ဒဂုံမြို့နယ်
ဒဂုံမြို့နယ်သည် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့လယ်နှင့်ကပ်လျက် မြောက်ဘက်ပိုင်းတွင် တည်ရှိသည်။ ရပ်ကွက်ပေါင်း (၅)ခုရှိသည်။
ဒဂုံမြို့နယ် | |
---|---|
ကျောက်တံတားခရိုင်အတွင်း တည်နေရာ | |
ရန်ကုန်မြို့အတွင်း တည်နေရာ | |
ဒဂုံမြို့နယ် တည်နေရာ၊ မြန်မာ။ | |
ကိုဩဒိနိတ်: 16°46′51″N 96°8′59″E / 16.78083°N 96.14972°Eကိုဩဒိနိတ်: 16°46′51″N 96°8′59″E / 16.78083°N 96.14972°E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | ရန်ကုန် |
ခရိုင် | ကျောက်တံတား |
စာပို့သင်္ကေတ | ၁၁၁၉၁ |
ရန်ကုန်မြို့တွင် အထင်ရှားဆုံးနေရာများဖြစ်သော ရွှေတိဂုံစေတီတော်၊ မဟာဝိဇယစေတီတော်၊ အမျိုးသားပြတိုက်၊ အမျိုးသားပြဇာတ်ရုံနှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တို့ သည် ဒဂုံမြို့နယ်တွင် တည်ရှိသည်။ ဤသို့ စည်ပင်ထွန်းကားသော အထင်ကရနေရာများကြောင့် ဒဂုံမြို့နယ်တွင် ဟိုတယ်များ၊ သံရုံးများနှင့် သံတမန်ဝန်ထမ်းအိမ်ရာများစွာ ပေါ်ပေါက်လာခဲ့သည်။ ဒဂုံမြို့နယ်တွင်ရှိသော အ.ထ.က(၁)ဒဂုံ နှင့် အ.ထ.က(၂)ဒဂုံတို့မှာ မြန်မာနိုင်ငံရှိ ထိပ်တန်းအထက်တန်းကျောင်းများ ဖြစ်သည်။
၂၀၁၁ခုနှစ် ဖေဖော်ဝါရီလ (၆)ရက်နေ့တွင် အထပ် ၁၅ထပ်ရှိ တော်ဝင်ဈေးဝယ်စင်တာနှင့် လူနေတိုက်ခန်းကြီးကို ဒဂုံမြို့နယ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။
သမိုင်းကြောင်း
ပြင်ဆင်ရန်ဒဂုံဆိုသည်မှာ ရွှေတိဂုံစေတီတော်အနီးရှိ မွန်ငါးဖမ်းရွာလေးဖြစ်ပြီး မွန်ဘာသာဖြင့် လဂုင်ဟု အမည်တွင်ခဲ့သည်။ သမိုင်းကြောင်းအရ ဤရွာလေးသည် ရန်ကုန်မြစ်တလျှောက်တွင် တည်ရှိသော စီးပွားရေးအရ အချက်အချာကျသော သန်လျင်မြို့၏ အစွန်အဖျားတွင်သာ ရှိခဲ့သည်။ သို့သော်လည်း ဒဂုံရွာလေးသည် ရွှေတိဂုံစေတီတော်ကြောင့် ယဉ်ကျေးမှုအရ ထင်ရှားကျော်ကြားခဲ့သည်။ ၁၇၅၅ ခုနှစ်တွင် အလောင်းမင်းတရားသည် ဒဂုံရွာကို သိမ်းပိုက်၍ ရန်အပေါင်းကို ကုန်စင်သော အထိမ်းအမှတ်အဖြစ် ရန်ကုန်ဟု သမုတ်ခဲ့သည်။ ထို့နောက် အခြားသော အလုံ၊ ပန်းဘဲတန်း၊ ကျောက်တံတားနှင့် ဗိုလ်တထောင်နယ်မြေများနှင့် ပေါင်း၍ မြို့ကြီးအဖြစ် တည်ထောင်ခဲ့သည်။
အင်္ဂလိပ်ကိုလိုနီလက်ထက်တွင် ဒဂုံမှာ မြို့လယ်ခေါင်နှင့် အနီးတဝိုက်တွင် ကျူးကျော်ရပ်ကွက်များဖြင့် ပြည့်နှက်နေသော်လည်း ဖွံ့ဖြိုးအတိုးတက်ဆုံးနယ်မြေဖြစ်ခဲ့သည်။ ၁၉၅၀နှစ်ပိုင်းတွင် ဗမာအစိုးရမှ မြို့နယ်တောင်ပိုင်းရှိ ကျူးကျော်ရပ်ကွက်များကို ရှင်းလင်းပြီး ဝါရင့်အစိုးရဝန်ထမ်းများအတွက် မင်းမနိုင်အိမ်ရာစီမံကိန်းကို တည်ဆောက်ခဲ့သည်။ ၁၉၈၀နှစ်ပိုင်းတွင် ထင်ရှားကျော်ကြားသော စေတီနောက်တစ်ဆူဖြစ်သော မဟာဝိဇယစေတီတော်ကို ဗိုလ်ချုပ်နေဝင်းမှ တည်ထားခဲ့သည်။
တည်နေရာနှင့် အကျယ်အဝန်း
