်းလင်းစွာ ဖော်ထုတ်ခဲ့ပြီး အကျိုးအကြောင်း စိစစ်ပိုင်းခြားထားသော နိုင်ငံ‌ရေးဆိုင်ရာ အဖွဲ့အစည်းများရှိသည့် ပထမဆုံးလူများဖြစ်သည် ။ ၎င်းကို ဦးတည်၍ နိုင်ငံများကို ဘာသာရေးဆိုင်ရာ ဒဏ္ဍာရီပုံစံများ တစ်ခုအဖြစ် ကျိုးကြောင်းပြကာ ဖော်ညွှန်းကြသည် ။[၃၆]

ရှေးဟောင်းဂရိ / ရောမခေတ်၏ နိုင်ငံရေးဆိုင်ရာ အရေးပါသော ဆန်းသစ်မှုအမြောက်အမြားသည် ဂရိ မြို့နိုင်ငံများ (polis - ပိုးလစ်) နှင့် ရောမ အဖွဲ့အစည်းဦးဆောင်နိုင်ငံ[ဘာသာပြန်လိုအပ်ချက် ရှိသည်] များမှ လာသည် ။ (၄)ရာစုခေတ် ဂရိ မြို့နိုင်ငံများသည် သူတို့၏ လွတ်လပ်သော ပြည်သူတို့အား နိုင်ငံသားအခွင့်အရေးကို အာမခံပေးသည် ၊ အေသင်တွင် ထိုအခွင့်အရေးများသည် နိုင်ငံရေးအတွေးအခေါ်နှင့် သမိုင်းတလျှောက် သက်တမ်းရှည်ကြာခဲ့သော တိုက်ရိုက်‌ရွေးကောက်တင်မြှောက်သော အစိုးရပုံစံတစ်ခုနှင့်အတူ ပေါင်းစပ်ထားသည် ။[ကိုးကားချက်လိုသည်]

ယနေ့ခေတ်ပြင်ဆင်

 
အမျိုးသမီး မဲဆန္ဒရှင်များ ပါဝင်လာပုံ (၁၉၃၅)

‌ဝက်စ်ဖယ်လီယာငြိမ်းချမ်းရေး(၁၉၄၈)သည် နိုင်ငံရေးသိပ္ပံပညာရှင်များအတွက် ပြင်ပအင်အားများသည် တခြားနိုင်ငံများ၏ ပြည်တွင်းရေးကိစ္စများကို ဝင်ပါခြင်းမှ ရှောင်ရှားသင့်သည်ဟု ပါဝင်သော ခေတ်သစ် နိုင်ငံတကာစနစ်၏[၃၇][၃၈][၃၉] အစ ဖြစ်သည်ဟု ယူဆကြသည် ။[၄၀] တခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ကြားမဝင်ခြင်း စည်းမျဉ်းကို ဆွဇ်တရားသူကြီး Emer de Vattel က (၁၈)ရာစုအလယ်တွင် တင်သွင်းခဲ့သည် ။[၄၁] အစိုးရသည် အဖွဲ့ဝင် နိုင်ငံချင်း ဆက်ဆံရေးတွင် အဓိကကျသော ကိုယ်စားလှယ်အဖွဲ့အစည်များ ဖြစ်လာခဲ့သည် [ဘာသာပြန်လိုအပ်ချက် ရှိသည်] ။ ဝက်စ်ဖယ်လီယာငြိမ်းချမ်းရေးသည် ဥရောပနိုင်ငံများတွင် နိုင်ငံဖြတ်ကျော် အာဏာတည်ခြင်းကို ပြဋ္ဌာန်းမည့် ကြိုးပမ်းမှုများကို အဆုံးသတ်စေခဲ့သည်ဟု ပြောနိုင်သည် ။ အစိုးရများက လွတ်လပ်သော ကိုယ်စားလှယ်များဖြစ်စေသည့် ဝက်စ်ဖယ်လီယန်း အယူအဆကို ဘာသာစကားနှင့် ယဉ်ကျေးမှုများဖြင့် ပေါင်းစည်းထားသော လူ့အဖွဲ့အစည်းများဖြစ်သည့် လူမျိုးများနှင့် လိုက်လျောညီထွေသော တရားဝင် နိုင်ငံများအောက်မှ ၁၉ ရာစုတွင် အားကောင်းလာသော အမျိုးသားရေးဝါဒက အားပေးထောက်ပံ့ခဲ့သည် ။[၄၂][ဘာသာပြန်လိုအပ်ချက် ရှိသည် ၊ ရောထွေးမှု ရှိသည်]

၁၈ ရာစုအတွင်း ဥရောပတွင် လူမျိုးတူစု မဟုတ်သည့် ခေတ်ဟောင်း နိုင်ငံများသည် ဩစတြီးယန်း အင်ပါယာပြင်သစ်ဘုရင့်နိုင်ငံဟန်ဂေရီဘုရင့်နိုင်ငံ[၄၃]ရုရှားအင်ပါယာစပိန်အင်ပါယာအော်တိုမန်အင်ပါယာ နှင့် ဗြိတိသျှအင်ပါယာကဲ့သို့သော လူမျိုးစုံပါ အင်ပါယာများ ဖြစ်ကြသည် ။ ထိုကဲ့သို့ အင်ပါယာများသည် အာရှ ၊ အာဖရိကနှင့် အမေရိကတို့တွင်လည်း တည်ရှိခဲ့ပြီး မူစလင်ကမ္ဘာတွင် ၆၃၂ က မိုဟာမတ်၏ အလ္လာဟ် အရှင်မြတ် အမိန့်တော်ကို ခံယူသွားပြီး များမကြာမီ လူမျိုးစုများစွာနှင့် နိုင်ငံပေါင်းစုံပါ အင်ပါယာများ[၄၄]အဖြစ် တည်ထောင်ခဲ့သည့် ကလီဖား များကို အစပြုခဲ့သည် ။ နိုင်ငံပေါင်းစုံပါ အင်ပါယာများကို ဘုရင် ၊ ဧကရာဇ် (သို့) ဆူလ်တန်က အုပ်ချုပ်သော အကြွင်းမဲ့သက်ဦးဆံပိုင်စနစ်ဖြစ်သည် ။ နေထိုင်သူများတွင် များစွာသော လူမျိုးစုအဖွဲ့များ ပါခဲ့ပြီး ဘာသာစကားများစွာကို ပြောကြသည် ။ အင်ပါယာတွင် လူမျိုးစုတစ်ခုက လွှမ်းမိုးခဲ့ပြီး သူတို့၏ဘာသာစကားသည် အမြဲလိုလိုပင် အများပြည်သူအုပ်ချုပ်ရေး၏ ဘာသာစကားဖြစ်ရသည် ။ အုပ်ချုပ်သူ မင်းဆက်သည် အမြဲတမ်းမဟုတ်သော်လည်း များသောအားဖြင့် ထိုလူမျိုးစုမှ လာသည် ။ တချို့သော ဥရောပနိုင်ငံငယ်များတွင် လူမျိုးများ ကွဲပြားမှု သိပ်မရှိသော်လည်း တော်ဝင်အိမ်က အုပ်ချုပ်သော မင်းနိုင်ငံများ ဖြစ်ခဲ့သည် ။ သီးခြား မင်းသားအုပ်ချုပ်သည့် နိုင်ငံများဖြစ်သော လစ်တန်စတိန်းအင်ဒိုရာမိုနာကို နှင့် ဆန်မာရီနို သမ္မတနိုင်ငံများကဲ့သို့  နိုင်ငံငယ် အနည်းငယ်သာ ကျန်ရှိခဲ့သည် ။

