တတိယအကြိမ် လမ်းစဉ်လူငယ်နှီးနှောဖလှယ်ပွဲ

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဗဟိုကော်မတီ၏ ဦးဆောင်လမ်းညွှန်ကြီးကြပ်မှုကို ခံယူလျက် လမ်းစဉ်လူငယ် စည်းရုံးရေး ဗဟိုကော်မတီသည် တတိယအကြိမ် လမ်းစဉ်လူငယ် နှီးနှောဖလှယ်ပွဲကို ၁၉၈၂ ခုနှစ် ဧပြီလ ၈ ရက်နေ့မှ ၁ဝ ရက်နေ့အထိ ရန်ကုန်မြို့ ကျိုက္ကဆံကွင်း ဆရာစံခန်းမ၌ ကျင်းပခဲ့သည်။

နှီးနှောဖလှယ်ပွဲသို့ ပြည်နယ်နှင့်တိုင်း ဒေသပါတီကော်မတီ နယ်ခြားများရှိ မြို့နယ်နှင့် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ လမ်းစဉ်လူငယ် စည်းရုံးရေးကော်မတီ ၃၃၃ ခုတို့မှ လမ်းစဉ် လူငယ် ကိုယ်စားလှယ် ၁၃၃၂ ဦး တက်ရောက်ခဲ့ကြသည်။ နှီးနှောဖလှယ်ပွဲတွင် လမ်းစဉ်လူငယ် စည်းရုံးရေး ဗဟို ကော်မတီနှင့် လမ်းစဉ်လူငယ်အဖွဲ့အစည်း အဆင့်ဆင့်တို့၏ ၁၉၇၈ ခုနှစ် အောက်တိုဘာလမှ ၁၉၁၈ ခုနှစ် ဒီဇင်ဘာလ အထိ သုံးနှစ်ကျော် ကာလအတွင်း ဆောင်ရွက်ချက်များကို ဖွဲ့စည်းတည်ဆောက်ရေး၊ လေ့ကျင့်ပညာပေးရေး၊ လှုံ့ဆော်ပညာ ပေးရေး၊ စည်းရုံးလှုပ်ရှားရေး၊ သုံးသပ်ချက်၊ ရှေ့လုပ်ငန်း စဉ်ဟူ၍ အပိုင်းခြောက်ပိုင်း ခွဲခြားလျက် လမ်းစဉ် လူငယ် စည်းရုံးရေးဗဟိုကော်မတီ၏ အစီရင်ခံစာကို တင်သွင်းခဲ့ရာ လူငယ်ကိုယ်စားလှယ်များက အပြုသဘောဖြင့် တင်ပြ ဆွေးနွေးခြင်း၊ စိစစ်သုံးသပ်ခြင်း၊ အကြံဉာဏ်ပေးခြင်းများ ပြုခဲ့ ကြသဖြင့် လမ်းစဉ် လူငယ်စည်းရုံးရေးလှုပ်ရှားရေး လုပ်ငန်း များအတွက် ပိုမိုတိုးတက်အောင်မြင်စေရန် များစွာ အထောက်အကူ ဖြစ်စေခဲ့သည်။

ဆောင်ရွက်ပြီးစီးခဲ့သော လုပ်ငန်းရပ်များအနက် သင်တန်း များ ဖွင့်လှစ် လေ့ကျင့်ပျိုးထောင်ပေးနိုင်ခဲ့ခြင်းဖြင့် လူငယ်ထု အတွက် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ဆိုင်ရာ အတွေးအခေါ် အသိအမြင်များ ပိုမိုခိုင်မာ ကျယ်ပြန့်လာခဲ့သည်။ ၁၉၁၈ ခုနှစ် ဒီဇင်ဘာလကုန်အထိ စာရင်းများအရ လမ်းစဉ်လူငယ်ခေါင်းဆောင်သင်တန်းအသီးသီးကို ၂၇ ကြိမ် ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသားပေါင်း ၁၄၃၄၅ ဦးကို လေ့ကျင့် သင်ကြားပေးနိုင်ခဲ့သည်။ လမ်းစဉ်လူငယ်အဖွဲ့ဝင် သင်တန်းများ ဖြင့်လည်း အဖွဲ့ဝင်ပေါင်း ၄ဝ၆၆၉၈ ဦးကို လေ့ကျင်သင်ကြား ပေးနိုင်ခဲ့သည်။

