တန့်ကြည့်တောင်သည် မြန်မာနိုင်ငံမကွေးတိုင်းဒေသကြီးပခုက္ကူခရိုင်ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းတွင် ရှိသည်။

သမိုင်း ပြင်ဆင်ရန်

မြတ်စွာဘုရားရှင်​သည် ဝါတော်(၃၅)ဝါတွင် ညီတော်အာနန္ဒာအား ခေါ်တော်မူ၍ ရတနာဓရဟိရညတောင် အမည်​ရ​သော ယခု တန့်ကြည့်တောင်ထိပ်သို့ ကြွတော်မူခဲ့ပြီး​နောက် “ငါ ဘုရား ပရိနိဗ္ဗာန်စံဝင်ပြီး နှစ်ပေါင်း (၆၅)နှစ်အရောက်တွင် ဤမြစ်တစ်ဖက်ကမ်း၌ အရိမဒ္ဒနပေါက္ကံ ဟု​ခေါ်ဆိုသည့် ပုဂံပြည် ပေါ်ပေါက်လိမ့်မည်” ဟု ဗျာဒိတ်ပေး​တော်​မူခဲ့သည်။ ထိုအချိန်၌ မြတ်စွာဘုရားအား မဟာပါလနတ်​ဘီလူးက နေမခ​စေရန်​ ရည်​ရွယ်​၍ ကြာသုံးရွက်ဖြင့် မိုးကာပူ​ဇော်​ခဲ့ရာ မြတ်စွာဘုရားရှင်က “ဤဘီလူးသည်လည်း ယင်းပြည်တွင် မင်းသုံးဆက် ဖြစ်ထွန်းလိမ့်မည်” ဟု ဗျာဒိတ်ပေးတော်မူခဲ့​လေသည်​။

ရတနာဓရဟိရညတောင် ပြင်ဆင်ရန်

ယခုတန့်ကြည့်တောင်သည် ယခင်က ဟိရညဟု တွင်သည်။ ဟိရညသည် သက္ကတအခေါ်ဝေါ်ဖြစ်၍ ငွေ အသပြာ၊ ရွှေရတနာ (၇)ပါးဖြင့် ရွှေတောင်၊ ငွေတောင် ရတနာတောင်ဟု အဓိပ္ပာယ်သက်ရောက်သည်။

ကိုးကား ပြင်ဆင်ရန်

  1. ရေနံ့သာဝင်းမောင်။ စွယ်တော်(၅)ဆူ ပြည့်(၅)ပြည့်