အများစုသော သီအိုရီများသည် လူမျိုးနိုင်ငံများကို အစိုးရက ပြဋ္ဌာန်းသော ပညာရေး ၊ အမြောက်အမြား စာတတ်ရေး နှင့် ကျယ်ပြန့်သော မီဒီယာကဏ္ဍတို့ ဖွံ့ဖြိုးလာမှုကို ဖြစ်မြောက်လာစေသော ၁၉ ရာစု ဥရောပ၏ ဖြစ်စဉ်တစ်ခုအဖြစ် မြင်ကြသည် ။ သို့သော် သမိုင်းပညာရှင်များက[ဘယ်သူကလဲ?] ပေါ်တူဂီနှင့် ဒတ်ရှ် ရီပက်ဘလစ်နိုင်ငံတို့တွင် နှိုင်းယှဉ်သဘောအရ ပိုမိုစည်းလုံးသော နိုင်ငံနှင့် ကိုယ်ပိုင်လက္ခဏာများ စောစွာ ပေါ်ပေါက်လာပုံကိုလည်း မှတ်ချက်ထားကြသည်[၄၅]Steven WeberDavid WoodwardMichel Foucault နှင့် Jeremy Black တို့ကဲ့သို့ လေ့လာသူများက "လူမျိုးနိုင်ငံများသည် နိုင်ငံရေးစဉ်းစားဉာဏ် သို့မဟုတ် ခွဲခြမ်းစိတ်ဖြာခြင်းမပြုရသေးသည့် အကြောင်းအရင်းကြောင့် ပေါ်ထွန်းလာခြင်းမဟုတ်သလို သမိုင်း (သို့) နိုင်ငံရေးဆိုင်ရာ တီထွင်မှုတစ်ခု၏ မတော်တဆမှုကြောင့် ဖြစ်လာခြင်းလည်း မဟုတ်"ဟူသော အဆိုကြမ်းကို အဆင့်မြှင့်ခဲ့သည် [၄၆][၃၃][၄၇]။ ထို့ထက် လူမျိုးနိုင်ငံများသည် ၁၅ ရာစု၏ နိုင်ငံရေးဆိုင်ရာ စီးပွားရေးအရင်းရှင်စနစ်ကုန်သွယ် အကျိုးအမြတ်ရှာစနစ်ပထဝီနိုင်ငံရေးတို့နှင့်အတူ ပထဝီဘာသာရပ်တွင်[၄၈][၄၉] မြေပုံဆွဲပညာ[၅၀][၅၁]နှင့် မြေပုံပြုလုပ်သည့် နည်းပညာများ တိုးတက်လာမှုတို့တွင် အသိပညာဆိုင်ရာ ရှာဖွေတွေ့ရှိမှုများ၏ မရည်ရွယ်သော အကျိုးဆက်တစ်ခုဖြစ်သည်ဟု ဆိုသည်။[၅၂]

ဂျာမနီနှင့် အီတလီကဲ့သို့ အချို့လူမျိုးနိုင်ငံများသည် ၁၉ ရာစုအတွင်း အမျိုးသားရေးဝါဒသမားများက ပြုလုပ်သော နိုင်ငံရေးရည်မှန်းချက်များမှ တစိတ်တပိုင်းအားဖြင့် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည် ။ ဖြစ်စဥ်နှစ်ခုလုံးတွင် နိုင်ငံ့နယ်မြေသည် အခြားသော နိုင်ငံများနှင့် ခွဲဝေထားခဲ့ပြီး တချို့မှာ အလွန်သေးငယ်သည် ။ လစ်ဘရယ် အယူအဆဖြစ်သည့် လွတ်လပ်စွာ ကုန်သွယ်ခွင့်သည် အကောက်ခွန်နှုန်းသဘောတူ နိုင်ငံများအဖွဲ့ [ဘာသာပြန် လိုအပ်ချက် ရှိသည်] Zollverein (အသံထွက် - ဇိုလ်ဗအမ်း အသံထွက်လိုအပ်ချက် ရှိသည်)မှ အစပြုသော  ဂျာမနီပြန်လည်ပေါင်းစည်းရေးတွင် အခန်းကဏ္ဍတစ်ခု ဖြစ်ခဲ့သည် ။ နိုင်ငံအဆင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး‌ခြင်းသည် အမေရိကန်ပြည်ထောင်စုသမ္မတ ဝုဒ်ရိုး ဝီလ်ဆင်အချက် (၁၄)ချက်တွင် အဓိကရှုထောင့်ဖြစ်၍ ပထမကမ္ဘာစစ်ပြီးနောက် သြစတြီးယား-ဟန်ဂေရီအင်ပါယာနှင့် အော်တိုမန်အင်ပါယာတို့ ပြိုကွဲခြင်းကို ဖြစ်စေခဲ့သော်ငြား ရုရှားပြည်တွင်းစစ်ပြီးနောက်ဖြစ်သော ရုရှားအင်ပါယာသည် ဆိုဗီယက်ပြည်ထောင်စု ဖြစ်လာခဲ့သည် ။ ကိုလိုနီပြုခြင်းအား ဖျက်သိမ်းခြင်းသည် တတိယနိုင်ငံများမှ လူမျိုးစုံအင်ပါယာများနေရာတွင် နိုင်ငံအသစ်များ တည်ထောင်ခြင်းကို ဖြစ်စေခဲ့သည်။

ဂလိုဘယ်လိုင်ဇေးရှင်းပြင်ဆင်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - Political globalization