ပြင်ဆင်ရန်ဒဂုံမြို့နယ်သည် ရန်ကုန်အနောက်ပိုင်းခရိုင်တွင် ပါဝင်ပြီး ရန်ကုန်မြို့၏ မြောက်လတ္တီတွဒ် (၁၆ ဒီဂရီ ၄၆ မိနစ် ၅၁ စက္ကန့်) နှင့် အရှေ့လောင်ဂျီတွဒ် (၉၇ ဒီဂရီ ၈ မိနစ် ၅၉ စက္ကန့်) အကြားတွင် တည်ရှိသည်။ ဒဂုံမြို့နယ်၏ အရှေ့ဘက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ တောင်ဘက်တွင် ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်မြို့နယ်နှင့် ထိစပ်လျက် ရှိသည်။ အနောက်ဘက်တွင် အလုံမြို့နယ်နှင့် ထိစပ်လျက် ရှိပြီး မြောက်ဘက်တွင် ဗဟန်းနှင့် စမ်းချောင်းမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျက် ရှိသည်။[၁]
အရှေ့မှ အနောက်သို့ (၀.၉၆) မိုင်နှင့် တောင်မှ မြောက်သို့ (၀.၉၉) မိုင် ရှည်လျားသည်။ ဒဂုံမြို့နယ်၏ အကျယ်အဝန်းမှာ ၁.၉၅၉ စတုရန်းမိုင် (၁,၂၅၄ ဧက) ဖြစ်သည်။[၁]
ထင်ရှားသော အဆောက်အဦးများ
ပြင်ဆင်ရန်ဒဂုံမြို့နယ်ရှိ အောက်ဖော်ပြပါအဆောက်အဦးများကို ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းထားသည်။
အမည် | အမျိုးအစား | လိပ်စာ | မှတ်ချက် |
---|---|---|---|
အ.ထ.က(၁)ဒဂုံ | ကျောင်း | ၅၇၊ အလံပြဘုရားလမ်း | (ယခင်) မက်သဒစ် အထက်တန်းကျောင်း |
အ.ထ.က(၂)ဒဂုံ | ကျောင်း | ၃၅၃၊ မြို့မကျောင်းလမ်း | (ယခင်) မြို့မအထက်တန်းကျောင်း |
ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲခန်းဌာန | ကျန်းမာရေးဌာန | ၃၅၊ မော်ကွန်းတိုက်လမ်း | |
သံတမန်ဝန်ထမ်းအိမ်ရာ | အိမ်ရာ | ၈၂၊ ပြည်ထောင်စုရိပ်သာလမ်းနှင့် ပြည်လမ်းထောင့် | |
အိမ်တော်ရာစေတီ | စေတီ | မြို့မကျောင်းလမ်း | |
ကျားကူးကျောင်းတိုက် | ဘုန်းကြီးကျောင်း | ၄၉၊ ရွှေတိဂုံဘုရားလမ်း | |
ရွှေတိဂုံစေတီတော် | စေတီ | ရွှေတိဂုံဘုရားလမ်း | |
မဟာဝိဇယစေတီတော် | စေတီ | ရွှေတိဂုံဘုရားလမ်း | |
စိန်ရောင်ခြည်စေတီ | စေတီ | ရွှေတိဂုံဘုရားလမ်း | |
မက်သဒစ် အင်္ဂလိပ် ခရစ်ယာန်ဘုရားရှိခိုးကျောင်း | ခရစ်ယာန်ဘုရားရှိခိုးကျောင်း | ၆၅၊ အလံပြဘုရားလမ်း | |
နိုင်ငံခြားရေးဝန်ကြီးဌာန | ရုံး | ၃၇၊ သံတမန်ရိပ်သာလမ်း | |
အမျိုးသားမော်ကွန်းတိုက် | ရုံး | ၁၁၄၊ ပြည်ထောင်စုရိပ်သာလမ်း | |
စိန့်ဂဘရီးရယ် ခရစ်ယာန်ဘုရားရှိခိုးကျောင်း | ခရစ်ယာန်ဘုရားရှိခိုးကျောင်း | ၆၄၊ ရွှေတိဂုံဘုရားလမ်း | |
စိန့်ဂျွန် ကက်သလစ် ခရစ်ယာန်ဘုရားရှိခိုးကျောင်း | ခရစ်ယာန်ဘုရားရှိခိုးကျောင်း | ၂၅၊ မော်ကွန်းတိုက်လမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့် | |
ရဟန္တာသိမ် | ဘုန်းကြီးကျောင်း | ရွှေတိဂုံဘုရားလမ်း | |
ဇဖာရှာဒါဂါ | ၆၊ ဇီဝကလမ်း |
ကိုးကား
ပြင်ဆင်ရန်ပြင်ပလင့်ခ်များ
ပြင်ဆင်ရန်- Yangon City Website Archived 2 October 2011 at the Wayback Machine.