တပ်မတော်၏ အတိုကောက်သင်္ကေတများ
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ |
တပ်မတော် တွင် ရုံး/ဌာန/တပ်များ၏ အမည်များကို အတိုကောက်သင်္ကေတများ သတ်မှတ်ထားရှိပြီး ၎င်းတို့ကို ဝှက်စာ၊ ကြေးနန်းစာ အစရှိသည်တို့တွင် အသုံးပြုလေ့ရှိသည်။
စစ်ရုံးများ
- ကက(ကြည်း) - ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)
- ကက(ရေ) - ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)
- ကက(လေ) - ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)
- ကကရေး - စစ်ရေးချုပ်ရုံး
- ကကထောက် - စစ်ထောက်ချုပ်ရုံး
- ကကထူး - စစ်ရာထူးခန့်ချုပ်ရုံး
- ကကဥ - စစ်ဥပဒေချုပ်ရုံး
- ကကစစ် - တပ်မတော်စစ်ဆေးရေးအရာရှိချုပ်ရုံး
- ကကထုတ် - ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး
- လရခ - လေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ်ရုံး
- စရခ - စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံး (ယခင်: ကကလှမ်း - တပ်မတော်ထောက်လှမ်းရေးအရာရှိချုပ်ရုံး)
- လကခ - တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံး
- တစစ - တပ်မတော်(ကြည်း၊ ရေ၊ လေ)စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ်ရုံး
ဦးစီးရုံး/ ညွှန်ကြားရေးမှူးရုံးများ စစ်ဦးစီးဆိုင်ရာ ဝန်ထမ်းရုံးများ
- ကကမ - အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး
- ကကသံ - သံချပ်ကာယန္တရားတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး
- ကကဒုံး - ဒုံးတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး
- ကကဆက် - ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံး
- အထူးဆောက်လုပ်ရေးညွှန်ကြားရေးမှူးရုံး
- ကကပြည် - ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး
- ကကနယ် - ပြည်သူ့စစ်နှင့် နယ်ခြားတပ်များညွှန်ကြားရေးမှူးရုံး
- ကကလုံ - လုံခြုံရေးနှင့်ဆိုင်သောပုံနှိပ်လုပ်ငန်းများညွှန်ကြားရေးမှူးရုံး
- တပ်မတော်(ကြည်း၊ ရေ၊ လေ)ကွန်ပြူတာဌာနမှူးရုံး
- ကာကွယိရေးဦးစီးချုပ်ရုံး(ကြည်း) စခန်းမှူးရုံး
- စစ်သမိုင်းပြတိုက်နှင့် မော်ကွန်းတိုက်မှူးရုံး
- ဗဟိုမှတ်ပုံတင်ရုံး
စစ်ရေးဆိုင်ရာ ဝန်ထမ်းရုံးများ
- ကကဆေး - ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး
- ကကပြန် - ပြန်လည်နေရာချထားရေးညွှန်ကြားရေးမှူးရုံး
- ကကထိန်း - တပ်ထိန်းချုပ်ရုံး
- ကကအင် - တပ်အင်အားဖြည့်တင်းရေးညွှန်ကြားရေးမှူးရုံး
- ကကတမ်း - တပ်မတော်မှတ်တမ်းညွှန်ကြားရေးမှူးရုံး
- ကကငွေ - ကာကွယ်ရေးဝန်ကြီးဌာန ငွေစာရင်းရုံး
- ကာကွယ်ရေးဝန်ကြီးဌာန စည်းမျဉ်းဥပဒေပြုစုရေးဌာနခွဲ
စစ်ထောက်ဆိုင်ရာ ဝန်ထမ်းများရုံး
- ကကယာ - စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး
- ကကပံ့ - ထောက်ပံ့နှင့် ပို့ဆောင်ရေးညွှန်ကြားရေးမှူးရုံး
- ကကနက် - စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံး
- ကကလျှပ် - လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာညွှန်ကြားရေးမှူးရုံး
- ကကဝယ် - ပစ္စည်းဝယ်ယူမှုညွှန်ကြားရေးမှူးရုံး
စစ်ဘက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်နှင့် သိပ္ပံများ