နိုင်ငံရေးဆိုင်ရာ ကမ္ဘာမှုပြုခြင်းသည် ၂၀ ရာစုနှစ်အတွင် နိုင်ငံတကာအစိုးရအဖွဲ့အစည်းများနှင့် နယ်နိမိတ်‌ကူးလူးသော နိုင်ငံများသမဂ္ဂတို့မှ စတင်သည် ။ နိုင်ငံပေါင်းချုပ်အသင်းသည် ပထမကမ္ဘာစစ်ပြီးနောက် တည်ထောင်ခဲ့ပြီး ဒုတိယကမ္ဘာစစ်ပြီးနောက်တွင် ကမ္ဘာ့ကုလသမဂ္ဂက နေရာယူသည် ။ မြောက်မြားစွာသော နိုင်ငံတကာသဘောတူစာချုပ်များသည် ထိုအဖွဲ့အစည်းမှတဆင့် ချုပ်ဆိုခဲ့သည် ။ ဒေသတွင်းပေါင်းစည်းခြင်းများကို အာဖရိကသမဂ္ဂအာဆီယံဥရောပသမဂ္ဂနှင့် မာကိုဆာတို့က လုပ်ဆောင်ခဲ့သည် ။ နိုင်ငံတကာအဆင့်မှ နိုင်ငံတကာဆိုင်ရာ နိုင်ငံရေးအဖွဲ့အစည်းများတွင် အပြည်ပြည်ဆိုင်ရာ တရားရုံးအပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ နှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်းတို့ ပါဝင်သည် ။

နိုင်ငံရေးသိပ္ပံပြင်ဆင်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - နိုင်ငံရေးသိပ္ပံ

 
ပလေးတိုး (ဝဲ) နှင့် အရစ္စတိုတယ် (ယာ), ရာဖယ်၏ နံရံဆေးရေးပန်ချီဖြစ်သော အေသင်ကျောင်းတော် မှ အသေးစိတ်ပုံတစ်ခု ဖြစ်သည် ။ ပလေးတိုး၏ သမ္မတနိုင်ငံ နှင့် အရစ္စတိုတယ်၏ နိုင်ငံရေး တို့သည် ထိုဂရိအတွေး‌အခေါ်ပညာရှင်နှစ်ဦးအား သြဇာလွှမ်းမိုးသော နိုင်ငံရေးအတွေးအခေါ်ပညာရှင်များအဖြစ် ‌ရောက်စေခဲ့သည် ။

နိုင်ငံရေးအား လေ့လာမှုကို နိုင်ငံရေးသိပ္ပံ သို့မဟုတ် နိုင်ငံရေးဗေဒ ဟု ခေါ်သည် ။ ၎င်းတွင် အရည်အတွက်များစွာသော ဘာသာရပ်ခွဲများရှိပြီး ယှဥ်ပြိုင်ခြင်း နိုင်ငံရေး [ဘာသာပြန် လိုအပ်ချက် ရှိသည်]နိုင်ငံရေးဆိုင်ရာ စီးပွားရေးနိုင်ငံတကာဆက်ဆံရေးနိုင်ငံရေးဒဿနဗေဒအများပြည်သူဆိုင်ရာ စီမံခန့်ခွဲရေးအများပြည်သူဆိုင်ရာ မူဝါဒလိင်ကွဲပြားမှုနှင့် နိုင်ငံရေး နှင့် နိုင်ငံရေးဆိုင်ရာ နည်းပညာတို့ ပါဝင်ပတ်သက်သည် ။ ထို့အပြင် နိုင်ငံရေးသိပ္ပံသည် ဘောဒဗေဒဥပဒေလူမှုဗေဒသမိုင်းဒဿနပထဝီစိတ်ပညာ / စိတ်‌ဆေးပညာမနုဿဗေဒနှင့် အာရုံကြောသိပ္ပံ နယ်ပယ်များမှ ဆက်နွယ်သလို ထုတ်နုတ်မှုများလည်း ရှိသည် ။

နှိုင်းယှဥ်နိုင်ငံရေးသည် အမျိုးစုံသော အခြေခံဥပ‌ဒေများ ၊ နိုင်ငံရေးလုပ်ဆောင်သူများ ၊ ဥပဒေပြုလွှတ်တော်များ နှင့် သက်ဆိုင်ရာနယ်ပယ်များအကြောင်းကို ပြည်တွင်းပြည်ပအမြင်ဖြင့် သင်ကြားခြင်းနှင့် နှိုင်းယှဥ်ခြင်းဆိုင်ရာ သိပ္ပံဖြစ်သည် ။ နိုင်ငံတကာဆက်ဆံ‌ရေးသည် နိုင်ငံ-ပြည်နယ်များကြားတွင် လုပ်‌ဆောင်သကဲ့သို့ နိုင်ငံတကာအစိုးရများနှင့် နိုင်ငံဖြတ်ကျော် အဖွဲ့အစည်းများကြားတွင်လည်း ပတ်သက်သည် ။ နိုင်ငံရေးဒဿနသည် ဂန္တဝင်နှင့် ခေတ်ပြိုင် တွေးခေါ်ရေးသမားများ ၊ ဒဿနပညာရှင်များ၏ ဆွေးနွေးဖော်ပြမှုများနှင့် ပို၍ ပတ်သတ်သည် ။

