တပ်မတော်စစ်သမိုင်းပြတိုက် (ရန်ကုန်)

(တပ်မတော် စစ်သမိုင်းပြတိုက် မှ ပြန်ညွှန်းထားသည်)

စစ်သမိုင်းပြတိုက်သည် ဒဂုံမြို့နယ်ရွှေတိဂုံဘုရားလမ်းနှင့် ပန်တျာလမ်းထောင့်တွင် တည်ရှိပြီး အကျယ်အဝန်းအားဖြင့် ၈ ဒသမ ၇၂၄ ဧက ကျယ်ဝန်းသည်။ ၁၉၉၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် အဆောက်အအုံ ဆောက်လုပ်ရန် စတင် ပန္နက်ချခဲ့သည်။ စစ်သမိုင်းပြတိုက် အဆောက်အအုံပုံစံကို ဆောက်လုပ်ရေး လုပ်ငန်းမှ ပုံစံထုတ်ပေးခဲ့သည်။ စစ်သမိုင်းပြတိုက် အဆောက်အအုံ၏ တန်ဖိုးမှာ ကျပ်သိန်းပေါင်း ၄၁၀၉ ကျပ် ဖြစ်သည်။ စစ်သမိုင်းပြတိုက်ကို ၁၉၉၄ ခု၊ မတ်လ ၂၄ ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့သည်။ စစ်သမိုင်း ပြတိုက်သည် ၄၉ ကြိမ်မြောက် တပ်မတော်နေ့ပြပွဲစ၍ စတင်ခင်းကျင်း ပြသလာခဲ့သဖြင့် ယခုအခါ တပ်မတော်ဆိုင်ရာ ပြခန်းများသာမက ဝန်ကြီးဌာနများ၏ ပြခန်းများကိုပါ ပြသလျက်ရှိသည်။

တပ်မတော် မော်ကွန်းတိုက်ကို မူလက စစ်သမိုင်း ဌာနခွဲအဖြစ် ဖွဲ့စည်းစဉ်က ရုံး၏ တည်နေရာမှာ စစ်ရုံးအတွင်း၌ ဖြစ်သည်။ ၁၉၅၅ ခု၊ အောက်တိုဘာလ ၂၅ ရက်နေ့တွင် စတီးဝပ်လမ်းရှိ မြို့မကျောင်းသားဟောင်းများ အဆောက်အအုံသို့ ပြောင်းရွှေ့ပြီး ၁၉၅၅ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ‘တပ်မတော်မော်ကွန်းတိုက်’ အမည်သို့ ပြောင်းလဲခဲ့သည်။ တပ်မတော် မော်ကွန်းတိုက် အဆောက်အအုံကို ၁၉၇၅ ခု၊ ဧပြီလ ၂၁ ရက်နေ့တွင် အမှတ် ၄၀ ၊ ဦးဝိစာရလမ်းသို့ ပြောင်းရွှေ့လာခဲ့သည်။ ၁၉၉၀ ပြည့်နှစ်၊ မတ်လ ၁၆ ရက်နေ့တွင် တပ်မတော် မော်ကွန်းတိုက်မှူးရုံးအဖြစ် အမည်ပြောင်းလဲပြီး ရွှေတိဂုံဘုရားလမ်းနှင့် ပန်တျာလမ်းထောင့်ရှိ စစ်သမိုင်းပြတိုက် အဆောက်အအုံသစ်ကို ပြောင်းရွှေ့ခဲ့သည်။

စစ်သမိုင်းပြတိုက်နှင့် တပ်မတော် မော်ကွန်းတိုက် တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်မော်ကွန်းတိုက်မှူးများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • (၁) ဒုတိယဗိုလ်မှူးကြီး ဘသန်း( ၁၅-၆-၅၅ မှ ၁-၂-၅၉ ထိ)
  • (၂) ဒုတိယဗိုလ်မှူးကြီးမောင်ဘို( ၂-၂-၅၉ မှ ၂၅-၈-၆၄ ထိ)
  • (၃) ဒုတိယဗိုလ်မှူးကြီး မောင်လွင်( ၂၆-၈-၆၄ မှ ၉-၃-၇၃ ထိ)
  • (၄) ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်( ၁၀-၃-၇၃ မှ ၂၉ - ၄- ၇၅ ထိ)
  • (၅) ဒုတိယဗိုလ်မှူးကြီး လူမော်(၃၀-၄-၇၅ မှ ၂၉-၁၁-၇၆ ထိ)
  • (၆) ဒုတိယဗိုလ်မှူးကြီး စန်းလွင်(၃၀-၁၁-၇၆ မှ ၂၇-၄-၈၁ ထိ)
  • (၇) ဒုတိယဗိုလ်မှူးကြီးခင်မောင်ကြီး(၂၈-၄-၈၁ မှ ၂၀-၁၀-၈၁ ထိ)
  • (၈) ဒုတိယဗိုလ်မှူးကြီးလှကြည်(၂၁-၁၀-၈၁ မှ ၃၀-၉-၈၉ ထိ)
  • (၉) ဒုတိယဗိုလ်မှူးကြီးမျိုးမြင့်(၂၂-၁-၉၁ မှ ၈-၁-၉၁ ထိ)
  • (၁၀) ဒုတိယဗိုလ်ချုပ်ကြီးရဲထွဋ်(၉-၁-၉၁ မှ ၁၉၉၈ ) [၁]

အခြားကြည့်ရန် ပြင်ဆင်ရန်

ကျမ်းကိုးစာရင်း ပြင်ဆင်ရန်

  1. ဒဂုံမြို့နယ်၊ မော်ကွန်း ၁၉၉၈၊ ဇွန်လ စာ ၁၄၈၊ ၁၄၉။