တမာရွက်ချဉ်သည် တမာရွက်ကို အချဉ်ဖောက်ထားခြင်း ဖြစ်ပြီး၊ ထမင်းနှင့် တွဲစားနိုင်သော မြန်မာ့ ရိုးရာစားစရာ ဖြစ်သည်။ ရှေးမြန်မာ့ရိုးရာ တမာရွက်ချဉ် တည်နည်းကို ရှေးမြန်မာဘုရင်အဆက်ဆက်တို့ အသုံးတော်ခံ စားတော်ဆက်၊ စဖိုသည်တို့ ပြုစီမံခဲ့သည့် စားတော်ချက်ကျမ်းတွင် တွေ့ရသည်။ ယခုအခါ တမာရွက်ချဉ်ကို ပြုလုပ်စားသောက်လေ့ ရှိသူ၊ လုပ်တတ်သူ မရှိသလောက်ပင် ဖြစ်သည်။ အရသာခါးသက်သော တမာရွက်ဖြင့် အချဉ်တည်ရကောင်းမှန်းပင် မသိပေ။

အချဉ်တည်နည်း

ပြင်ဆင်ရန်

ကောင်းသော တမာပင်မှာ တမာရွက်နုနု ဥနှင့်စီစီကို အတန်အတန် လှလှ ညီညီစီ၍ ရေနွေးကျိုက်ကျိုက်ဆူတွင် နွမ်းရုံနှစ်၍ ဆယ်ပြီးလျှင် အေးအောင်ထား၊ ဇီးသီးကို အရည်ကျို၊ ထိုဇီးသီးရည်တွင် ဆားငန်ငန်ခတ်၍ တမာရွက်ကို မကျိုးမပဲ့ရအောင် အခက်မပျက်မစီး ဇီးသီးရည်, ဆားရည် ဝင်အောင်နယ်၊ အိုးသန့်သန့်တွင် ကြပ်ကြပ်ဖိသိပ်ပြီးလျှင် ဆားကို မများမနည်း ဖြူးလိုက်၊ ဖက်လုံလုံပိတ်၊ ကုပ်ကြပ်ကြပ်နှိပ်ပါ၊ တနှစ်ကျော်အောင် အထားခံလိမ့်မည်။ စားလိုသောအခါ ဇီးသီးကျိုရည်တွင် ငါးမြင်းရဉ်း၊ ငါးပတ်ငါးပိကောင်၊ ငရုတ်ကြက်သွန်၊ ဆီကျက်နှင့် ဖျော်၍ တမာရွက်ကို မကျိုးမပျက်စေရအောင် ဆိုခဲ့သော ရသာရည်များ၊ အဆာများ ဝင်အောင် သုပ်ရမည်။ အရသာ စားတွင်းကောင်းလှသည်၊ တယောက်လျှင် ၁၀ သားစီ, ၁၅ ကျပ်သားစီ ကုန်အောင် စားနိုင်သည်။ []

သခွားချဉ်

  1. (ပေမှ ကူးယူပုံနှိပ်ခြင်း) (၁၉၆၅ ခုနှစ်)။ စားတော်ချက်ကျမ်း။ ဟံသာဝတီပုံနှိပ်တိုက်။ p. ၄။ Unknown parameter |month= ignored (အကူအညီ); |year= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)