နိုင်ငံရေးသိပ္ပံသည် နည်းပညာအားဖြင့် စိတ်ပညာလူမှုသုတေသန နှင့် အသိအတွေးအာရုံကြောသိပ္ပံ တို့မှ မြစ်ဖျားခံသော နည်းလမ်းများနှင့် ကွဲပြားသလို ဆက်စပ်မှုလည်း ရှိသည် ။ ချည်းကပ်လုပ်ဆောင်မှုများတ္ငင် ယထာဘူတဝါဒ (နည်းပညာတစ်ခုခုအားဖြင့် လက်တွေ့ပြနိုင်မှ လက်ခံသော အယူ[ဘာသာပြန်လိုအပ်ချက် ရှိသည်])သရုပ်ပြုသည့် လူ့လောကဝါဒ[ဘာသာပြန်လိုအပ်ချက် ရှိသည်] ၊  အကျိုးအကြောင်းနှင့် ‌ရွေးချယ်ခြင်း သီအိုရီအပြုအမူခွဲခြမ်းစိတ်ဖြာဝါဒ[ဘာသာပြန်လိုအပ်ချက် ရှိသည်]ဆက်နွယ်လေ့လာခြင်းစနစ် [ဘာသာပြန်လိုအပ်ချက် ရှိသည်]မူလက ခွဲထွက်သော ဆက်နွယ်လေ့လာခြင်းစနစ်လက်တွေ့ဆန်ဝါဒအဖွဲ့အစည်းစနစ် နှင့် မတူယှဥ်တွဲနေမှုစနစ်တို့ ပါဝင်သည် ။ နိုင်ငံရေးသိပ္ပံသည် လူမှုသိပ္ပံဘာသာရပ်များမှ တစ်ခုဖြစ်သည့်အလျောက် ပင်မအရင်းအမြစ်အနေနှင့် သမိုင်းမှတ်တမ်းများနှင့် အသိအမှတ်ပြုခံရသော မှတ်တမ်းများ ၊ အခြားသောအရင်းအမြစ်အနေနှင့် ပညာရှင်များ၏ ဂျာနယ်စာတမ်းများ ၊ အချက်အလက်ကောက်သုတေသနပြုခြင်း ၊ စာရင်းကိန်းဂဏန်းကျကျ စိစစ်ခြင်း[ဘာသာပြန်လိုအပ်ချက် ရှိသည်]အကြောင်းဖြစ်ရပ် လေ့လာမှုများစမ်းသပ်လေ့လာသော သုတေသနနှင့် ပုံစံငယ်ပြု အဆောက်အအုံများ စသည်တို့မှ လာသော စူးစမ်းရှာဖွေခြင်းများနှင့် ဆက်နွယ်သည့် နည်းလမ်း နှင့် နည်းပညာတို့ကို အသုံးချသည် ။

နိုင်ငံရေးစနစ်ပြင်ဆင်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - Political system
အခြားကြည့်ရန်။ Systems theory in political science
 
နိုင်ငံရေး၏ စနစ်အား ‌‌ဖော်ပြချက်

နိုင်ငံရေးစနစ်ဆိုသည်မှာ တရားဝင်အစိုးရဆုံးဖြတ်ချက်များ ပြုလုပ်ရာ လမ်းစဥ်ဟု သတ်မှတ်သည် ။ ၎င်းကို တရားဝင်စနစ်စီးပွားရေးစနစ်ယဥ်ကျေးမှုစနစ် နှင့် တခြားသော လူမှုစနစ်များနှင့် နှိုင်းယှဥ်ဖော်ပြတတ်သည် ။ David Easton ၏ အဆိုအရ "နိုင်ငံရေးစနစ်ဆိုသည်မှာ လူမှုအဖွဲ့အစည်းတစ်ခုအတွက် အာဏာဖြင့် တန်ဖိုးအရာများ ခွဲဝေချမှတ်ရာတွင် အပြန်အလှန်တုံ့ပြန်လုပ်ကိုင်ပုံအဖြစ် စီစဥ်ရေးဆွဲထားခြင်း ဖြစ်သည်" ဟု ဆိုသည်[၁၅] ။ နိုင်ငံရေးစနစ်တစ်ခုစီတိုင်းသည် ကိုယ်ပိုင် နိုင်ငံရေးဓလေ့ထုံးတမ်းရှိသော လူအဖွဲ့အစည်းတစ်ခုစီတိုင်းတွင် အမြစ်တည်ပြီး ထိုစနစ်များကပဲ လူအဖွဲ့အစည်းများအတွက် လူထုမူဝါဒများကို တဖန် ချမှတ်ပေးသည် ။ ကွဲပြားသော နိုင်ငံရေးစနစ်များကြား အပြန်အလှန်ဆက်နွယ်လုပ်ဆောင်ခြင်းသည် ကမ္ဘာ့နိုင်ငံရေး၏ အခြေခံဖြစ်သည် ။

အစိုးရပုံစံများပြင်ဆင်

 
ဥပဒေပြုရေးသည် အရေးပါသော နိုင်ငံရေးအခြေခံ အဆောက်အအုံတစ်ခု ဖြစ်သည် ။ ပုံသည် ဖင်လန်နိုင်ငံ၏ လွှတ်တော်အဆောက်အအုံဖြစ်သည် ။

အစိုးရအဖွဲ့၏ ပုံစံများသည် နည်းလမ်းမျိုးစုံဖြင့် စိစစ်နားလည်နိုင်သည် ။ အာဏာစနစ် ဖြစ်တည်ပုံနှင့် ခွဲခြားလျှင် သက်ဦးဆံပိုင်စနစ် (စည်းမျဥ်းခံဘုရင်စနစ်လည်း ပါဝင်သည်) နှင့် အဖွဲ့အစည်းဦးဆောင်စနစ် (များသောအားဖြင့် သမ္မတစနစ် ၊ လွှတ်တော်နှင့် အာဏာခွဲဝေသော စနစ် ၊ လွှတ်တော်သီးသန့် စနစ်တို့ ပါသည်)

အာဏာခွဲဝေမှုများသည် ဥပဒေပြုစနစ်စီမံခန့်ခွဲရေးစနစ်တရားစီရင်ရေးစနစ်နှင့် တခြားသော လွတ်လပ်သည့် အဖွဲ့အစည်းများကြားတွင် horizontal integration ( စနစ်၏ လုပ်ဆောင်ပုံ တိုးမြှင့်(နိုင်)ခြင်း[ဘာသာပြန်လိုအပ်ချက် ရှိသည်] )၏ အတိုင်းအတာကို ဖော်ပြသည် ။

အာဏာ၏ အရင်းအမြစ်ပြင်ဆင်

အာဏာ၏ အရင်းအမြစ်သည် ဒီမိုကရေစီနိုင်ငံလူအနည်းစုက ချုပ်ကိုင်သော နိုင်ငံ နှင့် အောတိုကရေစီ/သက်ဦးဆံပိုင်နိုင်ငံတို့ကြား ကွဲပြားမှုကို ဆုံးဖြတ်ပေးသည် ။

ဒီမိုကရေစီနိုင်ငံတစ်ခုတွင် နိုင်ငံရေးဆိုင်ရာ တရားဝင်အသိအမှတ်ပြုခံရမှုသည် လူထု၏ အချုပ်အခြာအာဏာမှ အခြေခံသည် ။ ဒီမိုကရေစီ၏ ပုံစံများတွင် ကိုယ်စားပြုဒီမိုကရေစီတိုက်ရိုက်ဒီမိုကရေစီ နှင့် မဲနှိုက်ရွေးချယ်စနစ်[ဘာသာပြန် လိုအပ်ချက် ရှိသည်] တို့ ပါဝင်သည် ။ ၎င်းတို့သည် ရွေးကောက်ခံ ကိုယ်စားလှယ်များက ဖြစ်စေ၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲများက ဖြစ်စေ၊ အကဲဖြတ်ပြည်သူလူထုအဖွဲ့များက ဖြစ်စေ ဆုံးဖြတ်ချက်များ ပြုလုပ်သည့် နည်းများနှင့်အတူ ခြားနားကြသည်။ ဒီမိုကရေစီနိုင်ငံများသည် သမ္မတ/အဖွဲ့အစည်းဦးဆောင်စနစ် ဖြစ်နိုင်သလို စည်းမျဥ်းခံဘုရင်စနစ်လည်း ဖြစ်နိုင်သည် ။