ရှေ့ဆောင်လူငယ်ခေါင်းဆောင်ပေါင်း ၈၈၁၁၆ ဦး၊ ရှေ့ဆောင်လူငယ်အဖွဲ့ဝင်ပေါင်း ၁၁၈၇၄၃ ဦးနှင့် တေဇလူငယ် ခေါင်းဆောင်သင်တန်းသားပေါင်း ၁၁၁၉၄၅ ဦးကို လေ့ကျင့် ပေးနိုင်ခဲ့သည်။

လူငယ်အခြေခံ စစ်ပညာသင်တန်းများကို ၁၉၇၈ ခုနှစ်မှ စ၍ မြို့နယ်နှင့် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ လမ်းစဉ်လူငယ် စည်းရုံးရေးကော်မတီများက တာဝန်ယူဖွင့်လှစ်ခဲ့ရာ ၁၉၈၁ ခုနှစ် ဒီဇင်ဘာလကုန်အထိ သင်တန်းအကြိမ်ပေါင်း ၁၃၇၁ ကြိမ် ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသားပေါင်း ၁၁၃၅၇၉ ဦးကို လေ့ကျင့်ပေးနိုင်ခဲ့သည်။

လမ်းစဉ်လူငယ်အဖွဲ့သည် အဖွဲ့ဝင် မဖြစ်သေးသော လူငယ်များကိုလည်း လူငယ်ဝါသနာပါရာ သင်တန်းများ ဖွင့်လှစ်လေ့ကျင့်ပေးခဲ့ရာ ၁၉၈၁ ခုနှစ် ဒီဇင်ဘာလကုန်အထိ လမ်းစဉ်လူငယ် စည်းရုံးရေး ဗဟိုကော်မတီသည် လူငယ် ဝါသနာပါရာ သင်တန်းခုနှစ်မျိုးကို ၁၃၁ ကြိမ် ဖွင့်လှစ် နိုင်ခဲ့ပြီး သင်တန်းသားပေါင်း ၁၈၇၆၇ ဦးကို လည်းကောင်း၊ မြို့နယ်နှင့်တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံလမ်းစဉ် လူငယ် စည်းရုံးရေးကော်မတီများသည် သင်တန်းခြောက်မျိုးတွင် သင်တန်းသားပေါင်း ၈၉၄၁၃ ဦးကို လည်းကောင်း လေ့ကျင့် ပေးနိုင်ခဲ့သည်။

နိုင်ငံတဝှန်းလုံးတွင် မြို့နယ်ပေါင်း ၃၁၅ မြို့နယ်ရှိသည့် အနက် ၁၉၈၁ ခုနှစ် ဒိဖင်ဘာလကုန်အထိ မြို့နယ်လမ်းစဉ် လူငယ် စည်းရုံးရေးကော်မတီပေါင်း ၂၉၇ ခုနှင့် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံလမ်းစဉ်လူငယ် စည်းရုံးရေး ကော်မတီ ၃၆ ခုကို ဖွဲ့စည်းထားပြီး ဖြစ်သည်။ ဖွဲ့စည်းရန် ကျန်သေးသည့် မြို့နယ် ၁၇ မြို့နယ်အနက် အခြေအနေပေးသည့် မြို့နယ် များတွင် ဆက်လက်ဖွဲ့စည်းသွားမည် ဖြစ်သည်။ ထို့ပြင် လမ်းစဉ်လူငယ် စည်းရုံးရေး လုပ်ငန်း အရှိန် အဟုန်ကို တိုးမြှင့် ဆောင်ရွက်သွားနိုင်ရေးအတွက်- လူငယ်ထုအတွင်း မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ဆိုင်ရာ အတွေးအခေါ် အသိအမြင်များ ခိုင်မာ ကျယ်ပြန့်လာ စေရေးအတွက် ဆောင်ရွက်ရန်၊ ဘက်စုံဖွံ့ဖြိုးပြီး အရည်အချင်း ပြည့်ဝသည့် နိုင်ငံ့ သားကောင်းများ ဖြစ်လာစေရေးအတွက် ဆောင်ရွက် ရန်၊ လူငယ်ထုအတွင်း စည်းရုံးရေးလုပ်ငန်းများကို တိုးချဲ့ ဆောင်ရွက်သွားရန် ဟူသော စတုတ္ထအကြိမ် ပါတီ ညီလာခံက ချမှတ်ပေးခဲ့သည့် လူငယ်ဆိုင်ရာ ရှေ့လုပ်ငန်းစဉ်သုံးရပ်ကို တတိယအကြိမ် လမ်းစဉ် လူငယ် နှီးနှောဖလှယ်ပွဲ၏ ရှေ့လုပ်ငန်းများအဖြစ် ချမှတ်ခဲ့ သည်။

ကိုးကား ပြင်ဆင်ရန်

မြန်မာ့စွယ်စုံကျမ်း