တပေါင်းညှာကျင်

အဲချင်းအမျိုးအစားကဗျာ

တပေါင်းညှာကျင် ကဗျာကို ဦးယာ ရေးဖွဲ့ခဲ့သည်။ အဲချင်းကဗျာအမျိုးအစားဖြစ်သည်။ တပေါင်းလ၏ သာယာကြည်နူးဖွယ်ရာကောင်းပုံကို ရေးဖွဲ့ထားခြင်း ဖြစ်သည်။

တပေါင်းညှာကျင် ပြင်ဆင်ရန်

တပေါင်းငယ်မှညှာကျင်
နွေဦးဆန်းသစ်၊ ရွက်ရော်လှစ်လို့
ပုရစ်ကယ်ရွှေဥ၊ ပင်တိုင်းစုကြသည်
နုညိုစင်ငယ်တဲ့လေ။

ဝန်းကျင်ငယ်မှပတ်ကုံး
တွန်ထူးဘာသာ၊ ငှက်တို့မှာလည်း
စုကာရုံးလို့၊ ခြိမ့်အုန်းငယ်ကျူးသီ
အမသံညောင်း၊ သိုက်နန်းငယ်အောင်းသို့
သာပေါင်းငယ်ချီသည်
သရဖီရွှေခိုင်က၊ လှိုင်ရှာလေကော။

ညှာကြောငယ်မှဖူးသစ်
ရဂုံတစ်ခွင်၊ သာပေါင်းငယ်ရှင်သည်
မင်းလွင်လှစ်လို့၊ မူးမြစ်ကယ်ကမ်းယံ
ငါးထွေငါးမြင်း၊ ငါးပူတင်းတို့
သောင်းရင်းငယ်ဆန်သည်၊ ငါးတန်ငယ်ဝဲခိုလို့
ပိုက်ခြေတိုဆင်း။

ပျော်ခင်းသာလှ၊ သည်ချိန်ကျလျှင်
တောဝဂနိုင်၊ စုံသာမြိုင်မှာ
မခိုင်ရွက်ညောင်း၊ ကြွေကျပြောင်းလို့
ထောင်းထောင်းငယ်လျှံငွေ့၊ လောင်ဓလေ့နှင့်
လွမ်း၍ငယ်တစေ၊ အလိုသေရချည့်
စိတ်ဖြေလို့မရနိုင်၊ ဘယ့်နှယ်လူခိုင်ပါ့မယ်
ယုဂန်ပိုင်ရှင်သိကြားတို့၊ မာန်ထားရင်းလေ။

ကိုးကား ပြင်ဆင်ရန်

  1. ဦးရဲဝေ (မြန်မာစာ)။ ဒသမတန်းမြန်မာစာသင်ရိုးကုန်လေ့လာချက်