လူအနည်းစုက ချုပ်ကိုင်သော စနစ်သည် လူအနည်းစုက ကြီးစိုးသော အာဏာ စနစ်အဆောက်အအုံဖြစ်သည် ။ ထိုစနစ်တွင်

  • anocracy (အနိုကရေစီ - တပိုင်းရွေးကောက်စနစ်)
  • aristocracy (အရစ္စတိုကရေစီ - အကောင်းဆုံးများက အုပ်ချုပ်သော စနစ်)
  • ergatocracy (အာဂတ်တိုကရေစီ - ပစ္စည်းမဲ့ / အလုပ်သမားလူတန်းစားများက အုပ်ချုပ်သော စနစ်)
  • geniocracy (ဂျီနီယိုကရေစီ - ဉာဏ်ကြီးရှင်များက အုပ်ချုပ်သော စနစ်)
  • gerontocracy (ဂျာရွန်တိုကရေစီ - သက်ကြီးသူမများက အုပ်ချုပ်သော စနစ်)
  • kakistocracy (ကတ်ကစ်စတိုကရေစီ - အညံ့ဆုံးသူများက အုပ်ချုပ်သော စနစ်)
  • kleptocracy (ခလပ်တိုကရေစီ - အကျင့်ပျက်ခြစား ခိုးနှိုက်သူများ / ဇီးသီးဗန်းမှောက်သူများက အုပ်ချုပ်သော စနစ် )
  • meritocracy (မယ်ရင်တိုကရေစီ - အရည်အချင်းသတ်မှတ်ချက် ပြည့်စုံသူများက အုပ်ချုပ်သော စနစ်)
  • noocracy (နိုအော်ကရေစီ - ဒဿနသမားများက အုပ်ချုပ်သော စနစ်)
  • particracy (ပါတီကရေစီ - ပါတီက အုပ်ချုပ်သော စနစ် )
  • plutocracy ( ပလူတိုကရေစီ - သူ‌ဌေးများက အုပ်ချုပ်သော စနစ်)
  • stratocracy (စတျာတိုကရေစီ - စစ်တပ်ဦးစီးသူများက အုပ်ချုပ်သော စနစ်)
  • technocracy (တက်ကနိုကရေစီ - နယ်ပယ်တစ်ခုစီတွင် တက်ကျွမ်းသူများက အုပ်ချုပ်သော စနစ်)
  • theocracy (သီရိုကရေစီ - ဘုရား ၊ ဖန်တီးရှင် နာမတော်အောက်က(သူများ) အုပ်ချုပ်သော စနစ်) ၊
  • timocracy (တီမိုကရေစီ - ပိုင်ဆိုင်မှုရှိသူများက အုပ်ချုပ်သော စနစ်)

စသည့် ပုံစံများဖြင့် တည်ရှိသည်။

သက်ဦးဆံပိုင်စနစ်များတွင် အာဏာရှင်စနစ်များ (စစ်အာဏာရှင်စနစ်များ အပါ) သို့မဟုတ် အကြွင်းမဲ့သက်ဦးဆံပိုင်(ဘုရင်)စနစ်များ ဖြစ်ကြသည် ။

 
ဒေသတွင်း ခွဲထွက်ခြင်း သို့မဟုတ် ပူးပေါင်းခြင်းဆိုင်ရာ လမ်းကြောင်း

Vertical integration ( စနစ်၏ လုပ်ဆောင်ပုံ တိုးချဲ့ခြင်း[ဘာသာပြန်လိုအပ်ချက် ရှိသည်] )ပြင်ဆင်

Vertical integration ၏ အဆင့်သတ်မှတ်ချက်အရဆိုလျှင် နိုင်ငံရေးစနစ်များကို ကွန်ဖယ်ဒရယ်ရေးရှင်း (သီးခြားလွတ်လပ်သော နိုင်ငံများအနေနှင့် ပေါင်းစည်းခြင်း) ၊ ဖယ်ဒရယ်ရေးရှင်းနှင့် ယူနီတေရီပြည်ထောင်စုနိုင်ငံများဟူ၍ (အနည်းငယ် ပေါင်းစည်းမှုမှ အများဆုံး ပေါင်းစည်းမှုအဆင့်အထိ)ခွဲခြားနိုင်သည် ။

ဖယ်ဒရယ်ရေးရှင်း (ဖယ်ဒရယ်ပြည်ထောင်စုနိုင်ငံအဖြစ် မှတ်နိုင်သည်) သည် ဗဟိုပြုသော ဖယ်ဒရယ် အစိုးရတစ်ခု၏ အောက်က ဗဟိုပြုသော ဖယ်ဒရယ် အစိုးရတစ်ခု၏ အောက်က တစိတ်တပိုင်းစီသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသများ ၊ နိုင်ငံများနှင့် တခြားသော ဒေသများ၏ သမဂ္ဂတစ်ခုကို သရုပ်ဖော်သည့် နိုင်ငံရေးဖြစ်တည်မှုတစ်ခု ဖြစ်သည် (ဖယ်ဒရယ်ဝါဒ)။ ဖယ်ဒရယ်ရေးရှင်းတစ်ခုတွင် ပါဝင်ဖက် နိုင်ငံနယ်မြေတစ်ခု၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဂုဏ်ပုဒ်အပြင် ၎င်းတို့နှင့် ဗဟိုအစိုးရအကြား အာဏာခွဲဝေရေးကို ပုံမှန်အားဖြင့်အခြေခံသဘောကျစွာ ခိုင်မြဲ၍ အကာအကွယ်ရှိပြီး ပါတီ ၊ နိုင်ငံများနှင့် ဖယ်ဒရယ် ကိုယ်ထည်(ကိုယ်စားပြုသော အဖွဲ့အစည်း ၊ ပုဂ္ဂိုလ်)တစ်ခု၏ တစ်ဖက်သတ်ဆုံးဖြတ်ချက်များကြောင့် ပြောင်းလဲခြင်း မပြုလုပ်သင့်ပါ ။ ဖယ်ဒရယ်ရေးရှင်းနိုင်ငံများအနေဖြင့် ဆွစ်ဇလန်က ပထမဆုံး စတင်တည်ထောင်ခဲ့ပြီး (၁၇၇၆)တွင် အမေရိကန်ပြည်ထောင်စု ၊ (၁၈၆၇)တွင် ကနေဒါနိုင်ငံ ၊ (၁၈၇၁)တွင် ဂျာမနီနိုင်ငံနှင့် (၁၉၀၁)တွင် သြစတြေးလျနိုင်ငံတို့က အသီးသီးတည်ထောင်ခဲ့သည် ။ ဖယ်ဒရယ်ရေးရှင်းနှင့် ယှဥ်ပါက ကွန်ဖယ်ဒရယ်ရေးရှင်းတွင် ဗဟိုဆန်သော အာဏာလျော့နည်းသည်

