၁၉၂၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်ပေါ်ပေါက်လာပြီးနောက် မြန်မာစာ ဌာနဟူ၍ တန်းမပေါ်ပေါက်လာသေးဘဲ ပါဠိဌာနဟူ၍ အလျင် တည်ထောင်သည်။ ပါဠိဌာနမှတဆင့် အရှေ့တိုင်းပညာဌာန (Department of Oriental Studies)ဟူ၍ ဖြစ်လာကာ၊ အရှေ့တိုင်းစာပေလေ့လာရေးဌာန၊ အရှေ့တိုင်းဘာသန္တရဌာနဟူ၍လည်း မြန်မာလို ခေါ်ပြီး၊ ပါဠိမြန်မာစာပါရှန်းဘာသာတို့ကို သင်ကြားသည်။ မြန်မာစာကို ဘာသာရပ်တစ်ခုအဖြစ် ပြဋ္ဌာန်းထားသည် မှန်သော်လည်း စာစီစာကုံး သင်ကြားသည့် အဆင့်သာ ဖြစ်သည်။ ဥပစာတန်းတွင် အင်္ဂလိပ်ကျောင်းထွက်များအတွက် 'တန်းနိမ့်မြန်မာစာ' (Lower Burmese) ဟူ၍ သီးသန့် သင်ကြားသည်။ နောင်တွင် ဦးဖေမောင်တင်၏ ကြိုးပမ်းမှုကြောင့် ဥပစာတန်းတွင် မြန်မာစာကို မယူမနေရ ဘာသာအဖြစ် ပြဋ္ဌာန်းနိုင်ခဲ့ရာ တန်းနိမ့်မြန်မာစာ ဟူ၍ မရှိတော့ပေ။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် ၂၀၁၇။ စာပေဗိမာန်။ ပထမကြိမ်၊ ၂၀၁၇။ p. ၁၂၃။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)