- နကတ - နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်
- ဥစတ - စစ်ဦးစီးတက္ကသိုလ်
- စတသ - စစ်တက္ကသိုလ်
- တနတ - တပ်မတော်နည်းပညာတက္ကသိုလ်
- တဆတ - တပ်မတော်ဆေးတက္ကသိုလ်
- သဆတ - တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်
- တကန - တပ်မတော်ကွန်ပြူတာနှင့် နည်းပညာသိပ္ပံ
- တကအ - တပ်မတော်ကိုယ်ခံပညာနှင့် အားကစားသိပ္ပံ
စစ်ဘက်ဆိုင်ရာ ကျောင်း၊ သင်တန်းကျောင်းများ
- တအခ - တပ်မတော်အုပ်ချုပ်မှုကျောင်း
- တခရ - တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း
- ပညရ - တပ်မတော်ပညာရေးကျောင်း
- ဗသက - တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း
- ပလသ - ပူးပေါင်းစစ်ဆင်ရေးနှင့် လေထီးသင်တန်းကျောင်း
- ခအက - ခြေလျင်အကူလက်နက်ကြီးသင်တန်းကျောင်း
- မသက - တပ်မတော်အမြောက်သင်တန်းကျောင်း
- တဆအ - တပ်မတော်ဆက်သွယ်ရေးနှင့် အီလက်ထရောနစ်သင်တန်းကျောင်း
- တအယ - တပ်မတော်အင်ဂျင်နီယာသင်တန်းကျောင်း
- တလအ - တပ်မတော်လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာသင်တန်းကျောင်း
- ကထက - ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးသင်တန်းကျောင်း
- သယက - သံချပ်ကာယန္တရားသင်တန်းကျောင်း
- ရကသ - တပ်မတော်အရာခံနှင့် အကြပ်ကြီးသင်တန်းကျောင်း
- လကသ - လေကြောင်းရန်ကာကွယ်ရေးသင်တန်းကျောင်း
- တတက - တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း
- တစသ - တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း
တိုင်းစစ်ဌာနချုပ်များ
- မပခ - မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်
- တပခ - တောင်ပိုင်းတိုင်းစစ်ဌာနချုပ်
- ရပခ - အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်
- ရမခ - အရှေ့မြောက်တိုင်းစစ်ဌာနချုပ်
- ရတခ - အရှေ့တောင်တိုင်းစစ်ဌာနချုပ်
- ရလခ - အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်
- နပခ - အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်
- နမခ - အနောက်မြောက်တိုင်းစစ်ဌာနချုပ်
- နတခ - အနောက်တောင်တိုင်းစစ်ဌာနချုပ်
- လပခ - အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်
- ရကတ - ရန်ကုန်တိုင်းစစ်ဌာနချုပ်
- နပတ - နေပြည်တော်တိုင်းစစ်ဌာနချုပ်
- ကရခ - ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်
- တသခ - တြိဂံဒေသတိုင်းစစ်ဌာနချုပ်
စစ်ဌာနချုပ်များ
- ဒကစ - ဒေသကွပ်ကဲမှုစစ်ဌာနချုပ်
- တမခ - ခြေမြန်တပ်မဌာနချုပ်
- တမဟ - ခြေလျင်တပ်မဟာဌာနချုပ်
- စကခ - စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
- မစခ - အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်
- သစခ - သံချပ်ကာစစ်ဆင်ရေးဌာနချုပ်
- ဒစခ - ဒုံးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
- လစခ - လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
စက်ရုံများ
- လနစ - လုံခြုံရေးနှင့်ဆိုင်သောပုံနှိပ်လုပ်ငန်းများစက်ရုံ
- တကစ - တပ်မတော်အကြီးစားစက်ရုံ
- ကပစ - ကာကွယ်ရေးပစ္စည်းစက်ရုံ
တပ်ရင်းများ
- ခလရ - ခြေလျင်တပ်ရင်း
- ခမရ - ခြေမြန်တပ်ရင်း
- မဆရ - စစ်မြေပြင်ဆေးတပ်ရင်း
- အမတ - အမြောက်တပ်ရင်း