နိုင်ငံတော်ပြင်ဆင်

အပေါ်တွင် ဖော်ပြခဲ့သည့် အစိုးရအဖွဲ့ပုံစံများသည် အခြေခံအားဖြင့် တူညီသော polity (နိုင်ငံအဖြစ် စနစ်တကျ ဖွဲ့စည်းတည်ထောင်ထားသော လူ့အဖွဲ့အစည်း) အသွင်ကွဲများ ဖြစ်ကြသည် ၊ ၎င်းမှာ အချုပ်အခြာအာဏာပိုင် နိုင်ငံတော် ဖြစ်သည် ။ State (နိုင်ငံတော်) ဆိုသည်ကို Max Weber က "၎င်း၏ပိုင်နက်တွင် ရုန့်ရင်းကြမ်းတမ်းမှုကို လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားမှုရှိသော[ဘာသာပြန် လိုအပ်ချက် ရှိသည်] နိုင်ငံရေး၏ ဖြစ်တည်မှုတစ်ခု"အဖြစ် အဓိပ္ပာယ်သတ်မှတ်သော်လည်း Montevideo သ‌ဘောတူညီချက်၌ "နိုင်ငံတော် ဆိုရာတွင် သတ်မှတ်ထားသည့် ပိုင်နက် ၊ အမြဲနေထိုင်မည့် ပြည်သူ ၊ အစိုးရ နှင့် နိုင်ငံတကာဆက်ဆံရေးကဏ္ဍသို့ တက်လှမ်းနိုင်သည့် အရည်အချင်းရှိမှုတို့ လိုအပ်သည်"ဟု ယူဆသည် ။

နိုင်ငံမဲ့လူ့အဖွဲ့အစည်းဆိုသည်မှာ နိုင်ငံတော်အုပ်ချုပ်ခံရခြင်း မရှိသော လူ့အဖွဲ့အစည်းတစ်ခုကို ခေါ်ဝေါ်သည်[၅၃] ၊ ၎င်းတွင် အာဏာပိုင်ခြင်းစုစည်းမှု[ဘာသာပြန် လိုအပ်ချက် ရှိသည်] အနည်းငယ်သော ရှိသည် ၊ အာဏာပိုင်ခြင်းနှင့် ပတ်သက်သော ရှိသည့် နေရာရာထူး အများစုတွင် ပမာဏအနည်းငယ်သာရှိသော အာဏာသာ ပိုင်ဆိုင်ထားကြကာ ပုံမှန်အားဖြင့် အမြဲတမ်း နေရာယူထားကြသည် မဟုတ်ဘဲ အငြင်းပွါးမှုများကို တင်ကြိုသတ်မှတ်ထားသော စည်းမျဥ်းများနှင့် ဖြေရှင်းပေးသည့် လူမှုရေးကိုယ်ထည်(ကိုယ်စားပြုသော အဖွဲ့အစည်း ၊ ပုဂ္ဂိုလ်)များသည်လည်း အနည်းစုသာ ရှိသည် ။[၅၄] နိုင်ငံမဲ့လူ့အဖွဲ့အစည်းများတွင် စီးပွါး‌ရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ယဥ်ကျေးမှုကို ပြုလုပ်ပုံများတွင် အလွန်ကွဲပြားကြသည် ။[၅၅]

နိုင်ငံမဲ့လူ့အဖွဲ့အစည်းများသည် လူသားတို့၏ သမိုင်းမတင်မီခေတ်၌ စံနှုန်းများဖြစ်ခဲ့သော်လည်း ယနေ့ခေတ်တွင် နိုင်ငံမဲ့လူ့အဖွဲ့အစည်းအနည်းငယ်သာ ရှိသေးသည် ၊ကမ္ဘာ့လူဦးရေတစ်ခုလုံးနီးပါးသည် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုခု၏ စီရင်ပိုင်ခွင့်အတွင်း နေထိုင်ကြသည်။ အချို့ဒေသများတွင် အမည်ခံပြည်နယ်အာဏာပိုင်များသည် အလွန်အားနည်းပြီး အမှန်တကယ် အာဏာအနည်းငယ်သာ သို့မဟုတ် အာဏာပိုင်ဆိုင်ခြင်း လုံးဝမရှိပါ ။ သမိုင်းတစ်လျှောက် နိုင်ငံမဲ့လူမျိုးအများစုသည် ၎င်းတို့အနီးတစ်ဝိုက်ရှိ ပြည်နယ်အခြေပြုလူ့အဖွဲ့အစည်းများနှင့် ပေါင်းစည်းခဲ့ကြသည်။[၅၆]

တချို့သော နိုင်ငံရေးဆိုင်ရာ တွေးခေါ်ရေးသမား(ဒဿနပညာရှင်)များက နိုင်ငံတော်ဆိုသည်ကို မလိုအပ်သောဆန္ဒဖြင့် ထည့်သွင်းစဥ်းစားကြပြီး ထို့ကြောင့် နိုင်ငံမဲ့လူ့အဖွဲ့အစည်းတစ်ခုကို ချီတက်ရန် ရည်မှန်းချက်ကို ‌ရောက်ရန် စဥ်းစားကြသည် ။ Anarchism အုပ်ချုပ်သူမဲ့ဝါဒ (မင်းမဲ့ဝါဒ)၏ ဝါဒရေးရာ အဓိကသဘောထားမှာ နိုင်ငံတော် မပါဝင်သော လူ့ဘောင်အဖွဲ့အစည်း ထူထောင်ရန် ထောက်ခံခြင်း ဖြစ်သည် ။[၅၃][၅၇] အုပ်ချုပ်သူမဲ့ဝါဒသမားများ၏ တွေးခေါ်ရေးကျောင်းတော်တွင် လူ့အဖွဲ့အစည်း၏ အမျိုးအစားသည် အလွန်အမင်းဖြစ်သော  တစ်ဦးတစ်ယောက်စီ၏ ဖြစ်တည်ခြင်းဝါဒမှ ပြီးပြည့်စုံသော စုပေါင်းဝါဒအထိ သိသာစွာ ကွဲပြားမှု ရှိသည်။[၅၈] မာ့က်ဝါဒတွင် နိုင်ငံတော်ဆိုင်ရာ မာ့က်သီအိုရီက အရင်းရှင်စနစ်မှ လွန်မြောက်ပြီးသော လူ့အဖွဲ့အစည်းသို့ ရောက်လျှင် နိုင်ငံတော်ဆိုသည်မှာ မလိုလားအပ်သော အဖွဲ့အစည်းတစ်ခုအနေနှင့် အရေးပါမှုရှိတော့မည် မဟုတ်သလို ညှိုးနွမ်းပျောက်ကွယ်သွားမည်ဟု ယူဆသည် ။[၅၉] ဆက်စပ်အယူအဆတစ်ခုမှာ မာ့က်၏ ကြိုတင်မျှော်မှန်းထားသည့် အရင်းရှင်စနစ်အလွန် လူ့အဖွဲ့အစည်းအကြောင်းတွင် အမြဲတမ်း အသုံးပြုသော "နိုင်ငံမဲ့ ကွန်မြူနစ်ဝါဒ"ဆိုသည့် အဆင့်ဖြစ်သည် ။

အခြေခံဥပဒေများပြင်ဆင်

အခြေခံဥပဒေများသည် အစိုးရ၏ မတူညီသော အပိုင်းကဏ္ဍခွဲများအတွက် အသေးစိတ်ဖြစ်၍ အကန့်အသတ် သတ်မှတ်ပေးသော လုပ်ပိုင်ခွင့်အာဏာများအကြောင်းကို ရေးစွဲထားသည့် စာရွက်စာတမ်းများ ဖြစ်သည် ။ အခြေခံဥပဒေတစ်ခုသည် ရေးဆွဲပြီးသား စာရွက်တမ်းတစ်ခု ဖြစ်သော်လည်း မရေးဆွဲရသေးသည့် အခြေခံဥပဒေလည်း ရှိသည် ။ မရေးဆွဲရသေးသည့် အခြေခံဥပဒေကို အစိုးရ၏ ဥပဒေပြုရေးနှင့် တရားစီရင်ရေးဌာနမှ အမြဲတမ်း ‌ရေးဆွဲနေမည်ဖြစ်ပြီး ထိုကိစ္စသည် အခြေအနေများ၏ သဘောသဘာဝအရ မည်သည့်အစိုးရပုံစံက အသင့်တော်ဆုံး ဖြစ်မည်ကို ဆုံးဖြတ်ရမည့် ကိစ္စများမှ တစ်ခုဖြစ်သည် ။[၆၀] အင်္ဂလန်သည် ရေးဆွဲရသည့် အခြေခံဥပဒေပုံစံတစ်ခုကို ပြည်တွင်းစစ်ကာလအတွင်း ပြုလုပ်ခဲ့ပြီး ပြန်လည်တည်ထောင်သော ကာလ‌ရောက်သောအခါ စွန့်ပယ်ခဲ့သော်လည်း လွတ်လပ်ရေးရပြီးနောက် အမေရိကန် အခြေချနေထိုင်သူများ [ဘာသာပြန် လိုအပ်ချက် ရှိသည်]တော်လှန်ရေးပြီးနောက် ပြင်သစ်နိုင်ငံနှင့် ဥရောပ၏ ကိုလိုနီနိုင်ငံများအပါ ဥရောပတိုက် တစ်တိုက်လုံး ပါဝင်ကျင့်သုံးလာခဲ့သည် ။

အခြေခံဥပဒေဆိုသည်မှာ စီမံခန့်ခွဲရေးဥပဒေပြုရေးနှင့် တရားစီရင်ရေး(စုပေါင်း၍ ညွှန်းဆိုရလျှင် trias politica [အာဏာကို ခွဲဝေခြင်း])အဖြစ် အစိုးရကို ခွဲခြမ်းကာ နိုင်ငံတော်အတွင်း အဘက်ဘက်မှ အပြန်အလှန်ထိန်းကျောင်းမှု ရှိစေရန်အတွက် အာဏာကို ခွဲဝေသတ်မှတ်ဖို့ ဖြစ်သည် ။ အများပြည်သူဝန်ဆောင်မှု ကော်မရှင်ရွေးကောက်ပွဲကော်မရှင်နှင့် စာရင်းစစ်ချုပ် အဖွဲ့အစည်းများ [ဘာသာပြန် လိုအပ်ချက် ရှိသည်]စသည့် ထပ်ဆောင်းဖြစ်သော သီးသန့်ဌာနခွဲများကိုလည်း ထပ်မံဖန်တီးနိုင်သည် ။