- သတရ - သံချပ်ကာတိုက်ခိုက်ရေးတပ်ရင်း
- တကရ - တင့်ကားတပ်ရင်း
- ဆသရ - ဆက်သွယ်ရေးတပ်ရင်း
- အဆရ - အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း
- ဆသလ - ဆက်သွယ်ရေးလုံခြုံမှုတပ်ရင်း
- စအရ - စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း
- ယတရ - ယန္တရားအင်ဂျင်နီယာတပ်ရင်း
- မတယ - မော်တော်ယာဉ်တပ်ရင်း
- တမရ - တိရိစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေးတပ်ရင်း
- ဝတရ - ဝန်တင်တပ်ရင်း
- ထပရ - ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်း
- ခယရ - ခဲယမ်းမီးကျောက်တပ်ရင်း
- စနရ - စစ်လက်နက်ပစ္စည်းတပ်ရင်း
- ယသရ - ယာဉ်သိုလှောင်ရေးတပ်ရင်း
- လစရ - လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာတပ်ရင်း
- ပအရ - ပစ္စည်းထိန်းအင်ဂျင်နီယာတပ်ရင်း
- နစရ - နယ်စပ်လူဝင်မှုကြီးကြပ်ရေးတပ်ရင်း
- လကတ - လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း
- လအရ - လေကြောင်းရန်ကာကွယ်ရေးအီလက်ထရောနစ်စစ်ဆင်ရေးတပ်ရင်း
- လလရ - လေကြောင်းရန်ကာကွယ်ရေးအလုပ်ရုံတပ်ရင်း
- လယရ - လေကြောင်းရန်ကာကွယ်ရေးယန္တရားတပ်ရင်း
- လသတ - လေကြောင်းရန်ကာကွယ်ရေးသတိပေးတပ်ရင်း
- လဆရ - လေကြောင်းရန်ကာကွယ်ရေးဆက်သွယ်မှုတပ်ရင်း
တပ်ဖွဲ့/တပ်/တပ်ခွဲများ
- ပဆသ - ပင်မဆက်သွယ်ရေးအလုပ်ရုံ
- စခတ - စစ်အခြေခံလေ့ကျင့်ရေးတပ်
- ကထပ - ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးပစ္စည်းထိန်းတပ်
- မလတ - မိုးလေဝသတိုင်းတာရေးတပ်
- လဆသ - အလုပ်ရုံဆက်သွယ်ရေးတပ်
- အဆတ - အဆင့်မြင့်ဆက်သွယ်မှုယန္တရားတပ်
- နဓရ - နယ်လှည့်ဓာတ်မှန်ရိုက်ကူးရေးတပ်
- ဗပဆ - ဗဟိုပြည်သူ့ဆက်ဆံရေးတပ်
- ထပဆ - ထုတ်လုပ်ရေးနှင့် ပြည်သူ့ဆက်ဆံရေးတပ်
- တရသ - တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်
- တအလ - တပ်မတော်အသံထုတ်လွှင့်ရေးတပ်
- တကသ - တက္ကသိုလ်လေ့ကျင့်ရေးတပ်
- ဗဆတ - ဗဟိုဆေးတပ်
- ခဆလ - အခြေချဆေးသိုလှောင်ရေးတပ်
- တဆန - တပ်မတော်ဆေးသုတေသနတပ်
- ကရတ - ကျန်းမာရေးနှင့် ရောဂါနှိမ်နှင်းရေးတပ်
- လဆတ - အလုပ်ရုံဆေးတပ်
- ရဆလ - ရှေ့တန်းဆေးသိုလှောင်ရေးတပ်
- ဗတထ - ဗဟိုတပ်ထိန်းတပ်
- တထက - တပ်ထိန်းမှုခင်းဖော်ထုတ်ရေးအကူတပ်
- မပတ - မြေပုံထုတ်လုပ်ရေးတပ်
- ရပအ - ရှေ့တန်းပစ္စည်းထိန်းအင်ဂျင်နီယာတပ်
- ဆအတ - ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်
- ပထပ - ပင်မထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်
- ရထပ - ရှေ့တန်းအခြေချထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်
- ကစရ - ကြံစိုက်ပျိုးရေးတပ်
- သဆက - တပ်မတော်သွားဆေးကုဌာန
- ခယလ - အခြေချယန္တရားအင်ဂျင်နီယာအလုပ်ရုံ
- ဆသပခွဲ - ဆက်သွယ်ရေးပစ္စည်းထိန်းတပ်ခွဲ
- နပဆခွဲ - နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ
- တထခွဲ - တပ်ထိန်းတပ်ခွဲ
- ဆလအခွဲ - ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ
- စဆတ - စက်သုံးဆီထိန်းသိမ်းရေးတပ်ခွဲ
- တဆပ - တိရိစ္ဆာန်ဆေးကုပစ္စည်းထိန်းတပ်ခွဲ
- ထပခ - ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ခွဲ
- ဆလအစု - ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်စု