ကိုးကားချက်များပြင်ဆင်

  1. Leftwich 2015, p. 68.
  2. Hague & Harrop 2013, p. 1.
  3. Johnston & Woodburn 1903, p. 233.
  4. Hammarlund 1985, p. 8.
  5. Brady 2017, p. 47.
  6. Hawkesworth & Kogan 2013, p. 299.
  7. Taylor 2012, p. 130.
  8. Blanton & Kegley 2016, p. 199.
  9. Kabashima & White III 1986.
  10. Leftwich 2015, p. 68.
  11. Buhler, C. F., ed. 1961 [1941]. The Dictes and Sayings of the Philosophers. London: Early English Text Society, Original Series No. 211.
  12. A Greek-English Lexicon။ Tufts Library။
  13. Lewis & Short 1879, online.
  14. Lasswell 1963.
  15. ၁၅.၀ ၁၅.၁ Easton 1981.
  16. Lenin 1965.
  17. Crick 1972.
  18. Leftwich 2004.
  19. Leftwich 2004, pp. 14–15.
  20. Leftwich 2004, p. 23.
  21. Leftwich 2004, p. 119.
  22. Dahl 2003, pp. 1–11.
  23. Morlino 2017, p. 2.
  24. ၂၄.၀ ၂၄.၁ ၂၄.၂ Atkinson 2013, pp. 1–5.
  25. Leftwich 2004, p. 16.
  26. Morlino 2017, p. 3.
  27. Schattschneider၊ Elmer Eric (1960)။ The semisovereign people : a realist's view of democracy in America။ Dryden P။ pp. 2ISBN 0-03-013366-1OCLC 859587564
  28. Mouffe၊ Chantal (1999)။ The Challenge of Carl Schmitt (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Verso။ ISBN 978-1-85984-244-7
  29. van der Eijk 2018, pp. 11, 29.
  30. de Waal၊ Frans (2007)။ Chimpanzee politics power and sex among apes။ Johns Hopkins University Press။ ISBN 978-0-8018-8656-0OCLC 493546705
  31. Fukuyama၊ Francis (2012)။ The origins of political order : from prehuman times to the French Revolution။ Farrar, Straus and Giroux။ p. 56။ ISBN 978-0-374-53322-9OCLC 1082411117
  32. "Primary State Formation in Mesoamerica" (15 September 2004). Annual Review of Anthropology 33 (1): 173–199. doi:10.1146/annurev.anthro.33.070203.143823. ISSN 0084-6570. 
  33. ၃၃.၀ ၃၃.၁ ၃၃.၂ ၃၃.၃ Carneiro 1970, pp. 733–738.
  34. ၃၄.၀ ၃၄.၁ Daniel 2003, p. xiii.
  35. Daniel 2003, pp. 9–11.
  36. Nelson & Nelson 2006, p. 17.
  37. Osiander 2001, p. 251.
  38. Gross 1948, pp. 20–41.
  39. Jackson, R. H. 2005. "The Evolution of World Society" in The Globalization of World Politics: An Introduction to International Relations, edited by P. Owens. J. Baylis and S. Smith. Oxford: Oxford University Press. p. 53. ISBN 1-56584-727-X.[စီစစ်အတည်ပြုရန် လိုအပ်သည်]
  40. Kissinger 2014.
  41. Krasner၊ Stephen D. (2010)။ "The durability of organized hypocrisy"။ in Kalmo၊ Hent; Skinner၊ Quentin (eds.)။ Sovereignty in Fragments: The Past, Present and Future of a Contested Concept။ Cambridge University Press။
  42. From Westphalia, with love – Indian Express
  43. ^ Eric Hobsbawm, Nations and Nationalism since 1780 : programme, myth, reality (Cambridge Univ. Press, 1990; ISBN 0-521-43961-2) chapter II "The popular protonationalism", pp.80–81 French edition (Gallimard, 1992). According to Hobsbawm, the main source for this subject is Ferdinand Brunot (ed.), Histoire de la langue française, Paris, 1927–1943, 13 volumes, in particular volume IX. He also refers to Michel de Certeau, Dominique Julia, Judith Revel, Une politique de la langue: la Révolution française et les patois: l'enquête de l'abbé Grégoire, Paris, 1975. For the problem of the transformation of a minority official language into a widespread national language during and after the French Revolution, see Renée Balibar, L'Institution du français: essai sur le co-linguisme des Carolingiens à la République, Paris, 1985 (also Le co-linguisme, PUF, Que sais-je?, 1994, but out of print) The Institution of the French language: essay on colinguism from the Carolingian to the Republic. Finally, Hobsbawm refers to Renée Balibar and Dominique Laporte, Le Français national: politique et pratique de la langue nationale sous la Révolution, Paris, 1974.
  44. Al-Rasheed၊ Madawi; Kersten၊ Carool; Shterin၊ Marat (11 December 2012)။ Demystifying the Caliphate: Historical Memory and Contemporary Contexts။ Oxford University Press။ p. 3။ ISBN 978-0-19-932795-9
  45. Richards၊ Howard (2004)။ Understanding the Global Economy (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Peace Education Books။ ISBN 978-0-9748961-0-6
  46. Black, Jeremy.1998. Maps and Politics. pp. 59–98, 100–47.
  47. Foucault, Michel. [1977–1978] 2007. Security, Territory, Population: Lectures at the Collège de France.
  48. Rizaldy, Aldino, and Wildan Firdaus. 2012. "Direct Georeferencing: A New Standard in Photogrammetry for High Accuracy Mapping." International Archives of the Photogrammetry, Remote Sensing and Spatial Information Sciences 39(B1):5–9. doi:10.5194/isprsarchives-XXXIX-B1-5-2012.
  49. Bellezza, Giuliano. 2013. "On Borders: From Ancient to Postmodern Times." Int. Arch. Photogramm. Remote Sens. Spatial Inf. Sci. 40-4(W3):1–7. doi:10.5194/isprsarchives-XL-4-W3-1-2013.
  50. Mikhailova, E. V. 2013. "Appearance and Appliance of the Twin-Cities Concept on the Russian-Chinese Border." Int. Arch. Photogramm. Remote Sens. Spatial Inf. Sci. 40-4(W3):105–10. doi:10.5194/isprsarchives-XL-4-W3-105-2013.
  51. Pickering, S. 2013. "Borderlines: Maps and the spread of the Westphalian state from Europe to Asia Part One – The European Context." Int. Arch. Photogramm. Remote Sens. Spatial Inf. Sci. 40-4(W3):111–16. doi:10.5194/isprsarchives-XL-4-W3-111-2013.
  52. Branch 2011.
  53. ၅၃.၀ ၅၃.၁ Craig 2005, p. 14.
  54. Ellis၊ Stephen (2001)။ The Mask of Anarchy: The Destruction of Liberia and the Religious Dimension of an African Civil War။ NYU Press။ p. 198။ ISBN 978-0-8147-2219-0 – via Google Books။
  55. Béteille 2002, pp. 1042–1043.
  56. Faulks၊ Keith (2000)။ Political Sociology: A Critical Introduction။ NYU Press။ p. 23။ ISBN 978-0-8147-2709-6 – via Google Books။
  57. Sheehan၊ Sean (2004)။ Anarchism။ London: Reaktion Books။ p. 85။
  58. Slevin၊ Carl (2003)။ "Anarchism"။ in McLean၊ Iain & McMillan၊ Alistair (eds.)။ The Concise Oxford Dictionary of Politics။ Oxford University Press။ ISBN 978-0-19-280276-7
  59. Engels၊ Frederick (1880)။ "Part III: Historical Materialism"။ Socialism: Utopian and Scientific – via Marx/Engels Internet Archive (marxists.org)။ State interference in social relations becomes, in one domain after another, superfluous, and then dies out of itself; the government of persons is replaced by the administration of things, and by the conduct of processes of production. The State is not "abolished". It dies out...Socialized production upon a predetermined plan becomes henceforth possible. The development of production makes the existence of different classes of society thenceforth an anachronism. In proportion as anarchy in social production vanishes, the political authority of the State dies out. Man, at last the master of his own form of social organization, becomes at the same time the lord over Nature, his own master—free.
  60. Britain's unwritten constitution